ရေဆင်းတက္ကသိုလ်များ

ဝီကီပီးဒီးယား မှ

ရေဆင်းတက္ကသိုလ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ရေဆင်းရွာအနီးတွင် ရေဆင်းဆည်နှင့် ကပ်လျှက် တည်ရှိသည်။ ပျဉ်းမနားမြို့ အရှေ့မြောက်ဘက် ၁ဝမိုင်ခန့် အကွာတွင်ရှိသော ရေဆင်းသည် စိုက်ပျိုးရေးတက္ကသိုလ်သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန၊ သစ်တောသုတေသန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ဖြင့် ဖွဲ့စည်းထားသော သီးခြားမြို့လေးပမာ တည်ရှိသည်။ အနီးအနားရှိ ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် တပ်ကုန်း အကျဉ်းစခန်း စီမံကိန်းတို့ကလည်း ရေဆင်းတက္ကသိုလ်များကို ပိုပြီး သီးခြားဆန်စေသည်။

စိုက်ပျိုးရေး တက္ကသိုလ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)

သမိုင်း[ပြင်ဆင်ရန်]

ဗြိတိသျှ အုပ်ချုပ်မှုကာလ ၁၈၉ဝ ခုနှစ်မှစတင်၍ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ရှမ်းလမ်းတွင် တိရစ္ဆာန်ဆေးကုအကူသင်တန်းကျောင်း (Veterinary Assistant Training School ) ကို ဖွင့်လှစ်ခဲ့သည်။ နှစ်နှစ်သင်တန်းဖြစ်ပြီး ၁၉၂ဝ ပြည့်နှစ်အရောက်တွင် နိုင်ငံခြားသားဆရာများဖြစ်သည့် ကြီးကြပ်ရေး တိရစ္ဆာန်ဆေးကုဆရာဝန် ၅ ဦးနှင့် နည်းပြ တိရစ္ဆာန်ဆေးကုဆရာဝန် ၁၂ ဦး ဖြင့် အဆင့်မြှင့်တင်ခဲ့သည်။ မြန်မာလူမျိုး ဦးဖေသန်းသည် Bengal Veterinary College မှ ဘွဲရရှိခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် မြန်မာလူမျိုး ပထမဆုံး ကြီးကြပ်ရေး တိ-ကု ဆရာဝန်အဖြစ် ယင်းကောလိပ်၌ ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၂၅ခုနှစ် ဖေဖော်ဝါရီလ တွင် ဘုရင်ခံ Governor Sir Harcourt Butler မှ ယခု အင်းစိန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး) တည်ရှိရာ အဆောက်အဦး ကို အုတ်မြစ်ချ၍ ၁၉၃၁ ခုနှစ်တွင် ယခင်နှစ်နှစ်သင်တန်းမှ သုံးနှစ်သင်တန်းသို့ အဆင့်မြှင့်သင်ကြားခဲ့ကြရသည်။

သစ်တော တက္ကသိုလ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရေဆင်းသစ်တောတက္ကသိုလ်