Dream pop

ဝီကီပီးဒီးယား မှ

Dream Pop သည် Alternative rock ၏ မျိုးတစ်မျိုးဖြစ်ပြီး ဤဝေါဟာရသည် ၁၉၈၀နောက်ပိုင်းတွင် Alex Ayulicက သူတီးဝိုင်း A.R.Kane ဂီတကို ဖော်ပြခြင်းဖြင့် ဝေါဟာရထွင်ခဲ့သည်။ ထို့နောက် နယူယောက် အခြေစိုက် ဂီတသတင်းစာဆရာ Simon Reynold က UK တွင် Shoegazing အဖြစ်အပျက်ဖော်ပြရာတွင် အသုံးပြုခဲ့သည်။ Reynolds သည် ဂီတအမျိုးအစားဖော်ပြရန် dream pop ဟူသော ဝေါဟာရကို ဂုဏ်ပြုခြင်းမှတ်တမ်းတင်ခဲ့သည်။ ၁၉၉၀တွင် dream pop နှင့် shoegazing တို့သည် ဒေသအလိုက် မှီခိုအားထားရသော နေရာချင်း ဖလှယ်၍ ရနိုင်သော ဝေါဟာရများဖြစ်လာခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုခြင်း[ပြင်ဆင်ရန်]

The Allmusic Guide က dream pop သည် alternative rock ၏စိတ်ကို လှုံ့ဆော်ပေးသော မျိုးခွဲတစ်မျိုးဖြစ်ပြီး Sonic Texture များအပေါ်တွင် မှီခိုအားထားသည်။ ဝိသသလက္ခဏာများမှာ breathy vocalများနှင့် guitar effects များကို သုံးထားသည်။ wall of noise များကို ထုတ်လုပ်ကြသည်။ ဤဝေါဟာရသည် shoegazing အဖြစ်အပျက်နှင့်ပတ်သက်သော တီးဝိုင်းများကို(အထူးသဖြင့် အမေရိကန်) ဖော်ပြရာတွင် အသုံးပြုကြသည်။ shoegazing သည် dream pop ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပုံ ပေါ်သည်။ dream pop သည် propulsive rock riff များထက် texture နှင့် mood များပေါ်ထွက်မှုများကို အာရုံစိုက်ထားသည်။ vocal များသည် လေတိုးသကဲ့သို့ သီဆိုပြီး စာသားများမှာ ကိုယ့်ကိုပြန်လည်ဆန်းသစ်သော စာသားများ(သို့) လူ့ဘဝနှင့်ဆိုင်သော အကြောင်းအရာများဖြစ်သည်။ album လက်ရာများမှာ အရောင်များဖျော့သောပုံများ(သို့) ပြင်ဆင်မှုမပါသော ဒီဇိုင်းများ(သို့) ထိုပုံစံနှစ်မျိုးပေါင်းစပ်ခြင်းပါဝင်သည်။ label record များမှာ 4AD(Cocteau Twins, Pale Saints, Lush, Swallow) Creation (My Bloody Valentine, Slowdive,Ride) Sub Pop(Velocity Girl), Sarah Records (Secret Shine), Slumberland(Black Tambourine, Swirlies), Cherry Red(Blind Mr.Jones)နှင့် Vernon Yard တို့ဖြစ်ပြီး ဤအမျိုးအစားအတွက် အရေးပါသော မှတ်တမ်းများဖြစ်သည်။ ၁၉၇၀တွင် George Harrisoinက All things Must Pass ကိုထုတ်လွှင့်ခဲ့ပြီး album ၏ Wall of Sound ကို ဂီတသတင်းစာဆရာ John Bergstrom က dream pop တွင် လွှမ်းမိုးနိုင်ခြင်း မှတ်တမ်းတင်ခဲ့သည်။