ဦးဘွန်းတု

ဝီကီပီးဒီးယား မှ
ဦးဘွန်းတု
Ubuntu 23.10 "Mantic Minotaur"
ဖန်တီးသူCanonical Ltd., Ubuntu community
အိုအက်စ်အဖွဲ့ဝင်လင်းနက်စ်
လက်ရှိအခြေအနေလက်ရှိ
ရင်းမြစ်အမျိုးအစားOpen source (with exceptions)[၁]
ကနဦးဖြန့်ချီခြင်း၂၀ အောက်တိုဘာ ၂၀၀၄; ၁၉ နှစ် အကြာက (၂၀၀၄-၁၀-20)
နောက်ဆုံးဖြန့်ချီခြင်းUbuntu 19.04 Disco Dingo / ၁၈ ဧပြီ ၂၀၁၉ (၄ နှစ် အကြာက) (၂၀၁၉-၀၄-18)[၂]
နောက်ဆုံးအစမ်းဗားရှင်းUbuntu 18.10 Cosmic Cuttlefish / ၁၁ အောက်တိုဘာ ၂၀၁၈ (၅ နှစ် အကြာက) (၂၀၁၈-၁၀-11)
ဈေးကွက်ပစ်မှတ်Personal computers, Server (computing) servers, smartphone, tablet computers (Ubuntu Touch), smart TV (Ubuntu TV)
ရရှိနိုင်မည့်
ဘာသာစကားများ
ဘာသာစုံ (၅၅ မျိုးအထက် by LoCos
အဆင့်မြှင့်တင်မှုနည်းလမ်းAdvanced Packaging Tool/APT (Software Updater, Ubuntu Software Center)
ကာနဲလ် အမျိုးအစားMonolithic kernel (Linux kernel)
လိုင်စင်Free software licenses
(mainly GPL)
ဝက်ဘ်ဆိုဒ်ubuntu.com

ဦးဘွန်းတု (အင်္ဂလိပ်: Ubuntu) (အင်္ဂလိပ် အသံထွက်: /ʊˈbuːntʊ/ uu-BOON-tuu) သည် လင်းနပ်စ် အခြေခံ ဒီဘီယန်း မှ ခွဲထွက်လာသော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် တစ်ခုဖြစ်သည်။ ဦးဘွန်းတုသည် သာမန် ကွန်ပျူတာသုံးစွဲသူများအတွက် လွယ်ကူစွာ သွင်းယူ၍ အသုံးပြုနိုင်စေရန်နှင့် ခေတ်မီပြီး တည်ငြိမ်သော စီမံစနစ် တစ်ခုကို ပေးအပ်ရန်ဖြစ်သည်။ ဂရပ်ဖစ်အသားပေးသည့် Gnome desktop environment ကို အသုံးပြုသည်။ စတင်သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစွာ အသုံးပြုစေနိုင်ရန်လည်း ရည်ရွယ်စီမံထားပြီး၊ Ubuntu ဟူသည့် အဓိပ္ပာယ်မှာ အာဖရိကန်ဘာသာဖြစ်၍ "တဦးနှင့် တဦး စာနာထောက်ထားခြင်း" ဟု အဓိပ္ပာယ်ရသည်။ အခြေခံ လူ့အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကွန်ပျူတာ စီမံစနစ် တစ်ခုဖြစ်သည်။ ၎င်းကို လက်ဆွဲကွန်ပျူတာမှအစ၊ စားပွဲတင်ကွန်ပျူတာနှင့် ဆာဗာကွန်ပျူတာအဆုံး အသုံးပြုနိုင်သည်။ ဦးဘွန်းတု နှင့်အတူ ၎င်းအမျိုးအစားများ ဖြစ်ကြသည့် ကုဘွန်းတု၊ ဆုဘွန်းတု၊ နှင့် အက်ကျူဘွန်းတု ဟူ၍ ရှိသေးသည်။

မူကွဲများ[ပြင်ဆင်ရန်]

ကုဘွန်းတု 12.04၏ မျက်နှာသွင်ပြင်

ကုဘွန်းတု(Kubuntu) စနစ်တွင် KDE environment အား အသုံးပြုထားသည်ကို တွေ့ရသည်။၊ K Desktop ဟု အများက ခေါ်ဆိုကြသည်။ ၎င်းစနစ်မှာ အနည်းငယ် အဆင့်မြင့်သည့်အတွက် လင်းနစ်သုံးစွဲပုံ ကျေညက်ပြီးသော သုံးစွဲသူများအတွက် သင့်တော်သည်။ အုဘွန်းတုကဲ့သို Configuration Options များ သည် မလွယ်ကူသည့်အတွက် အဆင့်မြင့်သည် ဟု သတ်မှတ်နိုင်သည်။ ၎င်းတွင်လည်း konqueror ကဲ့သို့ web browser နှင့် File Manager ၊ Kopete ကဲ့သို့သော Instant Messenger ၊ K3B ကဲ့သို့ စီဒီ ရေး/ဖတ်စက်များအား အဆင့်သင့် ထည့်သွင်းပေးထားသည်။

ဆုဘွန်းတု(Xubuntu) ဆိုသည်မှာ Gnome နှင့် KDE များထက် ပေါ့ပါးသော Xfce Environment ကို သုံးသည်။ ဆုဘွန်းတုသည် ဦးဘွန်းတု၊ ကုဘွန်းတု များကဲ့သို့ အသွင်အပြင်ပိုင်းကို ဦးစားမပေးချေ။ ၎င်းသည် မှတ်ဉာ‎ဏ် ၁၂၉ နှင့် ၂၅၆ မီဂါဘိုက်အခြေအနေတွင်ပင် ပေါ့ပါးစွာ သုံးနိုင်သော စွမ်းရည်ရှိသည်။ သို့သော် ကုဘွန်းတု၊ ဦးဘွန်းတု ထက်မလျော့သော point & click configuration options များဖြင့် ပြုလုပ်ထားသည်ကို တွေ့ရသည်။

အက်ကျူဘွန်းတု(Edubuntu) သည် ပညာရေးဝန်ဆောင်မှု အတွက်သာ သီးသန့်ထုတ်လုပ်ထားသည်။ ၎င်းကို Gnome ၌ ထည့်သွင်းသော်လည်း ဦးဘွန်းတု ကဲ့သို့ Default Applications မဟုတ်ပေ။ ပညာရေး ကဏ္ဍတွင် အသုံးပြုသည့် သီးသန့် apps များဖြင့် တန်ဆာဆင်ထားသည့်အပြင် GPaint, Atomix နှင့် Xaos တွင် ပါရှိသော apps များလည်း ပါဝင်သည်။

Ubuntu ထည့်သွင်းခြင်း၏အစ ကြိုဆိုပါ၏ မျက်နှာပြင်အားတွေ့ရပုံ

အထက်ဖော်ပြပါအတိုင်း Ubuntu မျိုးကွဲများတွင်ပင် သုံးစွဲသူအလိုက် ၄ မျိုး ထပ်မံခွဲခြားနိုင်သည်။ အကယ်၍ သင်သည် program၊ publications web များ ရေးသားသူတစ်ဦးဖြစ်ပါက အနည်းငယ်မျှ အဆင့်မြင့်သည် Kubuntu သုံးစွဲနိုင်သကဲ့သို့ ၊ Gnome ‎ဂရပ်ဖစ်ပုံစံများအား ကြိုက်နှစ်သက်လျှင် Ubuntu ကို အသုံးပြုနိုင်သည်။ ။ မိမိအနေဖြင့် Kubuntu-Deskop ကို Ubuntu ပေါ်၌ သုံးစွဲလိုလျှင်လည်း ရနိုင်သည်။ Gnome နှင့် KDE native applications ကိုလည်း Xfce တွင် သုံးနိုင်သည်။ လိုက်လျောညီထွေမှု အပြည့်ရှိသည် ဆိုလျှင် မမှားချေ။ အဘယ်ကြောင့်ဆိုသော ထို Ubuntu, Kubuntu, Xubuntu နှင့် Edubuntu များ၏ applications များသည် ၎င်းတို့အချင်းချင်း တာဝန်ခွဲဝေ‌ အသုံးပြုနိုင်သော အလေ့အထကြောင့်ပင် ဖြစ်သည်။

ဖြန့်ချိပြီးအမျိုးအစားများ[ပြင်ဆင်ရန်]

ဦးဘွန်းတု ၁၂.၀၄ ဆာဗာ ထည့်သွင်းစဉ်

ဦးဘွန်းတု သည် လူကြိုက်များသော အမျိုးအစားတစ်ခုဖြစ်ပြီး ၂၀ ရက်နေ့ အောက်တိုဘာလ ၂၀၀၄ ခုနှစ်တွင် ပထမဆုံအကြိမ် စတင်၍ လူအများထံ သို့ ဖြန့်ချိခဲ့သည်။ အုဘွန်းတု ကို အာဖရိကန်ဘာသာစကားဖြင့် "တစ်ဦးနှင့် တစ်ဦး စာနာထောက်ထားခြင်း" ဟု အဓိပ္ပာယ်ရပြီး အခြေခံ လူ့အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော Operating System တစ်ခုဟု ဆိုနိုင်သည်။ Laptop, Desktop များသာမက Server ကွန်ပျူတာများအတွက်ပါ အသုံးပြုနိုင်သည်။ ဦးဘွန်းတု သည် ဂရပ်ဖစ်များအား အသားပေးသော Gnome Desktop eEnvironment ကိုသုံးပြီး စတင်သုံးစွဲသူများအတွက် အထူးသင့်လျော်သော အမျိုးအစားတစ်ခု ဖြစ်သည်။

Ubuntu သည် Debian အမည်ရှိ Linux Distro တစ်ခု၏ code project မှတစ်ဆင့် ဆင်းသက်လာသည်။ Ubuntu ၏ မူလရည်မှန်းချက်မှာ လွယ်လွယ်ကူကူ လွတ်လွတ်လပ်လပ်သုံးစွဲနိင်သော (အခမဲ့ ဟူသော အဓိပ္ပာယ်ထက် လွတ်လပ်မှုကို ပိုမိုရည်ညွန်းသည်) Linux Distro တစ်ခုဖြစ်သည်။ Ubuntu ၏ဆောင်ပုဒ်မှာ "လူသားများအတွက် Linux" ( Linux for human being ) ဟူ၍ ဖြစ်သည်။ Ubuntu Distro များကို ခြောက်လတစ်ကြိမ် ထုတ်လုပ်လျက်ရှိပြီး လေးကြိမ် (၂၄ လကြာတိုင်း) တစ်ခါ LTS (Long Term Support ) အနေဖြင့် ထုတ်လုပ်သည်။ LTS distro များသည် Desktop version များအတွက် သုံးနှစ် အထိ အခက်အခဲများကို တရားဝင်ကူညီဖြေရှင်းပေးပြီး Server Version များတွင်မူ ငါးနှစ်အထိ ပံပိုးသည်။ 11.04 (Natty Narwhal) မှအစပြု၍ မူရင်း GNOME Desktop Environment အစား QT ကိုအသုံးပြုထားသည်။ ရည်ရွယ်ချက်မှာ ရွေ့လျားအသုံးပြုနိုင်သော စက်ပစ္စည်းများအပေါ်တွင် ပံပိုးရန်ရည်ရွယ်ထားသည်။ Ubuntu သည် မူရင်း Debian မှမွေးဖွားလာသောကြောင့် Software အများစုသည်လည်း Debian မှအသုံးပြုသော Software များပင်ဖြစ်သည်။

ထိုကြောင့် Ubuntu တွင် Debian တွင်အသုံးပြုသော .deb package များကို အသုံးပြုနိုင်သည်။ .deb package ဆိုသည်မှာ debian binary ကိုဆိုလိုခြင်းဖြစ်ပြီး ဝင်းဒိုးစ် ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် မှ .exe နှင့်အလားတူသည်ဟု ဆိုနိုင်သည်။ Ubuntu ကို ၂၀၀၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် Canonical ကုမ္ပဏီလိမိတက်မှ စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်သူမှာ မက် ရှယ်တယ်ဝပ် ဖြစ်သည်။ Ubuntu စတင်တည်ထောင်ချိန်တွင် အမေရိကန်ဒေါ်လာ ၁၀သန်းဖြင့် စတင်ခဲ့သည်။ အဆိုပါအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ထပ်မံထွက်ရှိလာသော Ubuntu ၏ version အားလုံးကို ကူညီပံပိုးရန်ဖြစ်သည်။ မက် ရှယ်တယ်ဝပ် မှာလည်း အာဖရိက လူမျိုး အာကာသယာဉ်မှူးဟောင်းတစ်ဦးပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ် မတ်လ ၁၂ ရက်တွင်မူ Ubuntu သည် Amazon EC2 ကဲ့သို့သော Cloud Computing နည်းပညာကို စတင်ပံပိုးမည်ဟု ကြေညာခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိ ထွက်ရှိခဲ့ပြီးသော ဦးဘွန်းတုများမှာ အောက်ပါအတိုင်းဖြစ်သည်။

စက်အတွင်းသို့ ထည့်သွင်းခြင်း[ပြင်ဆင်ရန်]

Ubuntu ကို Install လုပ်ရာတွင်ယေဘူယျအားဖြင့်နည်းလမ်းနှစ်မျိုးရှိသည်။ သာမန် အခြားသော Operating System များ Install လုပ်သကဲ့သို့ Partition ပိုင်း၍ Install လုပ်ခြင်းနှင့် Wubi (Window Ubuntu Binary Installer ) ကိုအသုံးပြု၍ Install လုပ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ wubi ကိုအသုံးပြုခြင်းဖြင့် Partition ပိုင်းစရာမလိုသည့်အပြင် Install ပြုလုပ်ချိန်မှာ ၁၅မိနစ်ခန့်သာကြာဖြင့်သဖြင့် အထူးလူကြိုက်များကျော်ကြားသော နည်းလမ်းတစ်ခုဖြစ်သည်။

ပြည်တွင်းအထောက်အပံ့[ပြင်ဆင်ရန်]

Ubuntu LoCo Team ဟု ခေါ်ဆိုသည့် ပြည်တွင်း အထောက်အကူပြု Local Community များသည် Ubuntu ၏ ထူးခြား အာသာချက်များအဖြစ် တည်ရှိနေသည်။ ပြည်တွင်းတွင် မိခင်ဘာသာစကားဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း အကူအညီရယူနိုင်ခြင်း မှအစ မိခင်ဘာသာစကားဖြင့် အသုံးပြုနည်း လမ်းညွှန်များ ညွှန်ကြားချက်များကိုလဲ ထောက်ပံ့လေ့ရှိကြသည်။ LoCo Team များကို နေရာ ဒေသအလိုက် ဖွဲ့စည်းလေ့ ရှိပြီး ထိုအဖွဲ့နှင့် ဆက်စပ်၍ ကွန်ပျူတာသုံးစနစ်ကို ဘာသာပြန်ဆိုသည့် အဖွဲ့အစည်း၊ အသုံးပြုနည်း လမ်းညွှန်ချက်ကို ဘာသာပြန်ဆိုသည့် အဖွဲ့အစည်း၊ သင်ကြားရေး အဖွဲ့အစည်း၊ တိုးတက်စေရေး အကြံပြုကြသူများ၊ ဆော့ဝဲ ရေးသားကြသူများ၊ အနုပညာပညာဆိုင်ရာ အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းငယ်များဖြင့် ဖွဲ့စည်းလေ့ရှိသည်။

မူရင်း LoCo Team Archived 11 January 2020 at the Wayback Machine. စာရင်းတွင် LoCo Team List ကို ကြည့်ရှုနိုင်သည်။ အာရှ၏ Team ပေါင်း ၆၀ ကျော်တွင် Myanmar Team နှင့် Korea Team သည် တရားဝင်အသိအမှတ်ပြုခံထားရသည်။ Ubuntu Myanmar LoCo Team သည် 100% ပြည့် ထောက်ခံချက်ရရှိပြီး ၁၀ နှစ် ဆက်တိုက် တက်ကြွလှုပ်ရှားမှု ရှိသော အသင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ထားကြသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၂၃ မြို့ နေရာပေါင်း ၅၇ နေရာတွင် ပွဲပေါင်း ၁၃၇ ပွဲ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။

အနာဂတ်[ပြင်ဆင်ရန်]

ဦးဘွန်းတု၏ ထူးခြားသော အချက်မှာ အခမဲ့ခြင်း ဖြစ်သည်။ ဦးဘွန်းတုအား ဦးဆောင်သူများက ၎င်းတို့၏ ဝက်ဆိုဒ်တွင် ဦးဘွန်းတုသည် အမြဲတမ်း အခမဲ့ဖြစ်သည်ဟု ဖော်ပြထားလေသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အိုင်တီလောကအတွက် ငွေကုန်ကြေးကျ သက်သာစေမည့် အစီအစဉ်ပင်ဖြစ်သည်။ Installations CD/DVD များအားလည်း အခမဲ့ မှာယူရရှိနိုင်သည်။ သို့သော် ၂၀၁၀ခုနှစ် နှောင်းပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် Shipit အစီအစဉ်ကို ရပ်ဆိုင်းထားသည်။ Ubuntu Loco Team များမှတစ်ဆင့်သာ မှာယူရရှိနိုင်သည်။

လင်းနစ်ခ် သုံးခြင်းဖြင့် ကွန်ပျူတာကို လုံလုံခြုံခြုံ သုံးနိုင်သည့်အပြင် ၎င်းတွင်ရှိသည့် အစိတ်အပိုင်းတိုင်းကိုလည်း ပြုပြင်နိုင်ခွင့် ရှိသည်။

ဦးဘွန်းတု တိုးတက်ရေး ညီလာခံအဖွဲ့၏ ဓာတ်ပုံ

ကိုးကား[ပြင်ဆင်ရန်]

  1. Explaining Why We Don't Endorse Other Systems။ the Free Software Foundation။ 14 July 2015 တွင် ပြန်စစ်ပြီး။
  2. Conrad၊ Adam (18 April 2019)။ Ubuntu 19.04 (Disco Dingo) released

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]