မြန်မာနိုင်ငံ၏ ဘာသာစကားများ

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဘာသာစကားများပြ မြေပုံ

မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။[၁] မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။[၂]

တိုင်းရင်းသား လူမျိုးစုများ ပြောဆိုအသုံးပြုသည့် ဘာသာစကားများကို အုပ်စုကြီးငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ယင်းတို့မှာ တရုတ်-တိဗက် (Sino-Tibetan)၊ မွန်-ခမာ (Austroasiatic)၊ တိုင်း-ကဒိုင် (Tai–Kadai)၊ အင်ဒို-ဥရောပ (Indo-European) နှင့် ဩစတြိုနီးရှန်း (Austronesian) တို့ဖြစ်ကြပြီး[၃] သင်္ကေတ ဘာသာစကား ကိုလည်း အသုံးပြုသည်။[၄]

မြန်မာဘာသာစကား[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ မြန်မာဘာသာစကား

မြန်မာဘာသာစကားသည် ဗမာလူမျိုးများနှင့် ဆက်စပ်လူမျိုးခွဲတို့၏ ဒေသခံစကားဖြစ်သည်။ မြန်မာဘာသာစကားကို လူဦးရေ ၃၆သန်းခန့်က ပင်ကိုဘာသာစကားအဖြစ် အသုံးပြုနေကြသည်။ အခြားလူဦးရေ ၁၀ သန်းခန့်သည် မြန်မာဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုသည်။

မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ပါဝင်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) ၏ အခွဲဖြစ်သော Burmish ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ တိဗက်-ဗမာနွယ်စကားအုပ်စုတွင် မြန်မာဘာသာသည် အကျယ်ပြန့်ဆုံး ပြောဆိုသုံးနှုန်းသည့် စကားဖြစ်ကာ တရုတ်-တိဗက် ဘာသာစကားများတွင် ဒုတိယအကျယ်ပြန့်ဆုံး ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။[၅] မြန်မာဘာသာသည် တရုတ်-တိဗက် ဘာသာစကားများတွင် စတုတ္ထမြောက် အရေးအသားစနစ်ကို ဖွံ့ဖြိုးသည့် ဘာသာဖြစ်သည်။ မြန်မာစာများတွင်ပါဠိစကားလုံးများကိုထည့်သွင်းအသုံးပြုကြပေသည်။[၅]

တိုင်းရင်းသား ဘာသာစကားများ[ပြင်ဆင်ရန်]

မြန်မာဘာသာစကားနှင့် မြန်မာဒေသိယစကားများ အပြင်၊ ရှမ်းဘာသာစကား (၃.၂ သန်း ပြောဆို)၊ ကရင်ဘာသာစကား (၂.၆ သန်း ပြောဆို)၊ ဂျိန်းဖောဘာသာစကား (၉၀၀,၀၀၀ ခန့်ပြောဆို)၊ အမျိုးမျိုးသော ချင်းဘာသာစကား (၇၈၀,၀၀၀ ပြောဆို) နှင့် မွန်ဘာသာစကား (မွန်-ခမာ၊၁.၁ သန်း ခန့်ပြောဆို) အပါအဝင် အခြားဘာသာစကား တစ်ရာခန့်ရှိသည်။[၁][၃] ထိုဘာသာစကားအများစုသည် မြန်မာအက္ခရာကို အသုံးပြုကြသည်။

မြန်မာ သင်္ကေတဘာသာစကားသည် တစ်မျိုး သို့မဟုတ် နှစ်မျိုးရှိသည်ဆိုသည်မှာ တိတိကျကျ မသိရပေ။

အင်္ဂလိပ်ဘာသာစကား[ပြင်ဆင်ရန်]

ယနေ့အချိန်တွင် မြန်မာဘာသာစကားသည် ပင်မဘာသာစကားဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား အနေဖြင့် ပြောဆို အသုံးပြုနေကြသည်။[၆] ၁၉ ရာစုနှောင်းပိုင်း မှ ၁၉၆၄ ခုနှစ်အထိ အဆင့်မြင့်ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသည် ပင်မဘာသာစကား ဖြစ်ခဲ့သည်။[၇]


အောက်ခြေမှတ်စု[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Goddard 2005
  2. Burmese at Ethnologue
  3. ၃.၀ ၃.၁ Lewis 2009, Languages of Myanmar
  4. Mathur & Napoli, 2010, Deaf around the World: The Impact of Language
  5. ၅.၀ ၅.၁ Bradley 1993, p. 147.
  6. Lintner 2003, p. 189
  7. Thein 2004, p. 16

ကျမ်းကိုး စာစုစာရင်း[ပြင်ဆင်ရန်]

  • Goddard၊ Cliff (2005)၊ The Languages Of East And Southeast Asia: An Introduction၊ Oxford University Press၊ ISBN 0-19-924860-5
  • Lewis၊ M. Paul, ed. (2015)၊ Ethnologue: Languages of the World (18 ed.)၊ SIL International4 April 2015 တွင် ပြန်စစ်ပြီး
  • Lintner၊ Bertil (2003)၊ "Myanmar/Burma"၊ in MacKerras၊ Colin (ed.)၊ Ethnicity in Asia၊ Routledge၊ ISBN 0-415-25816-2
  • Thein၊ Myat (2004)၊ Economic Development of Myanmar၊ Institute of Southeast Asian Studies၊ ISBN 981-230-211-5

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]