အမ်ဘီတီ-၂၀၀၀

ဝီကီပီးဒီးယား မှ
Al-Khalid
Al-Khalid tank on display at IDEAS 2012 held at Expo Center, Karachi, Pakistan in November, 2012.
အမျိုးအစားMain battle tank
မူလထုတ်လုပ်ရာPakistan / China
သုံးစွဲမှု မှတ်တမ်း
တာဝန်ထမ်းချိန်2001 – present
အသုံးပြုသူOperators
ထုတ်လုပ်မှု မှတ်တမ်း
ဒီဇိုင်းထုတ်သူNorinco
ဒီဇိုင်းထုတ်သည့်နေ့1993–1999
ထုတ်လုပ်သူNorinco (MBT-2000, Type 96-IIM)
Heavy Industries Taxila (Al Khalid, Al Khalid-1)[၁]
တစ်ခုချင်းတန်ဖိုး$4.7 million – $5.8 million USD in 2011
စတင်ထုတ်လုပ်သည့်နေ့2001 – 2014 (Al-Khalid) 2020 – present (Al-Khalid-1)
မျိုးကွဲများPakistani:
  • Al-Khalid
  • Al-Khalid I
  • Al-Khalid II (under development)

Chinese:

  • Type 90-IIM / MBT-2000
  • VT-1
  • VT-1A
  • VT-4 / MBT-3000
အသေးစိတ်အချက်အလက်
အလေးချိန်၄၆ t (၅၁ short ton)[၂]
အလျား၁၀.၀၇ m (၃၃ ft ၀ in)
အကျယ်၃.၅၀ m (၁၁ ft ၆ in)
အမြင့်၂.၄၀ m (၇ ft ၁၀ in)
မောင်းနှင်သူ3

သံချပ်ကာComposite armour, RHA, ERA[၃]
ပင်မ
လက်နက်
Al-Khalid: 125 mm smoothbore gun, 39 rounds
Al-Khalid I: 125 mm smoothbore gun, 49 rounds
အရံ
လက်နက်
Al-Khalid: 7.62 mm coaxial machine gun, 3000 rds
12.7 mm external AA machine gun, 500 rds[၂]
Al-Khalid I: 7.62 mm coaxial machine gun, 7,100 rds
12.7 mm external AA machine gun, 1,500 rds
အင်ဂျင်KMDB 6TD-2 6-cylinder diesel
၁,၂၀၀ hp (၈၉၀ kW)
ပါဝါ/အလေးချိန်26 hp/ton[၄]
ပို့လွှတ်မှု7 forward and 4 reverse gears, Semi-automatic
ဆိုင်းငံ့Torsion bar with hydraulic dampers
စစ်ဆင်နိုင်သည့်
အကွာအဝေး
၅၀၀ km (၃၁၀ mi) combat range[၅]
အရှိန်၇၂ km/h (၄၅ mph)[၅][၆]

အမ်ဘီတီ-၂၀၀၀ (အင်္ဂလိပ် : MBT-2000) ဟာ ၁၉၉၀ ခုနှစ်မှာ ပါကစ္စတန်နဲ့ တရုတ်တို့ ပူးတွဲတီထွင်ထုတ်လုပ်ခဲ့တဲ့ ပင်မတိုက်ပွဲဝင်တင့်ကား ဖြစ်ပါတယ်။ ပါကစ္စတန်က Al-Khalid လို့နာမည်ပေးပြီး၊ တရုတ်ပြည်တွင်းမှာ သုံးဖို့အတွက်က Type-90IIM ဖြစ်ပြီး၊ MBT-2000 ဆိုတာကတော့ အပြင်ထုတ်ကုန်ဖြစ်ပါတယ်။ ခေတ်မီပစ်ခတ်မှုထိန်းချုပ်စနစ်တွေ၊ ညတိုက်ပွဲဝင်ကိရိယာတွေ၊ အပူလှိုင်းရှာကိရိယာတွေ၊ လေဆာအကွာအဝေးတိုင်းစနစ်တွေ၊ လက်နက်တည်ငြိမ်မှုထိန်းစနစ်တွေအပါအဝင် အလိုအလျောက်ကျည်ဖြည့်စနစ်တွေ တပ်ဆင်ထားပါတယ်။ တင့်အဖွဲ့သား (၃) ဦးဝင်ဆံ့ပါတယ်။ ၎င်းရဲ့ ၁၂၅ မမ ပြောင်းချောအမြောက်ဟာ တင့်ဖျက်ကျည်အမျိုးမျိုးကို ပစ်ခတ်နိုင်သည့်အပြင် တင့်ဖျက်ပဲ့ထိန်းဒုံး (ATGM) တွေကိုလည်း ပစ်ခတ်နိုင်ပါတယ်။ အနောက်အုပ်စုရဲ့ ပင်မတိုက်ပွဲဝင်တင့်ကားတွေထက် ပိုမိုပေါ့ပါးပြီး၊ ပိုသေးပါတယ်။ ဆိုဗီယက်နဲ့ တရုတ်တင့်တွေရဲ့နည်းပညာတွေကို ပေါင်းစပ်ပြီး တရုတ်နိုင်ငံ၏ ပင်မတိုက်ပွဲဝင်တင့်ကား Type-90-II ပေါ်တွင် အခြေခံကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အခြားနိုင်ငံခြားတိုင်းပြည်များရဲ့ အင်ဂျင်နဲ့ ဂီယာတွေပါ တပ်ဆင်နိုင်အောင် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။

MBT-2000 ဟာ Hunter-Killer Capability ဆောင်ရွက်နိုင်တဲ့အတွက် မှတ်ပုံတင်ပြီးပစ်မှတ်ကို အမြှောက်တပ်သားမှ ချိန်ရွယ်ပစ်ခတ်နေစဉ်မှာပင် တင့်အဖွဲ့မှူးမှ နောက်ထပ်ပစ်မှတ်တစ်ခုကို သီးခြားရှာဖွေနိုင်ပါတယ်။ ပစ်မှတ်ရော မိမိပါ နှစ်ဦးစလုံး လှုပ်ရှားနေချိန် မှာပင် ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်နိုင်ပါတယ်။ ပစ်ခတ်မှုထိန်းချုပ်ရေး ကွန်ပြူတာစနစ်မှ ပစ်မှတ်၏ လားရာ၊ ရွေ့လျားနှုန်း၊ ချိန်ရွယ်ရမည့်နေရာ၊ ပစ်ခတ်ရမည့်အချိန် အစရှိသည်တို့ကို တစ်စက္ကန့်အောက်နည်းသည့် အချိန်အတွင်းမှာ အလွန်လျင်မြန်စွာ တွက်ချက်ပေးနိုင်ပါတယ်။ စမ်းသပ်မှုများအရ ပထမပစ်ခတ်သည့်အချက်မှာပင်လျှင် မီတာ ၂၀၀၀ အကွာအဝေးမှာရှိသည့် (၈)ပေအကျယ်ရှိပစ်မှတ်ကို တိကျစွာထိမှန်အောင် ပစ်ခတ်နိုင်ပါတယ်။ ဒါ့အပြင် IBMS (Integrated Battlefield Management System) ‘Rehbar’ လို့ခေါ်တဲ့ကိရိယာများကို တပ်ဆင်ထားပါတယ်။ ထို့ကြောင့် MBT-2000 ဟာ ၎င်းနှင့်အမျိုးအစားတူ Tank များနှင့်လည်းကောင်း၊ ပင်မဌာနချုပ်နှင့် လည်းကောင်း၊ မောင်းသူမဲ့လေယာဉ်များဖြင့်လည်းကောင်း ဆက်သွယ်၍ စစ်မြေပြင်သတင်းအချက်အလက်များကို ဝေငှရုံသာမက၊ ၎င်းစနစ်ပါ Flat Screen တွင် ကြည့်ရှုနိုင်သည့်အတွက် စစ်မြေပြင် အခြေအနေကို ဂိမ်းဆော့နေသလို Overview သိရှိနိုင်ပြီး ပူးတွဲစစ်ဆင်စေနိုင်မှာ ဖြစ်ပါတယ်။

တစ်နာရီ (၇၂)ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပြီး၊ တစ်နာရီ (၃၂)ကီလိုမီတာ အမြန်နှုန်းကို ၁၀ စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်။ ရေအနက် (၅)မီတာရှိရေပြင်ကို ဖြတ်သန်း မောင်းနှင်နိုင်ပြီး၊ ဂြိုဟ်တုလမ်းညွှန်စနစ်များလည်း တပ်ဆင် ထားပါတယ်။

တင့်အကာအကွယ်များ[ပြင်ဆင်ရန်]

Leopard2 များကဲ့သို့ Modular Composite Armour, ERA (Explosive Reactive Armour)၊ နျူ နဲ့ ဓာတု၊ ဇီဝလက်နက်အကာအကွယ်များ၊ အပူလှိုင်းရှာဒုံးများရန်မှ ကာကွယ်ရန်မီးခိုးပူထုတ်လုပ်ကိရိယာများ အပြင်အခြား ပေါက်ကွဲမှုထိန်းချုပ်ရေး၊ မီးငြိမ်းသတ်ရေးကိရိယာများလည်း တပ်ဆင်ထားပါတယ်။ LTS-1 Laser Threat Warning System ကိုတပ်ဆင်ထားသဖြင့် မိမိတင့်ကားပတ်လည် ၃၆၀ ဒီဂရီမှ အန္တရာယ်ကို ထောက်လှမ်းသိရှိနိုင်ပါတယ်။ ၎င်းစနစ်ဟာ အဝေးဆုံး (၁၀)ကီလိုမီတာအကွာက အခြားတင့်ကားများ၊ လေဆာပဲ့ထိန်း ဒုံးစနစ်များမှ လေဆာအကွာအဝေးတိုင်းစနစ်၊ လေဆာပစ်မှတ်မှတ်ပုံတင်စနစ်တို့ကို ထောက်လှမ်းသိရှိနိုင်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် Alarm များမြည်စေ၍သတိပေးခြင်း၊ မီးခိုးမှိုင်းကာချစနစ်ကိုပြုလုပ်ခြင်းနှင့် အခြားတန်ပြန် ကာကွယ်ရေး ကိရိယာများကိုပါ အလိုအလျောက်ဖွင့်လှစ်လုပ်ဆောင် ပေးပါတယ်။ မိမိကို ချိန်ရွယ်ထားသည့် ရန်သူ့တင့်ကား၊ ဒုံးပစ်လောင်ချာ တို့၏တည်နေရာကို တိကျစွာ ဖော်ပြပေးနိုင်ပါတယ်။ အဓိကလိုနေတာကတော့ ECM မပါတာပါပဲ။

ကိုးကားချက်[ပြင်ဆင်ရန်]

https://myanmarmilitary.wordpress.com/2013/08/18/mbt-2000-5-8-mil/

  1. Ali Osman (10 November 2015)။ Pakistan's tool of war: Al-Khalid Main Battle Tank – the armoured fist။ 7 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2021 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ARG။ Al Khalid Main Battle Tank။ Military-Today.com website။ 8 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2021 တွင် ပြန်စစ်ပြီး။
  3. Farhan Bokhari (13 March 2006)။ Saudi Arabia to trial Al Khalid MBT။ Jane's Defence Weekly website။ 3 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2021 တွင် ပြန်စစ်ပြီး။
  4. Lodi၊ Sardar F.S. (August 2001)။ Towards Self-reliance in ArmamentsDefence Journal။ 8 November 2001 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. ၅.၀ ၅.၁ Type 90-II (MBT-2000) Main Battle Tank။ Sino Defence။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2021 တွင် ပြန်စစ်ပြီး။
  6. Saadia Qamar။ "High demand of 'Al-Khalid' tank in modern warfare"၊ The Nation (Pakistani newspaper)၊ 6 September 2009။