ရိုင်ဖယ်

ဝီကီပီးဒီးယား မှ
၁၉၀၅ ခုနှစ်နောက်ပိုင်း မှ ပေါ်ပေါက်လာသော ရိုင်ဖယ်များ
၁၉၀၅ ခုနှစ်နောက်ပိုင်း မှ ပေါ်ပေါက်လာသော ရိုင်ဖယ်များ
M1903 Springfieldရိုင်ဖယ်

ရိုင်ဖယ်ဆိုသည်မှာ သေနတ်အမျိုးအစားတစ်မျိုးဖြစ်ပြီး သေနတ်ဒင်နှင့် ပြောင်းရှည်တို့ပါဝင်ကာ ပခုံးတွင်ထောက် ၍ပစ်ခတ်ရသည်။ ပြောင်းအတွင်းပါရှိသည့် ပြောင်းရစ်ကို အစွဲပြုကာ ရိုင်ဖယ်ဟု ခေါ်ခြင်းဖြစ်သည်။ ရိုင်ဖယ်သေနတ်အား ဝေးကွာသည့်ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်ရန် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အရပ်ဖက်တွင် ရိုင်ဖယ်အား သေနတ်ဟူ၍ လည်ကောင်း၊ ဒင်ပါရှိသော သေနတ်များကို ရိုင်ဖယ်ဟူ၍လည်ကောင်း မှားယွင်းစွာ ခေါ်ဝေါ်လေ့ရှိကြသည်။ ရိုင်ဖယ်သေနတ်များအား စစ်ဖက်၊ အမဲလိုက်ခြင်းနှင့် သေနတ်ပစ်အားကစားများ တွင်အသုံးပြုကြသည်။

အခြေခံအလုပ်လုပ်ပုံ[ပြင်ဆင်ရန်]

ရိုင်ဖယ်ပြောင်းအတွင်းပိုင်း

ကျည်ခွံအိမ်နောက်ဖက်အား မောင်းတံရိုက်မိသောအခါ ယမ်းပေါက်ကွဲပြီး ပြောင်းတွင်းသို့ ကျည်ဖူး ရောက်သွားသည်။ ပြောင်းအတွင်းပိုင်း၌ ဝက်အူရစ်သဖွယ် လမ်းကြောင်းဖော်ထားသည့် ပြောင်းရစ်ကြောင့် ယမ်းအားဖြင့် တိုးထွက်လာသောကျည်ဖူးအား ဆွဲမွှေ့ကာ ချိန်ထားရာနေရာသို့ ပစ်ပေးသည်။ ထို့သို့လည်ပတ်သွားသော ကျည်ဖူးသည် Angular Momentum ခေါ် ရူပဗေဒနိယာမအား လိုက်နာခြင်းဖြင့် အရှိန်ကျနှုန်းအား ထိန်းသိမ်းနိုင်သည့်အပြင် ပစ်မှတ်အား ပိုမိုတိကျစွာ ရောက်ရှိနိုင်သည်။ ရှေးအခါက သေနတ်ကျည်ဆန်များအတွက် ယမ်းမှုန့်နက် နှင့်ကော်ဒိုက်ယမ်း တို့ကို အသုံးပြုကြ သော်လည်း နောက်ပိုင်းတွင် ပိုမိုပေါက်ကွဲအား ပြင်းထန်သည့် နိုက်ထရိုဆဲလူးလို့ဒြပ်ပေါင်းအား အသုံးပြုလာကြသည်။

ပေါ်ပေါက်လာပုံသမိုင်း[ပြင်ဆင်ရန်]

ရိုင်ဖယ် ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ တိကျသောသမိုင်း အထောက်အထားများစွာ မကျန်ခဲ့ပေ။ သို့သော် (၁၅) ရာစုခန့် ဥရောပတွင် တွင်ကျယ်စွာ အသုံးပြု နေသည့် Musketခေါ် ယမ်းထိုးသေနတ်များ၏ ချို့ယွင်းချက်များအား ပိုမိုကောင်းမွန်အောင် ဖန်တီးရာမှ ရိုင်ဖယ်လင်း ခေါ် သေနတ်ပြောင်းအတွင်း အရစ်ဖော်ခြင်း ခေတ်စားလာခဲ့ သည်။ နပိုလီယံစစ်ပွဲအတွင်းတွင် ဗြိတိသျှစစ်တပ်မှ Baker ရိုင်ဖယ်အမည်ရှိ ရိုင်ဖယ် တစ်မျိုးအား စမ်းသပ်နေခဲ့ပြီးနောက် စပိန်နှင့်ပေါ်တူဂီ စစ်ပွဲများတွင် စတင် အသုံးပြုကြည့်ခဲ့သည်။ ထိုရိုင်ဖယ်များသည် Musketသေနတ်များ ထက် ပိုမိုကွာဝေးအောင် ပစ်နိုင်သည့်အပြင် ပိုမို၍လည်း တိကျမှု ရှိသောကြောင့် အောင်မြင်မှု ရရှိခဲ့သည်။

ခေတ်သစ် အမဲလိုက်ရိုင်ဖယ်

၁၉ရာစုအရောက်တွင် ဆလင်ဒါပုံ ပြောင်းများအသုံးပြုလာကြပြီး ကျည်ဆန်ပုံသဏ္ဍန်ပါ ပြောင်းလဲလာခဲ့ကြသည်။ ၁၉ရာစုနှောင်းပိုင်းတွင် ဂျာမန်လက်နက်ထုတ်လုပ်သူ Paul Mauser၏ Mauser ရိုင်ဖယ် စတင်ပေါ်ထွက်လာခဲ့ပြီး ကျည်ဆန်ငါးတောင့်ဝင် ကျည်ကတ်အား အသုံးပြုခဲ့သည်။ ထို့နောက် ဗြိတိသျှတပ်မှ ကျည်ဆန်ဆယ်တောင့်ဝင် Lee-Enfield ရိုင်ဖယ်များ အသုံးပြုလာကြပြီး ၁၉၀၃ ခုနှစ်တွင် အမေရိကန်လုပ် Springfield ရိုင်ဖယ်များ အသီးသီးပေါ်ထွက်လာခဲ့ကြသည်။

ပထမ ကမ္ဘာစစ်သည် ရိုင်ဖယ်၊ စက်သေနတ်နှင့် အမြောက်များ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည့် ပထမဆုံး စစ်ပွဲဖြစ်သည့်အပြင် ထိုလက်နက်များ၏ အဖျက်စွမ်းအားနှင့် အရေးပါပုံကြောင့် မရှိမဖြစ်လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ ဖြစ်လာကြသည်။ ပထမကမ္ဘာစစ် အတွေ့အကြုံအရ သာမန်ရိုင်ဖယ်များသည် မီတာ၃၀၀ အောက်လျော့သော အနီးကပ်တိုက်ပွဲများတွင် အသုံးပြုရခက်ခဲကြောင်း သိရှိလာပြီးနောက် ပိုမိုပေါ့ပါးသလို ဘက်စုံအသုံးပြုနိုင်သော ရိုင်ဖယ်များပါ တီထွင်လာခဲ့ ကြသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းနှင့် စစ်ပြီးနောက်ပိုင်းတွင် ရိုင်ဖယ်များ၏ စွမ်းရည်မှာ အံ့မခန်း ကြောက်စရာကောင်းခဲ့သည်။

ရိုင်ဖယ်အမျိုးမျိုး[ပြင်ဆင်ရန်]

အမျိုးအစား[ပြင်ဆင်ရန်]