Southern rock

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Souther rock သည် rock ဂီတ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး Americana ဂီတအမျိုးအစားဖြစ်သည်။ Southern United States မှ rock and roll, country music နှင့် blues တို့နှင့်အတူ တိုးတက်လာပြီး လျှပ်စစ်ဂီတနှင့် အဆိုကို အာရုံစိုက်ထားသည်။ Southern rock ၏မူရင်းကို မသိသော်လည်း rock and roll ၏ ဖွံ့ဖြိုးတိုးတက်မှုကို ခံစားသိရှိကြသည်။ Southern rock ၏ ပထမလှုပ်ရှားမှု အနုပညာရှင်များမှာ Barefoot Jerry နှင့် Charlie Daniels တို့ဖြစ်သည်။ ၁၉၇၀ အစောပိုင်းတွင် hard rock southern အုပ်စုများ ပေါ်လာသည်။ သူတို့၏ဂီတသည် boogie rhythmsနှင့်လျင်မြန်သော ဂီတနှင့်စာသားများကို အသားပေးထားသည်။ outlaw country လှုပ်ရှားမှုနှင့် မတူပဲ အလုပ်သမားလူတန်းစားကို အလေးထားသည်။ The Marshall Tucker Band, Lynyrd Skynyrd, Molly Hatchiet, Outlaws, Atanta Rhythm အပိုင်းနှင့် Blackfoot တို့ပါဝင်သည်။ Drivin N Crying, Dash Rip Rock နှင့် Kentucky Headhunter စသော တီးဝိုင်းများ ၁၉၈၀နှင့် ၁၉၉၀ အတောအတွင်းတွင် Southeastern United States မှ ပေါ်ထွက်လာ သည်။ The Geogia Satellites သည် ၁၉၈၀နောက်ပိုင်းတွင် လူကြိုက်များလာခဲ့သည်။ တောင်ပိုင်းမှ rock အုပ်စုတချို့သည် Tom Petty and Heartbreakers, Stevie Ray Vaughan နှင့် The Fabulous Thunderbirds တို့တောင်ပိုင်းဂီတဆိုင်ရာစာသားများကို ပေါင်းစပ်ခဲ့သည်။ ၁၉၉၀ တွင် Southern rock တွင် metal များ လွှမ်းမိုးလာခဲ့သည်။ ၂၀၀၁တွင် Kid Rock rock/rapper များမှ တောင်ပိုင်း rocker/country အဆိုတော်များကို လွှမ်းမိုးခဲ့သည်။ Southern rock သည် အမေရိကန်မှ လွှင့်တင်ခဲ့သည်။ သို့သော် classic rock ဌာနများမှ ဖြစ်သည်။ ဖြည့်စွက်ချက်အနေဖြင့် alternative rock အုပ်စုများဖြစ်သော Kings of Leon southern rock နှင့် garage rock, alt-country နှင့် blues rock တို့ပေါင်းစပ်ခဲ့သည်။ များစွာသော အစောပိုင်း၁၉၅၀ hard rock , Southern rock အုပ်စုများ ယနေ့တိုင်ဖျော်ဖြေလျက်ရှိသည်။ Lynyrd Skyny, ZZ Top နှင့် Canned Heat တို့ပါရှိသည်။

၁၉၅၀နှင့် ၁၉၆၀မူရင်း[ပြင်ဆင်ရန်]

Rock ဂီတ၏ မူရင်းသည် အမေရိကန်တောင်ပိုင်းဂီတအပေါ်တွင် တည်ရှိသည်။ ၁၉၅၀ဝန်းကျင် rock and roll မှ များသော ကြယ်ပွင့်များမှာ Bo Diddley, Elvis Presley, Little Richard, Buddy Holly, Fats Domino နှင့် Jerry Lee Lewis ပါဝင်သည်။ မည်သို့ပင်ဆိုစေ British Invasion နှင့် Folk rock psychedelic rock တို့သည် ၁၉၆၀ အလယ်မှ စတင်ခဲ့ပြီး Liverpool, London, Los Angeles, New York City နှင့် San Fransico ကဲ့သို့မြို့များမှ rock ဂီတသစ် ပေါ်ထွက်လာသည်။ ၁၉၆၀အစောပိုင်းတွင် blues-rocker Lonnie Mack သည် blue နှင့် country ဂီတအမျိုးအစားများကို rock ဂီတ၏ဖွဲ့စည်းမှုနှင့် ပေါင်းစပ်ခဲ့သည်။ ထိုမှတ်တမ်းများကို southern rock ဟုလည်း ခေါ်သည်။ ၁၉၆၀နောက်ပိုင်းတွင် Blues rock တီးဝိုင်းများဖြစ်သော Canned Heat, Creedence Clearwater Revival နှင့် The Band တို့သည် Southern blues, boogie နှင့် country ဂီတများလွှမ်းမိုးခဲ့သည်။

၁၉၇၀ကျော်ကြားမှုထိပ်ဆုံးသို့ ရောက်ရှိခြင်း[ပြင်ဆင်ရန်]

The Allman Brothers Band သည် Macon, Georgia တွင် စတင်ခဲ့ပြီး ၁၉၆၉တွင် ပွဲဦးထွက် album ထွက်လာပြီး နောက်လိုက်များရရှိခဲ့သည်။ သူတို့၏ blues rock ကို Jazz နှင့် classical ဂီတနှင့် ပေါင်းစပ်ခဲ့သည်။ အခြားတစ်ဖက်တွင် country နှင့် folk ၏အစိတ်အပိုင်းများကို ပေါင်းစပ်ခဲ့ သည်။ blues ဂီတနှင့် rock and roll သည် တောင်ပိုင်းတွင် တီထွင်ခဲ့သည်။ Gregg Allman Souther rock သို့မဟုတ် rock rock ဟု ရှင်းပြခဲ့သည်။ The Allman Brother သည် Capricorn Records တွင် လက်မှတ်ရေးထိုးခဲ့သည်။ small Macon label ကို ကြီးကြပ်စီမံသူ (Altlantic Records) မှ Frank Fenter နှင့် Phil Walden ကဦးဆောင်၍ တည်ထောင်ခဲ့သည်။ Capricorn မှ တစ်ခြားမှတ်တမ်းများတွင် Marshall Tucker Band (Spartanburg, South Carolina, Wet Willie နှင့် Elvin Bishop Band မှ Georgia တို့ပါဝင်သည်။ Southern rock အနုပညာရှင်လုပ်ရပ်မှ Barefool Jerry Charlie Daniels နှင့် novelty သီချင်းသည် Southern rock အသိအမှတ်ပြုခဲ့သည်။ တစ်နှစ်အစောပိုင်းတွင် Daniels သည် Volunteer Jam (southern rock ဖျော်ဖြေပွဲ) ကို ကျင်းပခဲ့သည်။ Duane Allman သည် Hour Glass album များတီးခတ်ခဲ့သည်။ Hour Glass ဆွေးနွေးပွဲများကို ၁၉၆၈ အစောပိုင်းတွင် FAME studio ကို Muscle Shoals, Alabama တွင်ပြုလုပ်ခဲ့ သည်။ နိုဝင်ဘာ ၁၉၆၈တွင် Allman သည် Wilson Pickett နှင့်အတူ ငှားရမ်းခဲ့သည်။ Allman ၏ အလုပ်ကို Hey Jude (၁၉၆၈) ပါဝင်ခဲ့ပြီး Muscle Shoak တွင် အချိန်ပြည့် ဆွေးနွေးခဲ့ပြီး အခြားဂီတသမားများကို အလေးဂရုစိုက်စေခဲ့သည်။ Southern Rock ဟုလူသိများလာပြီး သူတို့၏ကိုယ်ပိုင်ပုံစံများကို bandmate Dickey Belts, Rory Gallagher, Derek Trucks နှင့် Gary Rossington စသော ဂီတသမားများပါဝင်ခဲ့သည်။ ၁၉၇၀အစောပိုင်းတွင် အခြား hard rock တောင်ပိုင်းအုပ်စုများ ပေါ်ထွက်လာခဲ့သည်။ ဗြိတိန် rock ဂီတများလွှမ်းမို်းခဲ့သည်။ Rolling Stones မှ Keith Richards ၏သီချင်းများပါဝင်ခဲ့သည်။ အထူးသဖြင့် Can’t You Hear Me Knocking ၏ riff များနှင့် ဂီတသမား Pauk Kossoff ၏ power chords နှင့် soloများသည် “Alright Now” သီချင်းများတွင်ပါရှိသည်။ ဂီတာသမား Robin Trower ၏ classic riff များသည် Procol Harum ၏ Whiskey Train တွင် ပါဝင်သည်။ တောင်ပိုင်းအုပ်စု၏ဂီတ သည် boogie rhythms နှင့် မြန်ဆန်သော ဂီတာဦးဆောင်များနှင့် တောင်ပိုင်းအလုပ်သမား လူရွယ်များအကြောင်းပါရှိသည်။ Jacksonville မှ Lynyrd Skynyrd သည် “ဦးဆောင်အဆိုတော် Ronnie Van Zant ၏ သေဆုံးခြင်းမတိုင်မီ ဤအမျိုးအစား Florida တွင် လွှမ်းမိုးခဲ့သည်။ အခြားအဖွဲ့ဝင်များသည် ၁၉၇၇ လေယဉ်ပျက်ကျမှုတါင် ပါဝင်ခဲ့သည်။ လေယဉ်ပျက်ကျပြီး နောက်အဖွဲ့ဝင် Allen Colliasနှင့် Gary Rossington တို့သည် The Rossington-collins Band ကို စတင်ခဲ့သည်။ Ozark Mountain Daredevils, Molly Hatchet, Blackfoot, Point Blank, Oak Arkansas နှင့် Edger Winte အုပ်စုသည် ဤအမျိုးအစားထဲတွင် အောင်မြင်ခဲ့သည်။ Altanta Rhythm Sectionနှင့် Amazing Rhythm Aces တို့သည် vocal harmonyများကို အာရုံစိုက်လာခဲ့သည်။ Louisiana မှ Le Roux သည် arena rock ပေါ်တွင် တောင်ပိုင်း boogie များလွှမ်းမိုးခဲ့သည်။ Dixie Dregs နှင့် Allman သည် Jazz ပေါင်းစပ်ခြင်းကို စူးစမ်းလေ့လာခဲ့သည်။ Southern rock ထိပ်ဆုံးသို့ရောက်ချိန်၌ Jimmy Carter ၏ ၁၉၈၀ campaign for the presidency တွင် ပါဝင်ခဲ့သည်။


၁၉၈၀နှင့် ၁၉၉၀ ဆက်လက်လွှမ်းမိုးလာခြင်း[ပြင်ဆင်ရန်]

၁၉၈၀အစတွင် southern rock ပုံရိပ်များဖြစ်သော Allman Brothers နှင့် Lynyrd Skynrd တို့ ရပ်နားခဲ့ပြီး Capricorn Records သည် အကြွေးတင်ခဲ့သည်။ rock အများစုသည် ဤအမျိုးအစားများသည် arena rock နှင့် ပေါင်းစပ်ခဲ့သည်။ MTV တွင် new wave, R&B နှင့် glam metal များမြင့်တက်လာမှုနှင့်အတူ အရပ်ဒေသများတွင် southern rock အုပ်စုများ ပွဲများ၍ ရှင်သန်လာခဲ့သည်။ တီးဝိုင်းများဖြစ်သော Molly hatchet, Outlaws, Drivin N Cryin, Confederate Railroad, Dash Rip Rock နှင့် Kentuck HeadHunters ၁၉၈၀နှင့် ၁၉၉၀အတောအတွင်း အမေရိကန် အရှေ့တောင်ပိုင်းကို ဖြတ်သန်း၍ ပေါ်ထွက်လာခဲ့သည်။ The Georgia Satellites သည် ၁၉၈၀အလယ်မှ နောက်ပို်င်းတွင် ကျော်ကြားခဲ့သည်။ ၁၉၉၀အတောအတွင်းတွင် Allman Brothers ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြင်းထန်သောခရီး စဉ်များနှင့် မှတ်တမ်းများ အထင်အရှားရှိလာခဲ့သည်။ jam band သည် ပြန်လည်ရှင်သန်လာပြီး ဂီတကို ကြံစည်တီထွင်လာခဲ့သည်။ hard rock အုပ်စုများသည် southern rcok ကိုထိတွေ့ခဲ့ပြီး Jackyl တီးဝိုင်းသည် ပြန်လည်ဖွဲ့စည်းခဲ့ပြီး southern rock ကို စိတ်ဝင်စားလာခဲ့သည်။ Classic Rock ရေဒီယို် ဌနာများသည် ၁၉၇၀အလုပ်များမှ ထုတ်လွင့်ခဲ့သည်။ Charlie Daniels ၏ အပျော်တမ်းဖျော် ဖြေခဲ့သည်။ Phil Walden သည် Capricorn မှတ်တမ်း အကြွေတင်ခြင်းမှ ကယ်တင်ခဲ့သည်။ Capricom နိဂုံးသည် အရင် Wet Wille မှဦးဆောင်သူ Jimmy Hall ကြိုးစားမှုကြောင့် Rendezvous With the Blue ဟု အမည်ပြောင်ခဲ့သည်။ တောင်ပိုင်းမှ အချို့rock အုပ်စုများဖြစ်သော Georgia မှ R.E.M, The B-52 မှ Widespread-Panic နှင့် Blank Crowers, Florida မှ Tom Petty and Heartbreaker နှင့် Sister Hazel, Blind Melon မှ Mississppian lead ဂီတာသမား Rogers Stevens နှင့် Texas မှ Stevie Ray Vaughan, The Fabulous Thunderbirds နှင့် Joe Ely တို့သည် တောင်ပိုင်းဂီတဆိုင်ရာ အကြောင်းအရာများကို မကွယ်မထောက်ပဲ ပေါင်းစပ်ခဲ့သည်။ R.E.M မှ Fables of the Reconstruction ကို ဆွေးနွေးခဲသည်။ ၁၉၉၀တွင် southern rock ၏လွှမ်းမို်းမှုသည် metal နှင့် ဆက်စပ်နေကြောင်းတွေ့ရသည်။ အမေရိကန်မှ ကွဲပြားသော တီးဝိုင်းများဖြစ်သော Eyehategad, Acid Bath, Soilent Green, Corrosion of Conformity နှင့် Down တို့သည် Black Sabbath metal ပုံစံများရောနှောနေသည်။ hardcore punkနှင့် southern rock ရောနှောထားပြီး sludge metal ဟုလည်းခေါ်သည်။ အမှတ်ရစရာ sludge metal တီးဝိုင်းများမှာ အရှေ့တောင်ပို်င်းမှဖြစ်သည်။ တီးဝိုင်းအများစုသည် mainstream မှ ကျော်ကြားမှု လျော့နည်းလာခဲ့သည်။ Maylene and the Sons of Disaster, Pumpjacks, Black Label Society နှင့် Hellyeah တို့ပါဝင်သည်။


၂၀၀၀ခုနှစ်မှ လက်ရှိ[ပြင်ဆင်ရန်]

၂၀၀၁တွင် Kid rock မှ hard metal rapper မှ southern rocker/country အဆိုရှင်များစုစည်းထားသော cocky album ထွက်လာခဲ့သည်။ သူ၏နောက် studio album နှစ်ခုမှာ ၂၀၀၃ခုနှစ်၏ Kid Rock နှင့် ၂၀၀၇ခုနှစ်၏ Rock N Roll Jesus album ထွက်လာခဲ့သည်။ အဓိကအားဖြင့် Southern rock jam နှင့် country –tinged သီချင်းများထွက်လာခဲ့သည်။ သူ၏ ၂၀၀၈ single သီချင်း “All Summer Long” သည် သူ၏အကြီးအကျယ်ဆုံးရိုက်ခတ်ခဲ့သည်။ Allman Brother မှ Dickey Belts သည် Kid Rock နှင့် ဆက်သွယ်ခဲ့ပြီး ၂၀၀၈ခုနှစ် Rock N Roll Revival ခရီးစဉ်နှင့် Lynyrd Skynyrd ကို သူအတွက် လမ်းဖွင့်ခဲ့သည်။ ၂၀၀၉တွင် ထိုနာမည်နှင့် ပြန်လည်စီစဉ်ခဲ့သည်။ rap သို့ metal ပုံစံများမပါဝင်ပေ။ သူသည် Rebel Soul (၂၀၁၂) နှင့် First Kiss (၂၀၁၅) album များနှင့် southern rock ကို ချန်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် အဆိုရှင် Bo Biceသည် American Idol Television တွင် Allman ၏ Whipping Post နှင့် southern rock အကြောင်းနှင့် ပေါ်ပေါက်လာပုံကို ရှင်းပြခဲ့သည်။ နောက်ပိုင်းတွင် Skynurd ၏ Free Bird သီချင်းနှင့် Skynyrd နှင့် စတိတ်စင်ပေါ်တွင် ဖျော်ဖြေခဲ့သည်။ ၂၀၀ရနောက်ပိုင်းတွင် Bo Bice သည် southern rock အနုပညာရှင် Jimmy Hall (vocals/sax/harmonica) Henry Paul (vocal/guitar/ mandolin) Steve Gorman (drum) Dangerous Dan Toler (guitar) ၊ Reese Wynans (keyboard)၊ Mike Brignardello (bass) Jay Boy Adams (guitar) တို့သည် Brothers of the Southboard တွင် မှတ်တမ်းတင်ခဲ့သည်။ Southern rock ကို အမေရိကန်တွင် ရေဒီယိုလွင့်တင်ခဲ့သည်။ သို့သော်များသောအားဖြင့် ရေဒီယိုဌာနဟောင်းများတွင်ဖြစ်သည်။ ဂီတကို ရေဒီယိုအနည်းစုတွင် လွင့်တင်ခဲ့သော်လည်း Lynyrd Skynyrd နှင့် the Allman Brothers တို့ဖြစ်ပြီး အရွယ်အစားကြီးမားသော လူအုပ်များတွင် ဖျော်ဖြေခဲ့ သော်လည်း တီးဝိုင်းဟောင်းများ၏နောက်တွင် ကျန်ရစ်ခဲ့သည်။ Post-grunge တီးဝိုင်းများဖြစ်သော Shinedown, Saving Abel, Pre) Thing, Nickelback, Saliva, 3 Doors Down, 12 Stones, Default, Black Stone Cherry နှင့် Theory of a Deadman တို့သည် သူတို့၏သီချင်းများနှင့် Southern rock classics ပြန်ဆိုတေးများဖြစ်သော Simple Manနှင့် Tuesday’s Gone ကို သူတို့၏ Garage Inc တွင် ပြန်ဆိုခဲ့သည်။ Blues rock/ stoner rock တီးဝိုင်း Five Horse Johnson ၏သီချင်းများတွင် Southern rock လွှမ်းမိုးခဲ့သည်။ ထို့ပြင် alternative rock အုပ်စုများဖြစ်သော Drive-By Truckers, The Bottle Rockets, Black Crowes, Band of Horses, My Morning Jacket, State Line Mob, The Steepwater Band, Greasy Grapes, Zach Williams & The Reformation နှင့် King of Leon တို့သည် southern rock ကို garage rock, alt-country နှင့် blues rock ကို ပေါင်စပ်ခဲ့သည်။ ပုံစံဟောင်းဖြစ်သော southern rock သည် country ဂီတအမျိုးအစားသို့ပြောင်းလဲခဲ့သည်။ outlaw country နှင့် လတ်တလောနှစ်များတွင် တည်ထောင်ခဲ့သည်။ southern rock လွှမ်းမိုးမှုကို metal နှင့် hardcore punk အမျိုးအစားတွင် တွေ့ရှိနိုင်သည်။ Maylene and the Sons of Disaster, Rebel Meets Rebel, He is Legend, Nashville Pussy, The Showdown, Alabama Thunderpussy, Every Time I Die, Cancer Bats, Clutch, Once Nothing, Memphis May Fire, Acid Bathနှင့် Down တို့တွင် တွေ့ရှိနိုင်သည်။ ၁၉၇၀အစောပိုင်းတွင် hard rock southern rock အုပ်စုများသည် ၂၀၁၁ခုနှစ်တိုင်အောင် ဖျော်ဖြေကြသည်။ Altanta Rhythm Section (ARS), Marshall Tucker, Molly Hatchet, Oulaws, Gregg Allman, Allman Brothers Band, Lynyrd Skynyrd, ZZ Top, Canned Heat, Black Oak Arkansas, Blackfoot, 38 Specialနှင့် Dickey Belts, တို့ပါဝင်သည်။ အုပ်စုသစ်များဖြစ်သော Dixie Witch, Blackberry Smoke, Gator Country, Widespread Panic, The Black Crowes, Gov’t Mule, Southern Rock Allstars, The Derek Trucks တီးဝိုင်း, Alligator Stew, The Young Brothers တို့ပါဝင်သည်။ Sons of Anarchy တီးဝိုင်းသည် southern rock ကို ဆက်လက်ပြုလုပ်ခဲ့သည်။ ၂၀၀၀ခုနှစ်မှ စာအုပ်အများစုသည် southern rock ၏ သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားခဲ့သည်။ Randy Poe ၏ Skydog – The Duane Allman Story, Gene Odom ၏ Lynyrd Skynyrd: Remembering the Free Birds of Southern Rock and Rolling Stone နှင့် စာရေးဆရာ Mark Kemp ၏ Dixie Lullaby, A Story of Music, Race & New Beggings in a New South တို့ဖြစ်သည်။ Turn it Up ကို Ron Eckerman ကထုတ်လုပ်ခဲ့ပြီး၊ (Lynyrd Skynyrd ၏ မန်နေဂျာ) လေယဉ်ပျက်မှုတွင်သေဆုံးခဲ့သည်။ တီးဝိုင်းသစ်များဖြစ်သော The Dead String Brothers, FiFth on the Floor နှင့် Whitey Morgan and the 78 တို့သည် Southern rock သံစဉ်များကို country, bluegrass နှင့် blues တို့နှင့် ပေါင်းစပ်ခဲ့သည်။ တွန်းတင်ပေးခဲ့သည်။ Bloodshot Records နှင့် Lost Highway Records များဖြစ်သည်။ တချို့southern Rock တီးဝိုင်းများမှာ - Holman Autry Band, General Lee Band, The 484 South Band, The Don Harrison Band Rebel Storm, Cash Box, Ryan Band, Don Ray Band, Amberson-Baggett Band, The Four Horseman, Alligator Stew, The Zak Mills Band, Christopher Salterfield, Rebel Pride, Ghost Riders, Cody Cooke နှင့် the Bayou Outlaws နှင့်အစရှိသဖြင့်ဖြစ်သည်။