Grebo

ဝီကီပီးဒီးယား မှ



Grebo သည် ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ အစောပိုင်းတွင် ယူနိုက်တက်ကင်းဒမ်း၏ယဉ်ကျေးမှုအုပ်စုငယ်ကို ကိုယ်စားပြုထားသော တီးဝိုင်း Pop Will Eat Itself ကြောင့် ပေါ်ထွက်လာခဲ့ပြီး English Midland တွင် ကြီးမားစွာ အခြေခံထားသည်။ လွှမ်းမိုးခဲ့သည့်တီးဝိုင်းများထဲတွင် Pop Will Eat Itself ("Oh Grebo I think I love You" နှင့် "Grebo Guru" သီချင်းကို ဆိုခဲ့သည်) The Wonder Stuff, Ned’s Atomic Dustbin, Carter USM နှင့် Leicester မြို့မှတီးဝိုင်းများဖြစ်သည့် Crazyhead, The Bomb Party, The Hunters Club, Sum Pups နှင့် Gaye Byker on Acid တို့ပါဝင်သည်။ လန်ဒန် အခြေစိုက်တီးဝိုင်း Medicine Factory သည် ၈၀ နောက်ပိုင်းနှင့် ၉၀ အစောပိုင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ UK နှင့် USတွင် အောင်မြင်ခဲ့သည့် Jesus Jones တီးဝိုင်းလည်း ဤဝေါဟာရကို အသုံးပြုခဲ့သည်။ တီးဝိုင်းများ၏ဂီတ ပုံစံများမှာ garage rock, rock ၏ alternative ပုံစံများ၊ pop၊ hip hop နှင့် electronic များရောစပ်ထားသည်။ ဂီတအမျိုးအစားများထဲတွင် Gothic rock ၏ဇစ်မြစ်ထဲမှ အစောပိုင်း post-punk များကို စွဲလန်းထောက်ခံလာကြသည်။ Grebo ၏ ဖက်ရှင်ပုံစံများမှာ အချောင်းလိုက်ချထားသည့် ဆံပင်ပုံစံများနှင့် နောက်စေ့နားတွင် စုချည်ပြီး မြင်းမြီး ပုံချထားသောပုံစံများ၊ leather bike jacket များနှင့် ဂျင်းများ၊ ပွယောင်းသော အဝတ်အစားများ၊ ဘွတ်ဖိနပ်များ၊ သစ်ခုတ်သမားရှပ်အင်္ကျီများ၊ ချောင်နေသည့်ဂျင်းအင်္ကျီများ၊ army suplus အဝတ်အစားများနှင့် ခရစ်ယာန်ဘုန်းကြီးဦးထုပ်များနှင့် လည်ပတ်ပဝါများ ပါဝင်သည်။ လှုပ်ရှားမှုကြောင့် သဘာဝကျစွာ အောင်မြင်ခဲ့သည်။ နောက်ပိုင်း တီးဝိုင်းများ လွှမ်းမိုးလာခဲ့သည်။ အတော်အတန်တိကျစေရန် ဂီတကို ဖန်တီးခဲ့သည်။ positive punk ကဲ့သို့ဖြစ်သည်။ အဖြစ်အပျက်များနှင့် ပုံစံများကို British indie magazine များ အထူးသဖြင့် NME နှင့် Melody Maker ဖော်ပြလာသည်။ ဤအဖြစ်အပျက်များသည် Grunge၊ Britpop နှင့် အခြားပုံစံများဖြစ်သည့် Anglo-American alternative rock မတိုင်မီဖြစ်သည်။