Dance punk

ဝီကီပီးဒီးယား မှ

Dance-punk (dance-punk သို့ punk funk) သည် ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၇၀နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ post-punkနှင့် new wave လှုပ်ရှားမှုနှင့် ဆက်နွယ်နေသည်။

အလျင်[ပြင်ဆင်ရန်]

Post-punk ခေတ်ရှိ အုပ်စုများသည် စည်းဝါးကျသောအရှိန်များကို အသုံးပြုထားသည်။ ကခုန်ခြင်းများသို့ အကျိုးသက်ရောက်စေခဲ့သည်။ ထိုတီးဝိုင်းများသည် disco, synth နှင့် အခြား dance ဂီတများ လွှမ်းမိုးခဲ့ပြီး ၁၉၇၀မှ sparks တီးဝိုင်းများနှင့် Iggy Pop (ဂီတပညာရှင်) တို့အလုပ်ဖြင့် ကြိုတင်မျှော်မှန်းခဲ့သကဲ့သို့ ကျော်ကြားလာခဲ့သည်။ ၁၉၈၀မှ လွှမ်းမိုးခဲ့သည့်အုပ်စုများမှာ Public Image Ltd, Gang of four, New Order, Killing Joke, The Cure နှင့် Siouxsie and the Bandhees တို့ပါဝင်ခဲ့သည်။ နယူးယော့(ခ်) မှ dance-punk များထဲတွင် Material, James Chanee and the Contortions, Cristina Monel, ESG နှင့် Liquid Liquid တို့ပါဝင်သည်။ ဂျာမန်အဆိုတော် Nina Hagen သည် ၁၉၈၃ New York/NY သီချင်းနှင့်အတူ underground dance တွင် ရိုက်ခတ်ခဲ့သည်။ သူသည် punk အဆိုပုံစံနှင့် disco တီးလုံးများကို ရောစပ်ခဲ့သည်။

ခေတ်ပေါ် dance-punk[ပြင်ဆင်ရန်]

Dane-punk သည် ထောင်စုနှစ်သစ် အစောပိုင်းနှစ်များမှ garage rock/post punk revival တီးဝိုင်းအချို့ကြားထဲတွင် ပြန်လည်ရှင်သန်လာခဲ့သည်။ LCD Soundsystem, Clinic, Death from Above 1979, Liars, Franz Ferdinand, Yeah Yeah Yeahs, Bloc Party, The Faint, The Rapture, Shout Out Out Out Out နှင့် Radio 4, Out hud နှင့် Moving Units တို့ပါဝင်ခဲ့သည်။ ၂၀၀၀ခုနှစ်အစောပိုင်းတွင် Washington DC သည် အမှတ်ရစရာ punk-funk ဖြစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ fugazi, post-punk နှင့် go go အနုပညာရှင်များဖြစ်သော Trouble Funk နှင့် Rare Essence တို့မှ လှုံဆော်ခဲ့သည်။ Q And Not U, Black Eyes နှင့် Baltimore’s Oxes, Double Dagger နှင့် Dope Body တို့ပါဝင်သည်။ ဗြိတိန်တွင် Klaxons တီးဝိုင်းသည် indie နှင့် dance-punk များကို ပေါင်းစပ်ကာ new rave ကို ဖန်တီးခြင်းဖြင့် ကျော်ကြားလာခဲ့သည်။ ထိုအသုံးအနှုန်းကို Trash Fashion, New Young Pony Club, Hadouken!, Late of Pier, Test Icickes နှင့် Shitdisco တို့က အသုံးပြုခဲ့သည်။ အနုပညာရသများကို rave ဂီတသို့ ရုပ်လုံးပေါ်စေခဲ့သည်။