ဘားကမ့် ပခုက္ကူ

ဝီကီပီးဒီးယား မှ

ပခုက္ကူမြို့တွင် ပထမဆုံးအကြိမ် ဘားကမ့်အဖြစ် ဘားကမ့် ပခုက္ကူ ကို ၂၀၁၃ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ပခုက္ကူမြို့ တိလောကရာမ ဘုန်းတော်ကြီးပညာသင်ကျောင်းတွင် ပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ ဘားကမ့် ပခုက္ကူပွဲသို့ ပြည်တွင်း နည်းပညာနယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်း ၂၀ ခန့်က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့ခံ တက်ရောက်သူ စုစုပေါင်း လူဦးရေ ၂၀၀၀ (နှစ်ထောင်) ခန့် တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံတွင် တက်ရောက်သူ ဒုတိယအများဆုံး ဘားကမ့် ဖြစ်ခဲ့သည်။[ကိုးကားချက်လိုသည်]

ဒုတိယအကြိမ် ဘားကမ့် ပခုက္ကူ[ပြင်ဆင်ရန်]

ဒုတိယအကြိမ် ဘားကမ့် ပခုက္ကူကို ၂၀၁၄ အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ပခုက္ကူမြို့ တိလောကရာမ ဘုန်းတော်ကြီးပညာသင်ကျောင်းတွင် ထပ်မံပြုလုပ်နိုင်ခဲ့သည်။ ထူးအယ်လင်း၊ ခင်ဝင့်ဝါ စသည့် အနုပညာရှင်များအပါအဝင် Pyay Development IT, Mido, ပန်းစကား, Mandalay Data Share Team, Ubuntu Myanmar Loco Team စသည့် နည်းပညာအဖွဲ့များမှ ဦးဆောင် ဆွေးနွေးကာ တက်ရောက်သူ စုစုပေါင်းလူဦးရေ ၁၇၀၀ (တစ်ထောင့်ခုနစ်ရာ)ခန့် ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

Barcamp Pakokku[လင့်ခ်သေ]