Hardcore punk

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Hardcore punk (သို့မဟုတ် hardcore) သည် punk rock ဂီတ၏အမျိုးအစားဖြစ်ပြီး ၁၉၇၀ နောက် စတင်ခဲ့သည့် ယဉ်ကျေးမှုငယ်တစ်ခုလည်း ဖြစ်သည်။ hardcore punk သည် punk rock ထက် မြန်ဆန်၍ မာကျောကြမ်းတမ်းသောပုံစံဖြစ်သည်။ hardcore punk၏မူရင်းဝေါဟာရသည် မတိကျပေ။ D.O.A တီးဝိုင်းသည် သူတို့၏ ၁၉၈၁ album Hardcore 81 နှင့်အတူ စကားရပ်ကို လူကြိုက်များစေခဲ့သည်။ ၁၉၈၁ စက်တင်ဘာတွင် Tim Sommer က ထိုအချိန်ဖျော်ဖြေခဲ့သော punk တီးဝိုင်းတို့၏ ဖျော်ဖြမူအကြောင်းကို ရေးဖွဲ့ထားသည်။ Steven Blush သည် hardcore ဆိုသော ဝေါဟာကို punk နီးပါးပြင်းထန်သည်ဟု ရည်ညွန်းခဲ့သည်။

Hardcore ၏အရင်းအမြစ်ကို San Francisco နှင့် Southern California သို့ နောက်ပြန်လိုက်နိုင်သည်။ hippie ဖြစ်ရပ်ကို ဆန့်ကျင်၍ New York punk rock နှင့် အစောပိုင်း protopunk ဖြစ်ရပ်မှ တုံ့ပြန်ချက်ဖြစ်သည်ဟု ခေါ်သည်။ hardcore punkသည် ယေဘုယျအားဖြင့် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားခြင်းကို ငြင်းပယ်ခဲ့သည်။ mainstream rock ၏ ဝိသေသလက္ခဏာများနှင့် ဆင်တူသည်ဟု ဆိုသည်။ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို ဆိုလိုသည်။

၁၉၈၀ အစောပိုင်း အမေရိကန်တွင် underground မှနေ၍ hardcore ပေါက်ဖွားလာခဲ့သည်။ အထူးသဖြင့် ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဂျာစီ၊ ဘော်စတွန် နှင့် ဩစတြေးလျ၊ ကနေဒါ နှင့် ယူနိုက်တက် ကင်းဒမ်း တို့ပါဝင်သည်။ hardcore သည် straight edge လှုပ်ရှားမှုမှ ပေါက်ဖွားလာခဲ့သည်။ Hardcore သည် ၁၉၈၀ independent record labels များမြင့်တက်လာမှုတွင် ကြီးမားစွာ ပါဝင်ခဲ့သည်။ underground ဂီတဖြစ်ရပ်မှ DIY ethics နှင့်လည်းသက်ဆိုင်ခဲ့သည်။ ၎င်းသည် ဂီတအမျိုးအစား တော်တော်များများကို လွှမ်းမိုးခဲ့သည်။ mainstream အောင်မြင်မှု အတွေ့အကြုံရရှိခဲ့သည်။ alternative rock, grunge, alt-metal, metalcore, thrash metal, post-hardcore အစရှိသဖြင့် ဖြစ်သည်။ Black Flag ၏ Damaged, Minutemen ၏ Double Nickets on the Dime နှင့် Husker Du ၏ New Day Rising တို့သည် Rolling Stone ၏ The 500 Greatest Albums of All time in ၂၀၀၃ စာရင်းတွင် ပါဝင်ခဲ့သည်။ Dead Kennedys သည် ၂၅ နှစ် ကာလအပိုင်းအခြားကို ကျော်လွန်၍ ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၂၀၁၁ တွင် Rolling Stone စာရေးဆရာ David Fricke ရွေးချယ်ထားသော 100 Greatest Guitarish စာရင်းထဲတွင် Black Flag ၏ Greg Ginn ပါဝင်ခဲ့သည်။ ဂီတအမျိုးအစားသည် အင်္ဂလိပ်စကားပြောသော အနောက်နိုင်ငံများတွင် စတင်ခဲ့သော်လည်း အမှတ်ရစရာ hardcore ဖြစ်ရပ်များသည် အီတလီ၊ ဘရာဇီး၊ ဂျပန်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့တွင် တည်ရှိခဲ့သည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

၁၉၈၀ Drowned in Sound ဆောင်းပါးတွင် hardcore သည် punk ၏ ဝိဉာဉ်တစ်ခုပင်ဖြစ်သည် ဟုဆိုသည်။ အခြားအဓိပ္ပာယ်တစ်ခုမှာ ကြမ်းတမ်းသော punk rock ၏ ပုံစံတစ်မျိုးဟုလည်း ဆိုသည်။ Hardcore သည် punk ၏ မူရင်းသဘောတရားကို အင်အားကြီးမားစေသည်ဟုဆိုသည်။ အနုပညာကျောင်းများတွင် post-punk, hardcore punk တို့၏တင့်တယ်မှုကို လျော့နည်းစေပြီး မူလ punk rock သီချင်းများကို ချိုးဖောက်ခြင်းဖြစ်သည်။

ဂီတဆိုင်ရာ ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

Punk rock ၏ သွေးကြောထဲတွင် hardcore punk တီးဝိုင်းအများစုလိုက်လာကြသည်။ သီချင်းရေးသည့်ပုံစံသည် melody ထက် rhythm အပေါ်အလေးထားကြသည်။ ဝေဖန်ရေးသမား Steven Blush ရေးသားထားသည်မှာ "Sex Pistol သည် Chuck Berry ကဲ့သို့ rock ‘n’ roll ဖြစ်သည်"ဟု ဆိုသည်။ hardcore သည် ၎င်းမှတစ်ဆင့် လည်ပတ်လာခဲ့သည်။ verse-chorus rock မဟုတ်ပေ။ AllMusic အရ hardcore အတွက် အသေးစိတ်အစီအစဉ်မှာ ကျယ်လောင်ခက်ထန်ပြီး မြန်ဆန်သည် ဟုဆိုသည်။ hardcore အဆိုရှင်များသည် ဂီတကို မကြာခဏ စူးရှ၍ ကြွေးကြသည်။ Hardcore vocal များမှာ minor scale များကို အခြေခံထားသည်။ hardcore သီချင်းများတွင် အခြားအဖွဲ့ဝင်များ အော်ဟစ်ထားသော Background vocal များပါဝင်သည်။

Hardcore၏ ဂီတအစိတ်အပိုင်းများသည် ရှုပ်ထွေး၍ ပညာပိုင်းဆိုင်ရာ စည်းဝါးကျကျစိန်ခေါ်မှုများ ပါဝင်သည်။ ဂီတာ melody များမှာ အဆိုရှင်နှင့်အတူ တူညီသော minor scale များအသုံးပြုထားသည်။ hardcore punk ဂီတာသမားများမှာ solo များ octave နှင့် groove များနှင့် ကွဲပြားသော feedback နှင့် harmonic ဆူညံသံများကို တီးခတ်ကြသည်။ ဂီတာသံများများကို distorted နှင့် amplified တို့ဖြစ်ပြီး buzzsaw အသံများဟုလည်း ခေါ်သည်။ hardcore ဘေ့စ်ဂီတာသမားများသည် သူတို့၏ basslineများတွင် ကွဲပြားသော Rhythm များကို အသုံးပြုထားသည်။ ရှည်လျားသော noteများမှ လေးပိုင်းတစ်ပိုင်း note များမှ မြန်သောရှစ်ပိုင်း note များ(သို့) ၁၆ကြိမ်မြောက် note များဖြင့် စီစဉ်ထားသည်။ လျင်မြန်သော ဘေ့စ် လိုင်းများသည် လက်ချောင်းများဖြင့်တီးခတ်ရန် ခက်သောကြောင့် pick များကို အသုံးပြုကြသည်။ အချို့ဘေ့စ်ဂီတာသမားများသည် နည်းပညာပုံစံများကို အသုံးပြုထားသည်။ Tobias Hurwitz အဆိုအရ hardcore ဒရမ်တီးခတ်ပုံများသည် old-school punk မှ Straight-ahead rock ပုံစံများကြာထဲတွင် တည်ရှိသည်။ တချို့ hardcore punk ဒရမ်သမားများသည် မြန်သော D beat နှင့်ဂီတဆိုင်ရာ breakdowns ထဲတွင် tempo များကို ချဲ့ကားထားသည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

Hardcore punk စာသားများတွင် စစ်တပ်ပပျောက်ရေး၊ အာဏာရှင်ဝါဒပပျောက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဝါဒ၊ အကြမ်းဖက်မှုပပျောက်ရေးနှင့် left-wing နှင့် နိုင်ငံရေးအမြင်များ ပါရှိသည်။ ၁၉၈၀ အတောအတွင်း ယဉ်ကျေးမှုငယ်ထဲက yuppie matericlism နှင့် အမေရိကန်နိုင်ငံခြားအုပ်ချုပ်ရေးဝါဒများ ပါဝင်သည်။ အစောပိုင်း hardcore punk တီးဝိုင်းများသည် မင်းမဲ့ဝါဒနှင့် လူမှုရေးအပြာင်းအလဲများကို ရေးဖွဲ့လာကြသည်။ hardcore punk တီးဝိုင်းများသည် နိုင်ငံရေးခေါင်းဆောင်များဖြစ် အမေရိကန်သမ္မတ ရော်နယ် ရေဂင်နှင့် ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ တို့ကို ဆန့်ကျင်ခြင်းများကို ဖော်ပြလာကြသည်။ ၂၀၀၄ ခုနှစ်တွင် ရေဂင် သေဆုံးပြီးနောက် Maxumumrockandroll ကို radio တွင်လွှင့်တင်ခဲ့သည်။ အစောပိုင်း hardcore punk တီးဝိုင်းများ၏ Reagan ပပျောက်ရေးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။

Hardcore punk တီးဝိုင်းများသည် နိုင်ငံရေး အကြောင်းများကို ဖော်ပြခဲ့ပြီး သူတို့၏ ပရိသတ်ထဲမှ နားထောင်သူနှင့် လူအများကို အပြင်းအထန်ရိုက်ခတ်စေခဲ့သည်။ ဘော်စတွန်တီးဝိုင်း F.Uသည် သူတို့၏ My American album သည် အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့သည်။ စာသားများမှာ ရှေးရိုးစွဲနှင့် ကိုယ်တိုင်းပြည်ကို ချစ်သော စာသားများဖြစ်သည်။ Album သည် ရှေးရိုးစွဲတီးဝိုင်းများ တုပသရော်ထားခြင်းများကို ရည်ရွယ်ထားသည်။ အခြားတီးဝိုင်းမှာ Massachusetts မှ vile တီးဝိုင်းဖြစ်ပြီး သူတို့၏စာသားများတွင် အမျိုးသမီးများနှင့် လိင်တူဆံဆက်ခြင်းများကို တိုက်ခိုက်ထားသည်။ Tim Yohannan နှင့် Maximmumrocknrollသည် punk ဟူအမည်ကို သင့်လျော်စေရန် ကျဉ်းမြောင်းသော်လည်း punk Rocker တချို့သည် နိုင်ငံရေးဆိုင်ရာအဖြစ်အပျက်များကို ဖော်ပြခဲ့သောကြောင့် ဝေဖန်ခြင်းခံရသည်။ အာဏာရှင်ဆန်၍ အဖြစ်အပျက်ကို သူတို့ဆင်ခြင်သုံးသပ်မှုဖြင့် လွှမ်းမိုးခဲ့သည်။ ၂၀၀၂-၂၀၀၉ အတောအတွင်းတွင် ဂျော့ချ် ဝေါလ်ကာ ဘုရှ် ၏ သမ္မတသက်တမ်းတွင် hardcore တီးဝိုင်းများသည် Bush ပပျောက်ရေးကို ဖော်ပြခဲ့သည်။ ၂၀၀၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် hardcore punk အနုပညာရှင်များသည် ဘုရှ် ပပျောက်ရေးလှုပ်ရှားပြောင်းလဲရေးဝါဒီအုပ် punk Voter နှင့်အတူ ပါဝင်ခဲ့သည်။ Misfits အဆိုရှင် Michale Graves သည် The Daily Show နှင့်အတူ ဂျော့ချ် ဝေါလ်ကာ ဘုရှ် ကို ထောက်ခံခဲ့သည်။ Conservative Punkသည် အမေရိကန် ဝက်ဘ်ဆိုဒ်တွင် punk ယဉ်ကျေးမှုငယ်နှင့်အတူ right-wing နိုင်ငံရေး ပေါင်းစပ်ရန်ကြိုးစားခဲ့သည်။

Moshing[ပြင်ဆင်ရန်]

၁၉၈၀ အစောပိုင်းတွင် hardcore punk ဖြစ်ရပ်တွင် slam dancing ဟူသော အကပုံစံတစ်မျိုး ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ Moshing သည် အကြမ်းဖက်မှုကို သရော်သည့် ပုံစံတစ်မျိုးဖြစ်သော်လည်း အနာတရဖြစ်စေခဲ့သည်။ mosh ဟူသော ဝေါဟာရသည် ၁၉၈၀ အစောပိုင်း ဝါရှင်တန်ဒီစီ မှ အမေရိကန် hardcore ဖြစ်ရပ်တွင် အသုံးပြုခဲ့သည်။ Fear တီးဝိုင်းသည် ၁၉၈၁ - Halloween တွင် Saturday Night live တွင် ဖျော်ဖြေခဲ့ပြီး John Belush (အမေရိကဂီတသမား) နှင့် hardcore punk တီးဝိုင်းအနည်းငယ်သည် စင်မြင့်ပေါ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စတူဒီယိုအသုံးအဆောင်များ ထိခိုက်ခဲ့သည်။ Cro-Mags မှ John Joseph နှင့် Harley Flanagan နှင့် Negative Approach မှ John Branon နှင့် Minor Threat မှ Ian Mackage တို့ပါဝင်သည်။ အခြားအမေရိကန် hardcore ဥပမာများမှာ Another State of Mind, Urban Struggle, The Decline of Western Civilization, American Hardcore နှင့် 30 Years of Northwest Punkတို့ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံ[ပြင်ဆင်ရန်]

မြောက်အမေရိကန် hardcore punk ဝါသနာအိုးများသည် T-shirt များ၊ ဂျင်းများ၊ စစ်ဖိနပ်များနှင့် အားကစားဖိနပ်နှင့် ကတုံးဆံပင်ပုံစံများ ထားရှိကြသည်။ hardcore ဖြစ်ရပ်တွင် အမျိုးသမီးများသည် စစ်ဘောင်းဘီများ၊ တီးဝိုင်း တီရှပ်များနှင့် ခေါင်းစွပ်ပါသော ဆွယ်တာအင်္ကျီများ ဝတ်ဆင်ကြသည်။ ဝတ်စားဆင်ယဉ်ပုံသည် hardcore ၏ စိတ်ကူးစိတ်သန်းများမှ ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ အမေရိကန်ယဉ်ကျေးမှုမှ ဟန်ဆောင်ကောင်းခြင်းနှင့် အမေရိကဆင်ခြေဖုံးမှ မကျေမနပ်ဖြစ်ခြင်းများ ပါဝင်သည်။ အဓိကပဓာနကျသော ဖက်ရှင်များမှာ စုတ်ဖြဲထားသောဂျင်းများ၊ စုတ်ဖြဲထားသော ခြေအိတ်ရှည်များဖြစ်သည်။ ၁၉၈၀ ၏ hardcore ဖြစ်ရပ်များသည် ၁၉၇၀ နောက်ပိုင်း punk rocker များ၏ ဝတ်ဆင်ပုံစံမျိုးဖြစ်သည်။ (ပေါင်းစပ်ထားသော ဆံပင်ပုံစံများ၊ ဆုတ်ဖြဲထားသော အဝတ်အစားများ၊ဖာထေးထားခြင်းများနှင့် တွယ်အပ်များ၊ သံမှိုများနှင့် ဆူးချွန်များပါဝင်သည်။

Siri C.Brockmeier ရေးသားထားသည်မှာ "hardcore ကလေးများသည် punk နှင့်မတူ" ဟူ၍ဖြစ်သည်။ hardcore ဖြစ်ရပ်မှ အဖွဲ့ဝင်များသည် အခြေခံကျသော အဝတ်အစားများ ဝတ်ဆင်ထားသည်။ ကွဲပြားသောအချက်မှာ အပေါ်အင်္ကျီဂျက်ကတ်နှင့်ဆူးချွန်လက်ဝတ်များနှင့် Mohawk hairstyle များနှင့် DIY အဝတ်အစား၏အလှအပကို သံမှိုများနှင့် ဆေးခြယ်ထားသော တီးဝိုင်းနာမည်များ၊ နိုင်ငံရေးဖော်ပြချက်များနှင့် ဖာထေးထားသော အဝတ်အစားဖြစ်သည်။ Tiffini A.Travis နှင့် Perry Hardy ဖော်ပြထားသည့် San Francisco hardcore ဖြစ်ရပ်တွင် စက်ဘီးစီးသည့်ပုံစံမှာ leather jackets၊ သံကြိုးများ၊ သံမှိုဆူးချွန်များ၊ နားကပ်များ ဆေးခြယ်ထားခြင်းနှင့်တက်တူးများ hairstyles စစ်တပ်ပုံစံများဖြင့် အနက်ရောင်(သို့) ရွှေရောင်ဆိုးထားသော Mohawks နှင့် ရိတ်ထားသော ဦးခေါင်းများပါဝင်သည်။

Circle Jerks တီးဝိုင်းမှာ Keith Morris ရေးသားထားသည်မှာ punk ဖြစ်ရပ်သည် အင်္ဂလိပ်ဖက်ရှင်ပေါ်တွင် အခြေခံထားသည်။ သို့သော် ကျွန်ုပ်တို့မှာ လုပ်စရာမရှိပါဘူး။ Black Flag နှင့် Circle Jerk သည်ဒီထက်ပိုဝေးပါတယ်။ ကလေးတွေဟာ gas station နှင့် sub တို့တွင် အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ Henry Rollings သည် Black Shirt နှင့် မှောင်မည်းသော ဘောင်းဘီများကို ဝတ်ဆင်ကြသည်။ ဖက်ရှင်များအပေါ်စိတ်ဝင်စားခြင်းမှာ စိတ်ပျံလွင့်စေသည်။ Murphy’s Law မှ Jimmy Gestap သည် နဂိုpunk style မှ hardcore ပုံစံသို့ပြောင်းလဲခဲ့သည်။

မဂ္ဂဇင်းများ (Zines)[ပြင်ဆင်ရန်]

Pre – internet ခေတ်၊ Fanzines များကို zine များဟု ခေါ်သည်။ hardcore ဖြစ်ရပ်မှ အဖွဲ့ဝင်များသည် တီးဝိုင်းများ၊ အသင်းများ၊ record label များလေ့လာခဲ့သည်။ Zines သည် show များနှင့် record များ၏ဆင်ခြင်သုံးသပ်ချက်များ၊ တီးဝိုင်းများနှင့် အင်တာဗျူးများ၊ စာသားများနှင့် record နှင့် label များ ပါဝင်သည်။ Zine များသည် DIY ထုတ်ကုန်များဖြစ်ပြီး ဂီတပညာရှင်များ၏ အိမ်တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး သီးခြားရပ်တည်နေသည်။ ၉၀ zine များသည် အဓိကကျသောနည်းလမ်းများသည် punkနှင့် hardcore ပေါ်တွင်ရှိသည်။ သူတို့သည် ဘလော့များ၊ ထင်မြင်သုံးသပ်ချက်များနှင့် social network များတွင် ပါဝင်လာကြသည်။

အမေရိကန် Midwest မှ Touch and Go သည် ၁၉၇၉မှ ၁၉၈၃ အတွင်းတွင် Midwest Hardcore ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ We Got Power သည် ၁၉၈၁ မှ ၁၉၈၄ တွင် LA ဖြစ်ရပ်ကို ဖော်ပြခဲ့သည်။ D.O.A, the Misfits, Black, Flag, Suicidal Tendencies နှင့် Circle Jerks တို့အပါအဝင် show ပွဲများ၏ ဆင်ခြင်သုံးသပ်ချက်များနှင့် တီးဝိုင်းများနှင့် အင်တာဗျူးများ ပါဝင်သည်။ My Rule သည် photo zine တစ်ခုဖြစ်ပြီး US ကိုဖြတ်သန်း၍ hardcore show များပါဝင်သည်။ ထိုဖြစ်ရပ်သည် ၁၉၈၈ တွင် New York City ဖြစ်ရပ်များပါဝင်သည်။ ၁၉၉၀ တွင် Maximum Rock ‘n’roll သည် de facto bible of the scence ဖြစ်ရပ်များဖြစ်လာခဲ့သည်။ Maximum Rock ‘n’ roll သည် လစဉ်သတင်းစာမဂ္ဂဇင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအများစုနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ MRR က "သေချာတိကျသော ဆင်ခြင်သုံးသပ်ချက်ဖြစ်သည်"ဟု ဆိုသည်။ Heartattack နှင့် Profane Existence အကြောင်းကို DIY ကပြောကြားထားသည်မှာ Heartattack သည် အီမို နှင့် post hardcore အကြောင်းအဓိကဖြစ်သည်။ Profane Existence သည် Crust punk အကြောင်းအဓိကထားသည်။ Bay Area Zine Cometbus က ၉၀ punk ယဉ်ကျေးမှု၏ လုံးဝသိမ်းဆည်းထားခြင်းဖြစ်ပြီး mainstream punk’s MTV/Wrarped Tour များကို ထောက်ပံထားခြင်းဖြစ်သည်။

၁၉၉၀ အခြား zine များမှာ Grearhead, Stug နှင့် Lettuce နှင့် Riot Grrl တို့ပါဝင်သည်။ Zine Standard Issue Chronicle တွင် Ottawa hardcore ဖြစ်ရပ်များ ပါဝင်သည်။ hardcore punk zines များသည် online ပေါ်တွင်ရရှိနိုင်လာသည်။ example သည် e-zine သည် ဩစတေးလျ hardcore ဖြစ်ရပ်ဖြစ်သည်။ Rest Assured ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Glasper 2004, p. 47
  2. Ellis၊ Iain (2008)။ Rebels Wit Attitude: Subversive Rock Humorists။ Counterpoint Press။ p. 172ISBN 9781593762063
  3. Thompson၊ Stacy (Feb 1, 2012)။ Punk Productions: Unfinished Business။ SUNY Press။ p. 71။ ISBN 9780791484609
  4. James F. Short၊ Lorine A. Hughes (Jan 1, 2006)။ Studying Youth Gangs။ Rowman Altamira။ p. 149။ ISBN 9780759109391
  5. Moore၊ Ryan (Dec 1, 2009)။ Sells like Teen Spirit: Music, Youth Culture, and Social Crisis။ NYU Press။ p. 50။ ISBN 9780814796030
  6. Waksman၊ Steve (Jan 5, 2009)။ This Ain't the Summer of Love: Conflict and Crossover in Heavy Metal and Punk။ University of California Press။ p. 210ISBN 9780520943889
  7. ၇.၀ ၇.၁ ၇.၂ Chapman၊ Roger (2010)။ Culture Wars။ M.E. Sharpe။ p. 449ISBN 9780765622501
  8. Leblanc၊ Lauraine (1999)။ Pretty in Punk: Girls' Gender Resistance in a Boys' Subculture။ Rutgers University Press။ p. 49ISBN 9780813526515