Deathrock

ဝီကီပီးဒီးယား မှ

Deathrockသည် punk rock ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး horror အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ ၁၉၈၀ အစောပိုင်းတွင် အမေရိကန်အနောက်ပိုင်းကမ်းရိုးတန်းမှ ထွက်ပေါ်လာခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

Deathrock သီချင်းများကို ထပ်တလဲလဲဖြစ်သော Rhythm အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ ဂီတာများကို chord ရိုးရိုးများနှင့် အသုံးပြုစဉ်တွင် ဒရမ်နှင့်ဘေ့စ်ဂီတများ 4/4 time signature များဖြင့် အသုံးပြုထားသည်။ စာသားများသည် ကွဲပြားသည်။ ဒဏ္ဍာရီဆန်ခြင်းနှင့် ဝမ်းနည်းခြင်း၊ အမှန်အတိုင်း သိမြင်လာခြင်း၊ ဆုံးရှုံးခြင်း၊ ဘဝနှင့် သေခြင်းတရားများပါဝင်သည်။ ချောမွေ့ခြင်းမှ beat ရရန်ကွဲပြားသည်။ Deathrock စာသားများနှင့် အခြားဂီတဆိုင်ရာ ပုံစံအစိတ်အပိုင်းများသည် horrorနှင့် sci-fi ရုပ်ရှင်များနှင့် ဖော်ပြလျက်ရှိသည်။ တချို့တီးဝိုင်းများသည် rockabilly နှင့် surf rock ၏အစိတ်အပိုင်းများကို မွေးစားထားသည်။ မကြာခဏရိုးရှင်းသော ဂီတတည်ဆောက်ပုံများ၊ heavy atmosphere နှင့်စည်းဝါးကျသောဂီတများကို စိတ်ထိခိုက်လှုပ်ရှားခြင်းနှင့် ထပ်တူနေရာချထားသည်။ deathrock အဆိုရှင်များသည် ထင်ရှားသောအသံများနှင့် တင်ဆက်ကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရင်းမြစ်ဗေဒ[ပြင်ဆင်ရန်]

Deathrock စကားရပ်ကို ၁၉၅၀ တွင် ပထမဆုံးအသုံးပြုခဲ့သည်။ (rock and rollနှင့် ဆက်စပ်နေသည့် အမျိုးအစားများကို ဖော်ပြရန်) ၁၉၈၀တွင် Jody Reynolds ၏ Endless Sleep နှင့် ၁၉၄၁ခုနှစ် Frank Wilson ၏ Last Kiss တို့တွင် ပါဝင်ခဲ့သည်။ ထိုသီချင်းများသည် သေဆုံးခဲ့သော ဆယ်ကျော်သက်တို့၏ စိတ်ကူးယဉ်ဆန်သောသေခြင်းတရားဟူ၍ ဂရုပြုဖွယ်ဖြစ်သည်။ The Shangri-las ၏ Leader of the Packသည် 50/60 စကားရပ်ဝေါဟာရ အသုံးပြုခြင်း၏ အငြင်းပွားဖွယ်ရာ ဥပမာဖြစ်သည်။ deathrock ဟူသော ဝေါဟာရကို ၁၉၇၉ ခုနှစ် ၁၅ နှစ်ကြာပြီးနောက် ကွဲပြားသော အနောက်ကမ်းခြေ punk တီးဝိုင်းများ၏အသံများကို ဖော်ပြရန်အသုံးပြုခဲ့သည်။ Christian Death ၏ Rozz Williams သည် သူတို့တီးဝိုင်းဂီတကို ဖော်ပြရန် အသုံးပြုခဲ့သည်။ punk ၏မျိုးခွဲများ ပါဝင်သည်။ Nick Zedd ၏ ၁၉၇၉ ရုပ်ရှင် They Eat Scum သည် death rock တီးဝိုင်း Sazy Putrid နှင့် the Mental Deficients နှင့်အတူ ထူးခြားသည်။

မူလအစ[ပြင်ဆင်ရန်]

အစောဆုံးလွှမ်းမိုးခဲ့သည့် deathrock အနုပညာရှင်များ ဥပမာအားဖြင့် 45 Grave ဖြစ်ပြီး ထူးခြားဆန်းသစ်သော horror-theme များတွင် တွေ့နိုင်သည်။ ၁၉၅၀နောက်ပိုင်းနှင့် ၁၉၆၀ အစောပိုင်း rock and roll အနုပညာရှင်များမှာ Bobby "Boris" Pickett နှင့် Zacherle ၏ Monde Mash သီချင်း Screamin Joy Hawkins ၏ I Put a Spell on You နှင့် Screaming Lord Sutch& the Savages ၏ Murders in the Graveyard သီချင်းတို့ဖြစ်သည်။ ထိုသီချင်းများတွင် creepy atmosphere ကိုဖန်တီးရန် sound effects များကို အသုံးပြုထားသည်။

Horror ရုပ်ရှင်များသည် ၁၉၇၀ theatrical hard rockers Alice Cooper နှင့် Kiss နှင့်အတူ rock ဂီတကို လွှမ်းမိုးခဲ့သည်။ Rozz Williams သည် ၁၉၇၀ Alice Cooper and Kiss တို့၏လွှမ်းမိုးမှုများကို သီးခြားမှတ်တမ်းတင်ခဲ့သည်။ 45 Grave သည် Alice Cooper ၏ School’s Out ကို coverသီဆိုခဲ့သည်။

အခြားလွှမ်းမိုးခဲ့သည့် goth/deathrock အနုပညာရှင်များတွင် The Doors, Davis Bowie, The Velvet Underground, Iggy Pop and the Stooges, The Cramps, T-Rex, New York Dolls, The Damned, MC5 နှင့် Richard Hell and the Vaidoids တို့ပါဝင်သည်။

Horror ရုပ်ရှင်များတွင် deathrock အနုပညာရှင်များ လွှမ်းမိုးခဲ့သည်။ 45 Grave အဆိုတော် Dinah Cancer အဆိုအရ အီတလီ horror ရုပ်ရှင်များသည် 45 Grave တွင်ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ Zombie ရုပ်ရှင်များတွင်လည်း deathrock အနုပညာရှင်များ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် George A.Romero ၏ Night of the Living Dead (၁၉၆၈)နှင့် နောက်ဆက်တွဲများဖြစ်သည်။ John Russo ၏ Return of the Living Dead (၁၉၈၅) Linner Quigley နှင့်ထူးခြားသည်။ အထူးသဖြင့် punk soundtrack တို့သည် နောက်ပိုင်းတွင် deathrock တီးဝိုင်းများ အပေါ်လွှမ်းမိုးခဲ့သည်။ Horror-Theme TV show များ The Addams Family, The Monsters, The Twilight Zone, Dark Shadow တို့ဖြစ်ပြီး ရုပ်လုံးပေါ်စေခြင်းများ လွှမ်းမိုးထားသည်။ ပြုလုပ်ခဲ့သော သရဲတစ္ဆေ TV show များမှာ Los Angeles မှ Vamira, Philadephia နှင့် New York မှ John Zacherle၊ Los Angeles မှ Elvis နှင့် Cleverband မှ Ghulardi တို့ဖြစ်သည်။

မည်သို့ပင်ဆိုစေ horror တစ်ခုတည်း deathrock ပေါ်တွင် လွှမ်းမိုးသည်သာ မဟုတ်ပေ။ Film noir, Surrealism, Cabaret တို့သည် deathrock အနုပညာရှင်များအပေါ် ထောက်ခံခဲ့သည်။

ရုတ်တရက်ဖြစ်ပေါ်လာခြင်း[ပြင်ဆင်ရန်]

အမေရိကန်တွင် ၁၉၇၀နောက်ပိုင်းမှ punk rock နှင့် hardcore LA ဂီတဖြစ်ရပ်ထဲမှ deathrock ပထမဆုံးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အသွက်လက်ဆုံး Los Angeles မှ deathrock ဂီတဖြစ်ရပ်မှ တီးဝိုင်းများမှာ the Flesh Eaters (၁၉၇၇), Kommunity FK (၁၉၇၉)၊ 45 Grave (၁၉၇၉)၊ Christian Death (၁၉၇၉)၊ Gun Club (၁၉၈၁), Super Heroines (၁၉၈၁)၊ Pompeii 99 (၁၉၈၁)၊ Voodoo Church (၁၉၈၁)၊ Ex-VoTo (၁၉၈၂), Burning Image (၁၉၈၅)၊ Radio Werewolf (၁၉၈၄)နှင့် Screams for Tina (၁၉၈၅) တို့ပါဝင်သည်။ အမေရိကန်ပြည်နယ်ရှိ အနောက်ပိုင်းမြို့တော်မှ deathrock အဖြစ်ဖော်ပြခံရသော Fallon, Nevada မှ Theatre of Ice (၁၉၇၈)၊ Phoenix၊ Arizona မှ Mighty Sphincter နှင့် Denver Colorado မှ Your Funeral(၁၉၈၂) တို့ဖြစ်သည်။

အစောပိုင်း အနောက်ကမ်းရိုးတန်းဒေသတီးဝိုင်းများသည် punk rock နှင့် horror ရုပ်ရှင်များမှ ဇာတ်ဝင်ခန်းများကို ပေါင်းထည့်ထားသည်။ တီးဝိုင်းအချို့သည် hardcore punkသည် gothic အသံများနှင့် ပေါင်းစပ်ထားသည်။ အမှတ်ရစရာ T.S.O.L တို့ဖြစ်သည်။ ထိုအစောပိုင်း deathrock တီးဝိုင်းများသည် punk ၏ မျိုးခွဲသစ်များကို ချက်ချင်းဆိုသလို အသိအမှတ်မပြုချေ။ ထိုအချိန်အတောအတွင်းတွင် ထိုတီးဝိုင်းများသည် punk, hardcore နှင့် new wave ကို တီးခတ်ကြသည်။ သေးငယ်သော်လည်း ၁၉၇၈-၇၉ တွင် New York မှ အခြေအနေမြင့်တက်လာခဲ့သည်။ လွှမ်းမိုးခဲ့သည့်တီးဝိုင်းများမှာ The Crampys နှင့် The Misfit နှင့် The Mad တို့ဖြစ်ပြီး သူတို့၏စာသားထဲတွင် ကျယ်ပြန့်သော horror ဇာတ်ဝင်ခန်းများ ပေါင်းစပ်ခဲ့သည်။ သို့သော် သူတို့သည် deathrock ဟူသော ဝေါဟာရ ဟူသော ဝေါဟာရကို မသုံးခဲ့ချေ။

ပေါင်းစပ်ခြင်း[ပြင်ဆင်ရန်]

ထိုအချိန်တွင် deathrockသည် အမေရိကန်တွင် punk rock ၏ထူးခြားသော မျိုးခွဲအဖြစ် ပေါ်ထွက်လာခဲ့သည်။ punkနှင့် post-punk ၏မျိုးခွဲများသည် UK တွင် တစ်သီးတစ်ခြား ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

၁၉၈၂ တွင် post-punk တီးဝိုင်းများ ပေါင်းစည်းခဲ့သည်။ punk rock ၏လွှမ်းမိုးမှုများပါဝင်ပြီး ပထမဆုံးမျိုးဆက်စပ်သစ် post-punk တီးဝိုင်းများမှာ Joy Division, Siouxsie and the Banshees and Bachaus တို့ဖြစ်သည်။ ဤရွေ့လျားမှုတွင် အရင်းခံသော တီးဝိုင်းများမှာ Sex Gang Children နှင့် Southern Death Cult တို့ဖြစ်သည်။ Brigandage, Blood and Roses, Ritual နှင့်အတူ သူတို့သည် အခြားတီးဝိုင်းများမှကွဲပြားစေခဲ့သည်။ UK 82 နှင့် Oil ဖျော်ဖြေပွဲများမှ ကြိုးစားစေခဲ့သည်။ positive တီးဝိုင်းများသည် tribal drumming, high-pitched vocals, scratch guitar နှင့် melodic lead instrument ကဲ့သို့ bass များနှင့် Native American လွှမ်းမိုးသည့် Warpaint နှင့် Spiky haircut များတို့ပါဝင်သည်။ အခြားဆက်စပ်နေသောတီးဝိုင်းများမှာ Ausgang, Inca Babies နှင့် Bone Orchard တို့ဖြစ်သည်။

၁၉၈၃ အတောအတွင်းတွင် ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ Bactave ဟုသော gothic rock သည် အစပျိုးစေခဲ့သည်။ glam rock နှင့် new wave နှင့်ပတ်သက်၍ အထူးလိုက်စားစေခဲ့သည်။ ပွဲဦးထွက်ဖျော်ဖြေတင်ဆက်ခဲ့သည် အဓိကတီးဝိုင်းနှစ်ခုမှာ Specimenနှင့် Alien Sex Friend တို့ဖြစ်သည်။ သူတို့၏ကွဲပြားသော အသံများကို British pop culture တွင် horror ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ဗြိတိန်နှင့် glam နှင့် post-punk ဖြစ်ရပ်တွင် အတည်တကျဖြစ်စေခဲ့သည်။ ၁၉၈၃တွင် Gan club ဥရောပတွင် ခရီးစဉ်များကျင်းပခဲ့သည်။ Christian Death ကဲ့သို့ဖြစ်ပြီး ဥရောပ gothic rock ဖြစ်ရပ်နှင့် American death rock ဖြစ်ရပ်ကဲ့သို့ တိုက်ရိုက်လွှမ်းမိုးခဲ့သည်။

၁၉၈၄တွင် positive punk ဟူသော ဝေါဟာရသည် ခေတ်နောက်ကျခဲ့သည်။ Bactcave ဖြစ်ရပ်ကွဲပြားသော positive punk တီးဝိုင်းများမှာ Leed မှဖြစ်ပြီး (The Sisters of Mercy, The Morch Violets, Red Lorry Yellow Lory စသဖြင့်) သူတို့သည် drum machine များကို အသုံးပြုထားပြီး gothic(သို့) gothic rock သို့ရည်ညွန်းသည်။ ထိုနှစ်အတွင်းတွင် ကယ်လီဖိုးနီးယားမှ deathrock တီးဝိုင်း Kommunity FKသည် UK gothic rock တီးဝိုင်း Sex Gang Children နှင့်အတူ Americanနှင့် ဗြိတိန်ရွေ့လျားမှုရောနှေမှုသို့ တိမ်းညွတ်လိုက်ခဲ့သည်။ ဗြိတိန်ဖြစ်ရပ်နှင့် California မှ လွှမ်းမိုးမှုများ ပါဝင်ပြီး deathrock တီးဝိုင်းများသည် အမေရိကန်မှ အစိတ်အပိုင်းများသို့ စတင်ခဲ့သည်။ Lodi New Jersey မှ Somhain (၁၉၈၃), Detroit Michigan မှ Gargoyle Sox (၁၉၈၅)၊ Cleverland, Ohio မှ Shadow of fear (၁၉၈၅)၊ Boston, Massachusetts မှ Holy Cow (၁၉၈၅) တို့ပါဝင်သည်။ New York ဖြစ်ရပ်သည် Scarecrow (၁၉၈၃)၊ of a Mesh (၁၉၈၃)၊ The Naked and the Dead (၁၉၈၅)၊ Brain Eaters (၁၉၈၃)၊ The Children’s Zoo (၁၉၈၅)၊ The Plague (၁၉၈၇) နှင့် The Ochrana (၁၉၈၇) တို့ဖြင့် ထူးခြားသည်။

မငြိမ်းနိုင်သော ခြားနားခြင်းများ[ပြင်ဆင်ရန်]

၁၉၈၀ အလယ်တွင် second wave ၏ gothic rock သည်ထင်ရှားစေခဲ့သည်။ အသံများသည် punk နှင့် post-punk အရင်းအမြစ်မှ ပြောင်းလဲစေခဲ့သည်။ Bauhaus သည် ပြိုကွဲခဲ့သည်။ Sisters of Mercy သည် gothic များစိုးမိုးလာခဲ့သည်။ gothic rock သည် deathrock သို့ရည်ညွန်းခဲ့ပြီး deathrock ဟူသော စကားရပ်သည် ကြုံခဲစွာအသုံးပြုခဲ့သည်။ ၁၉၉၀ အလယ်တွင် third wave of gothic rock မှ ထင်ရှားစေခဲ့သည်။ industrial ဂီတဖြစ်ရပ်မှ အစိတ်အပိုင်းများ ပေါင်းစပ်ခြင်းဖြင့် မူရင်းမှ punk နှင့် post-punk အသံမှ ဝေးကွာစေခဲ့သည်။ EBM မှ electronic အသံများနှင့်ထပ်တလဲလဲဖြစ်စေခဲ့သည်။ gothဖြစ်ရပ်မှ ကွဲပြားစေသည်။ deathrock အသံနှင့် သူတို့၏ အစောပိုင်း deathrock အရင်းအမြစ်ဆီသို့ ဦးဆောင်စေခဲ့သည်။

ပြန်လည်ရှင်သန်ခြင်း[ပြင်ဆင်ရန်]

၂၀ နှစ်များပြီးနောက် deathrock နှင့် goth သည် ကယ်လီဖိုးနီးယားနှင့်လန်ဒန်မှ ဂီတဖြစ်ရပ်များ ပထမဆုံးပေါ်ပေါက်လာခဲ့သည်။ deathrock သည် ကယ်လီဖိုးနီးယားမှ ရှင်သန်လာခဲ့သည်။ ၁၉၉၈အတောအတွင်းတွင် Long Beach, Californiaမှ local bar Que Seraမှ ပိုင်ရှင်သည် Old School gothic Halloween party ကိုကျင်းပရန် Jeremy Meza, Dave Skott နှင့် Jem Skott တို့ကို တောင်းခံခဲ့သည်။ ထိုပါတီပြီးနောက် deathrock club ဖြစ်သော Release the Bats ကို deathrock ရွေ့လျားမှု ပြန်လည်ပေါ်ပေါက်ရေးအတွက် ပါဝင်စေခဲ့သည်။

deathrock ရှင်သန်ခြင်းရွေ့လျားမှုသည် Los Angeles မှ မှုရင်း deathrock ဖြစ်ရပ်နှင့် ဆင်တူသည်။ လန်ဒန်မှ Batcave ရွေ့လျားမှုနှင့်လည်းဆင်တူသည်။ ကွဲပြားသော record labelများမှာဖြတ်သန်း၍ US, UK နှင့် ဥရောပတို့တွင် ပေါင်းစည်းခဲ့သည်။ Internet မှတီးခြင်းသည်လည်း deathrock ရှင်သန်ခြင်းတွင် အဓိကအခန်းကဏ္ဍာဖြစ်လာသည်။ website နှင့် online အဖွဲ့အစည်းများမှ deathrock ဂီတ၏ဆွေးနွေးခြင်း၊တီးဝိုင်းများနှင့် ဖက်ရှင်နှင့် horror movie များသို့ သီးသန့်ဖြစ်စေခဲ့သည်။

မူရင်းဖြစ်ရပ်မှ ကွဲပြားသော ဝေါဟာရသည် ၁၉၈၀မှ ဥရောပတီးဝိုင်းများမှ လွှမ်းမိုးမှုရသကဲ့သို့ post-punk အသံများဆီသို့ ပြောင်းလဲစေခဲ့သည်။ နိုင်ငံရေးနှင့်ပတ်သက်သော လွှမ်းမိုးမှုများသည် နိုင်ငံရေးနှင့်ပတ်သက်သော ငြင်းခုံမှုများသို့ လျော့နည်းစေခဲ့သည်။ Drop Dead Festival သည် တီးဝိုင်းများကို ဝါသနာရှင်အနည်းစုနှင့်အတူ တီးခတ်ရန်အခွင့်အရေးပေးခဲ့သည်။ deathrock ရှင်သန်ခြင်းမှ တစ်စိတ်တစ်ပိုင်းအားဖြင့် indieဖြစ်ရပ်မှ lo-fi goth ဂီတဆီသို့ တိမ်းညွတ်စေခဲ့သည်။ ဥပမာအားဖြင့် Grave Babies ဖြင့် the Fifth wave of gothic ဂီတဆီသို့ ဖော်ပြခဲ့သည်။

အနုပညာရှင်များ[ပြင်ဆင်ရန်]

Only Theatre of Pain, Christian Death ၏၁၉၈၂၏ပွဲဦးထွက် albumသည် ပထမဆုံး အမေရိကန် gothic album ကဲ့သို့ ကျယ်ပြန့်စွာ ကျင်းပခဲ့သည။ punk, horror punkသို့ gothic rock ကဲ့သို့ တစ်ခုမဟုတ်လျှင်တစ်ခုကဲ့သို့ ခွဲခြားရန် မလွယ်ကူပေ၊ Rozz Williams, Christian Death ၏ ဦးဆောင်အဆိုတော် သေဆုံးပြီးနောက် project များဖြစ်သော Shadow Project, Premature Ejaculation တို့သည် gothနှင့် deathrock ဖြစ်ရပ်မှ အလွှမ်းမိုးဆုံး အနုပညာများထဲမှ တစ်ခုဖြစ်သည်ဟု ယူဆနိုင်သည်။ Kommunity FK မှ Patrick Mata သည် အခြားလွှမ်းမိုးသည် male deathrocker ကဲ့သို့ Ex-Vo To၏ Larry Rainwater ဖြစ်သည်။

လွှမ်းမိုးသောအမျိုးသမီး deathrocker များတွင် Eva Oနှင့် Voodoo Church ၏ Tina Winter တို့ပါဝင်သည်။

အမေရိကန်မှ အနုပညာရှင်များသည် EPS နှင့် LPS တို့ ၁၉၈၂ တွင် ထုတ်လွင့်ခဲ့သည်။ deathrock ဟုလည်း ယူဆနိုင်သည်။ Theatre of Ice နှင့် Mighty Sphincter ကို မိန့်ခွန်းပြောကြားသည်။ ဗြိတိန်တီးဝိုင်းများသည် deathrock အသံများကို post-punk လွှမ်းမိုးခြင်းကို ပေါင်းထည့်ခြင်းဖြင့် အဓိကထောက်ပံခဲ့သည်။ Joy Division, Bauhausနှင့် Siouxsie and Banshees တို့ပါဝင်သည်။ ကမ္ဘာတစ်ဝန်းမှ အခြားတီးဝိုင်းများသည် deathrock သို့ဖြန့်ချိခဲ့သည်။ ဂျာမနီမှ Xmal Deutshland၊ အိုင်ယာလန်မှ Virgin Prune နှင့် ဩစတေးလျမှ Birthday Party တို့ပါဝင်သည်။

မည်သို့ပင်ဆိုစေ Sisters of Mercy သည် deathrock club များတွင် မကြာခဏတီးခတ်ကြသည်။ deathrock တီးဝိုင်းဟုလည်းမယူဆပေ။ အရေးပါသော ဥပမာတစ်ခုမှာ Floodland ဖြစ်ပြီးsecond-wave gothic rock တီးဝိုင်းမှတစ်ခုဖြစ်သည်။