Yahoo! BOSS

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Yahoo ရဲ့ BOSS ကို မြင်ဖူးကြမလား မသိဘူး။ ကျွန်တော် ဆိုလိုတဲ့ BOSS ကလူမဟုတ်ပါဘူး Yahoo! က မနေ့တစ်နေ့ ကတင် ကြေညာလိုက်တဲ့ Application Interface တစ်ခုဖြစ်ပါတယ်။

Yahoo! BOSS (Build Your Own Search Service) ဟာ Web Service တစ်ခုဖြစ်ပြီး Developer နဲ့ Companies တွေ အနေနဲ့ Yahoo! ရဲ့ Search Engine မှာ သုံးတဲ့ နည်းပညာ တွေကို သုံးပြီး လိုသလို ပြုပြင် ဆင့်ပွား ဖန်တီးထားတဲ့ (Web-Scale) Search Engine တွေကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ [Web-Scale ဆိုသည်မှာ ကွန်ပြူတာပေါင်းထောင်သောင်း အရေအတွက်ကို သာမက အင်တာနက်ကြီး တစ်ခုလုံးစာ အတွက် ရှာဖွေ နိုင်ခြင်းကိုဆိုလိုသည်။] သာမန် အဖွဲ့ အစည်းတစ်ခုအတွက် Web-Scale Search Engine တစ်ခုကို ဖန်တီးပြီး ရေရှည် ထိန်းသိမ်း နိုင်ဖို့ အလွန်ခက်ခဲလှပါတယ်။

Yahoo! BOSS ဟာ Yahoo! ရဲ့ Search Index တွေအားလုံးကို programmatically ဝင်ရောက်ရှာ ဖွေနိုင်တဲ့ Application Interface (API) ဖြစ်ပါတယ်။ Developer တွေ အနေနဲ့ လည်း Yahoo! ရဲ့ အဆင့်မီ Search နည်းပညာ တွေကို သုံး၊ မိမိပိုင်ဆိုင်တဲ့ Information တွေထည့်ပေါင်းကာ (Customized) Search Engine ကို ဖန်တီးနိုင်ပါတယ်။ ဒါဟာ တချို့ company တွေရဲ့ Search Engine မဖန်တီးနိုင် မှုအခက်ခဲ ကြောင့် နှောင့်နှေး နေတာတွေကို ကျော်လွှား စေနိုင်ပါတယ်။

ယခုလက်ရှိ BOSS ကိုသုံးပြီး......

၁။ ။ Ability to re-rank and blend results ----- Search Result တွေရဲ့ အစဉ်အလိုက်ကို ကိုယ်ရဲ့ ဝန်ဆောင်မှုနဲ့ လိုက်ဖက်မှု အလိုက်၊ Content တွေကို ထည့်ပြီး ပြုပြင် နိုင်ပါတယ်။

၂။ ။ Total flexibility on presentation ------ Seach Result တွေကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ လွတ်လပ်စွား ဖော်ပြနိုင်ပါတယ်။ (Google Ads မှာထက် ပိုပြီး ပြုပြင်နိုင်ပါတယ်။)

၃။ ။ BOSS Mashup Framework ----- Python Library နဲ့ UI Template တွေကို မကြာမီ ထုတ်ဝေတော့မှာ ဖြစ်ပြီး၊ Developer တွေအနေနဲ့ Search Result တွေနဲ့ အခြား public data source တွေကို ရောထွေးနိုင်ပါမယ်။

၄။ ။ Web, news and image search ----- အခု စစ ခြင်းမှာ Developer တွေ အနေနဲ့ Web, News နဲ့ Image တွေကို ရှာဖွေနိုင်ပါတယ်။ နောက်ပိုင်းမှာ တခြား အပိုင်း တွေကို်လည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

၅။ ။ Unlimited queries ------ တစ်ရက်မှာ ဘယ်နှစ်ခါ ရှာဖွေနိုင်တယ်ဆိုတဲ့ အကန့်အသတ်များမရှိပါဘူး။

လိုရင်းလောက်ပဲ ဘာသာပြန် တင်ပြလိုက်ပါသည်။ အသေးစိတ်ကို http://www.ysearchblog.com/archives/000599.html Archived 5 December 2008 at the Wayback Machine. မှာ ဖတ်ရှုနိုင်သည်။ Yahoo! BOSS နဲ့ Google Custom Search တို့ရဲ့ ကွာခြားချက်တွေ ကိုရှာဖွေပဦးမည်။