ကာရာအိုကေ

ဝီကီပီးဒီးယား မှ
ကာရာအိုကေ

ကာရာအိုကေ (ဂျပန်: カラオケ) ဆိုသည်မှာ Kara နဲ့ okesutora ဆို​​သော ဂျပန်စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တိုက်ရိုက် အဓိပ္ပာယ်သည် Empty Orcherstra ဖြစ်သည်။ မူလအဆိုရှင်၏ အသံကိုဖျောက်၍ သီချင်းစာသားတွေ၊ သံစဉ်နဲ့အတူ ပေါ်လာတာကို လိုက်ဆိုတာပင် ဖြစ်သည်။ Sing along with mitch ရုပ်သံအစီအစဉ်သည် ၁၉၆၀−နှစ်ဦးပိုင်းတွင် အမေရိကန်ရုပ်သံ NBC က ထုတ်လွှင့်ခဲ့သည့် အစီအစဉ်တစ်ခု ဖြစ်သည်။ သီချင်းစာသားများအား ရုပ်မြင်သံကြား ဖန်သားပြင်၏ ​​​​​​​အောက်ခြေမှာ ဖော်ပြပေးခဲ့သည်။ ယနေ့ခေတ် ကာရာအိုကေ၏ ဖခင်မှာ ဂျပန်လူမျိုး ဂီတပညာရှင် Daisuke Inoue ဖြစ်သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့တွင် ၁၉၇၁−ခုနှစ်များတွင် စတင်တီထွင်ခဲ့ပြီး ၁၉၈၀−ခုနှစ်တွင် အာရှတိုက်သာမက ကမ္ဘာကို ပျံ့နှံ့သွားခဲ့သည်။ [၁]

ကာရာအိုကေ သီဆိုခြင်းသည် ဂျပန်နိုင်ငံတွင် အနှံ့အပြား ကျင့်သုံးသော ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ၏ ၁၉၉၃ စစ်တမ်းအရ ဂျပန်အများစုမှာ နှစ်တစ်နှစ်အတွင်း ကာရာအိုကေ သီဆိုချိန်သည် အခြားယဉ်ကျေးမှု ဓလေ့များဖြစ်သော အိကဲဘာနာ ခေါ် ပန်းအလှဆင်ခြင်းနှင့် လက်ဖက်ရည်ပွဲ ကျင်းပခြင်းတို့ထက် ပို၍ များကြောင်း တွေ့ရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Daily Eleven ဖေဖော်ဝါရီ (၂၂)ရက်၊ ၂၀၁၄။
  2. Martinez, D.P., ed. (1998)။ The worlds of Japanese popular culture: gender, shifting boundaries and global cultures (Repr. ed.)။ Cambridge University Press။ p. 76ISBN 978-0-521-63729-9

​​​​