Glam metal

ဝီကီပီးဒီးယား မှ

Glam Metal (hair metal, sleaze metal မကြာခဏ pop metal နှင့်ဆင်တူသည်) hard rock နှင့် heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ ယင်းသည် ထိုအမျိုးအစားများ၏ အစိတ်အပိုင်းများနှင့် punk rock နှင့် pop ဂီတများနှင့် ပေါင်းစပ်ထားသည်။ catchy hooks နှင့် guitar riff များ ပေါင်းထည့်ထားသည်။ ၁၉၇၀ ခုနှစ်များမှ glam rock ၏ အနုပညာရသများကို ယူသုံးထားသည်။

ပုံစံများကို Aerosmith, Alice Cooper, Boston, Cheap Tricks, Kiss, The New York Dolls နှင့် Van Halen တို့ ဖျော်ဖြေတင်ဆက်မှုများတွင် ရှာဖွေတွေ့ရှိနိုင်သည်။ ၁၉၇၀ နောက်ပိုင်းနှင့် ၁၉၈၀ အစောပိုင်းတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် Los Angeles Sunset Strip ဂီတဖြစ်ရပ်တွင် ဖြစ်သည်။ တီထွင်ခဲ့သောတီးဝိုင်းများမှာ Motley Crue, Quiet Riot, Ratt နှင့် New Jersey နှင့် Bon Jovi တို့ဖြစ်သည်။ ၁၉၈၀ နှင့် ၁၉၉၀ အစပိုင်းတစ်လျှောက် ကျော်ကြားခဲ့သည်။ အရေးပါသောတီးဝိုင်းများမှာ Poison, Cinderella နှင့် warrant တို့ပါဝင်သည်။ glam metal သည် ဝင်းလက်တောက်ပသော အဝတ်အစားများနှင့် make-up များနှင့် ဆက်စပ်နေသည်။ ဥပမာအားဖြင့် Poison တီးဝိုင်းသည် ကြမ်းတမ်းသောဆံပင်ရှည်များ၊ နောက်လှန်ဖြီးထားသောဆံပင်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ သံတိုသံမှိုများ၊ leather နှင့် make up များကို သူတို့၏ ဖျော်ဖြေမှုများတွင် တွေ့ရသည်။ ၁၉၈၀ နောက်ပိုင်းတွင် mainstream တွင် ဆုံးရှုံးလာခဲ့သည်။ ၁၉၉၀ အစောပိုင်းတွင် grunge ပေါ်ထွက်လာခြင်းနှင့်အတူ ကျဆင်းလာခဲ့သည်။ ထောင်စုနှစ်သစ်တွင် ဤအမျိုးအစား၏ ကျော်ကြားသော ဖျော်ဖြေပွဲများ ပြန်လည်ပေါင်းစည်းလာကတည်းက ပြန်လည်ရှင်သန်လာခဲ့သည်။ တီးဝိုင်းအသစ်များတွင် UK မှ The Darkness နှင့် Los Angeles မှ Steel Panther တို့ပါဝင်သည်။

ဝိသေသ လက္ခဏာများ[ပြင်ဆင်ရန်]

အခြား ၁၉၈၀ ခုနှစ်များ၏ heavy metal သီချင်းများကဲ့သို့ သူတို့သည် shred guitar solo နှင့် ထူးခြားသည်။ harmony များကို ကျယ်ပြန့်စွာ အသုံးပြုထားသည်။ အထူးသဖြင့် power ballads ဝိသေသလက္ခဏာများဖြစ်သော slow, motional သီချင်းဖြစ်ပြီး တဖြည်းဖြည်းဖြင့် တေးအဆုံးပိုင်းအထိ ပြင်းထန်စွာ တည်ဆောက်ထားသည်။ ဤအမျိုးအစားထဲမှ single သီချင်းများသည် စီးပွားရေးအရ အအောင်မြင်ဆုံးဖြစ်ခဲ့သည်။ ပရိသတ်များ ကျယ်ပြန့်လာခဲ့သည်။ traditional heavy metal များသို့ မဆွဲဆောင်ခဲ့ပေ။ စာသားအကြောင်းအရာများမှာ အချစ်နှင့်ဆက်စပ်နေပြီး blue ဂီတ၏ ရိုးရာဗီဇနှင့် ဆက်စပ်နေသည်။ သီချင်းများမှာ အထူးသဖြင့် အမျိုးသမီးများကို ဦးတည်ထားသည်။ glam metal သည် ၎င်းတို့၏မြတ်နိုးမှုဆိုင်ရာ glam rock (သို့) glitter rock ( ၁၉၇၀)မှ ကြီးမားစွာရေးဆွဲထားသည်။ မကြာခဏ ဆံပင်ကို နောက်လှန်ဖြီးကြပြီး make up များကို အသုံးပြုကြသည်။ ပြောင်ပြောင် လက်လက်အဝတ်အစားများနှင့် အသုံးအဆောင်များ ဝတ်ဆင်ကြသည်။ glam metal ၏ကဏ္ဍများကို ဂီတရုပ်မြင်သံကြားများ ထုတ်လုပ်သူများသို့ အယူခံဝင်ကြသည်။ အထူးသဖြင့် MTV အမျိုးအစားတိုးတက်လာမှုနှင့်အတူ ထူထောင်ခြင်းသည် တိုက်ဆိုင်နေသည်။ glam metal ဖျော်ဖြေသူများသည် မူးယစ်ဆေးဝါးနှင့် အသောက်လွန်ကြူးသည့် ဘဝနေထိုင်မှု ပုံစံများ၊ အဖော်အချွတ်ကပြမှုများနှင့် ညနက်ပါတီများကြောင့် နာမည်ပျက်လာခဲ့သည်။ ဆေးပြားငယ်များကို ကျယ်ပြန့်စွာ အသုံးပြုလာခဲ့သည်။

ပညာရပ်ဝေါဟာရ[ပြင်ဆင်ရန်]

ဤဝေါဟာရသည် lite metal နှင့် ဆက်စပ်နေသည်။ glam metal melodic metal, false metal poodle တီးဝိုင်းများ၊ nerf metal, pop metal (သို့) metal pop တို့ပါဝင်သည်။ ဝေဖန်ရေးသမား Philip Bashe က Van Halen နှင့် Def Leppard တီးဝိုင်းတို့ကို ဖော်ပြသုံးနှုန်းခဲ့သည်။ Allmusic မဂ္ဂဇင်းက pop metal ကို ခွဲခြမ်းပြသခဲ့သည်။ hard rock နှင့် heavy metal အဖြစ်အပျက်များ(၁၉၈၀) ကို ရည်ညွန်းသည်။ ( Def Leppard, Bon Jovi, Europe) တို့ပါဝင်သည်။ စရိုက်လက္ခဏာများမှာ ဝင်းလက်တောက်ပသော အဝတ်အစားများနှင့် make up များထူထူလိမ်းထားသည်။ ကဗျာ စာပေညွန့်ပေါင်းစုဆောင်းသူ Sam Dunn က pop metal များကို ကွဲပြားမှုဖြင့် သိသာစေခဲ့သည်။ Def Leppard, Europe နှင့် Whitesnake တီးဝိုင်းများပါဝင်သည်။ glam metal တီးဝိုင်းများဖြစ်သည် Motley Crue, Twisted Sister နှင့် Poison တို့ပါဝင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းကြောင်း မူရင်းဇစ်မြစ်[ပြင်ဆင်ရန်]

ဂီတဂျာနယ်လစ် Stephen Davis က ဤပုံစံ၏လွှမ်းမိုးမှုများကို Aerosmith, Kiss, Boston, Cheap Tricks နှင့် The New York Dolls တီးဝိုင်းများတွင် လိုက်ရှာနိုင်သည်။ Kiss နှင့် Alice Cooper တို့သည် ဤအမျိုးအစားအပေါ်အဓိက လွှမ်းမိုးခဲ့သည်။ ဖင်လန်တီးဝိုင်း Hanoi Rocks သည် New York Dolls ၏ လွှမ်းမိုးမှုများခဲ့သည်။ hair metal အတွက် blueprint များဖြင့် မှတ်တမ်းတင်ခဲ့သည်။

Van Halen တီးဝိုင်းသည် လှုပ်ရှားမှုတွင် မြင့်မားစွာလွှမ်းမိုးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် Eddie Van Halen ၏ Lead guitar စွမ်းရည်နှင့်အတူ Los Angeles ဂီတဖြစ်ရပ် Sunset Strip မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏နည်းပညာများဖြစ်သော two-handed hammer-ons နှင့် tapping များဖြင့် ကျော်ကြားလာခဲ့သည်။

Def Leppard သည် New Wave of British Heavy Metal အမျိုးအစားများခွဲခြားခဲ့သည်။ သူတို့၏ဒုတိယမြောက် album “High ‘n’ Dry ( ၁၉၈၁) ကို ထုတ်ခဲ့သည်။ glam-rock နှင့် heavy metal ကို ရောစပ်ခဲ့သည်။ ဆယ်စုနှစ်တွင် hard rock ကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ကူညီခဲ့သည်။ သူတို့၏ album “ Pyromania ( ၁၉၈၃) သည် Recording Industry Association of America” မှချီးမြှင့်သော လက်မှတ်ရေးထိုးခဲ့သည်။ Billaboard 200 တွင် နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့သည်။ “Foolin” “Photograph” နှင့် “Rock of Ages” တို့သည် MTV တွင် ပေါ်ထွက်လာခဲ့သည်။ Top 40 သို့ ရောက်ရှိခဲ့သည်။ Def Leppard ၏ Pyromania ပုံစံသည် ကယ်လီဖော်နီယား ပေါ်ထွက်လာခြင်း နှင့်အတူ တုပြိုင်၍ ပြုလုပ်ခဲ့သည်။

First Wave (၁၉၈၀-၈၅)[ပြင်ဆင်ရန်]

၁၉၈၀ အစောပိုင်းတွင် US မှ တီးဝိုင်းအများစုသည် glam metal သို့ ဦးတည်လာကြသည်။ Westen Maryland မှ Kix သည် eponymous debut (၁၉၈၁) album ကို ထုတ်လွှတ်ခဲ့သည်။ San Francisco မှ Night Ranger ၏ Down Patrol (၁၉၈၂) album သည် US တွင် top 40 သို့ရောက်ရှိခဲ့သည်။ သို့သော် ၁၉၈၃ ခုနှစ် Midnight Madness top five single sister Christian ပါဝင်သည်။ Twisted Sister သည် glam rock တီးဝိုင်းသည် ၁၉၇၂ တွင် တည်ထောင်ခဲ့ပြီး သူတို့၏ Under the Blade (၁၉၈၂) ပထမဆုံး album ကို ဖြန့်ချိခဲ့သည်။

ဖျတ်လတ်သော အဖြစ်အပျက်များသည် Sunset Strip မှ club များ ပါဝင်သည်။ Los Angele မှ The Trip, The Whisky a Go Go နှင့် Starwood တို့ပါဝင်သည်။ U.S မှ Quiet Riot ၏ Metal Health (၁၉၈၃) ပထမဆုံး glam metal album ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု ပထမဆုံး heavy metal album သည် Billboard music charts တွင် နံပါတ် ၁ နေရာသို့ ရောက်ရှိခဲ့သည်။ နောက်ပိုင်းတီးဝိုင်းမှ mainstream အောင်မြင်မှု၏တံခါးဝသို့ ရောက်ရှိခဲ့သည်။ L.A မှတီးဝိုင်းများတိုးလာခြင်းသည် ၁၉၈၄ ခုနှစ်တွင် album များထုတ်ဝေခဲ့သည်။ Ratt ၏ Out of the Cellor (၁၉၈၄) နှင့် W.A.S.P ၏ eponymous album တို့ ပါဝင်သည်။ Black ‘n Blue ကို Portland တွင် တည်ထောင်ခဲ့သည်။ Oregon၏ eponymous debut album တို့ပါဝင်သည်။ New York အခြေစိုက် ဒိန်းမတ်တီးဝိုင်း White Lion တီးဝိုင်း၏ Fight to Survice( ၁၉၈၅) album ကို ထုတ်ဝေခဲ့သည်။ ၁၉၈၅ ခုနှစ် Motley Crue သည် သူတို့၏ “Theatre of Pain’’ album နှင့်အတူ glam metal သို့ ပြောင်းလဲခဲ့သည်။ ထိုတီးဝိုင်းများသည် glam metal ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အပိုင်းဖြစ်လာခဲ့သည်။

Second Wave (၁၉၈၆-၉၁)[ပြင်ဆင်ရန်]

၁၉၈၀ အလယ်တွင် glam metal စတင်၍ mainstream အောင်မြင်မှု စတင်ခဲ့သည်။ Los Angeles သည် Sunset Strip နှင့် အတူ အရေးကြီးသော အဖြစ်အပျက်များ ဆက်လက်ဖြစ်ခဲ့သည်။ London တီးဝိုင်းသည် ၁၉၇၀ တွင် glam rock တီးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ Guns N’ Roses သည် ၁၉၈၅တွင် “Non Stop Rock” album ကို ဖြန့်ချိခဲ့သည်။ Pennsylvania မှ အောင်မြင်သော တီးဝိုင်းများ ထုတ်လွှတ်ခဲ့သည်။ Harrisburg ၏ Poison နှင့် Philadelphia မှ Cinderella လည်း ပွဲဦးထွက် album များထွက်ရှိခဲ့သည်။ ၁၉၈၆ မှ Look What the Cat Dragged in နှင့် Night songs များပါဝင်သည်။ Orange County မှ Stryper ၁၉၈၃တွင် ဖွဲ့စည်းခဲ့သည်။ သူတို့၏ platinum album “To Hell with the Devil သည် သူတို့၏ hard rock ဂီတပုံစံနှင့် glam metal ရောစပ်ထားသော သူတို့၏ ဂီတထဲသို့ ခရစ်ယာန်ဘာသာစာသားများ သယ်ဆောင်လာခဲ့သည်။ Van Halen (၁၉၈၆) ခုနှစ်တွင် သူတို့၏ပထမဆုံး album သည် U.Sတွင် နံပါတ်တစ် နေရာသို့ ရောက်လာခဲ့သည်။ Swedish အုပ်စု Europe ၏ The Final Countdown (၁၉၈၆) တွင် နိုင်ငံအသီးသီးတွင် Top Ten နေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်အပါအဝင် ၂၆ နိုင်ငံတွင် နံပါတ် ၁နေရာသို့ ရောက်ရှိခဲ့သည်။ heavy metal ဖျော်ဖြေတင်ဆက်သူများဖြစ်သော Ozzy Osbourne နှင့် Judas Priest သည် glam metal ၏ အစိတ်အပိုင်းများကို သူတို့၏အစိတ်အပိုင်းများနှင့်ပုံရိပ်များကို ဖော်ပြခဲ့သည်။

စီးပွားရေးအရ ဖြန့်ချိမှုမှာ New Jersey မှ Bon Jovi ၏ Slippery When Wet (၁၉၈၆)ဖြစ်ပြီး hard rock နှင့် pop ကိုရောနှောထားသည်။ ၈ လကြာ Billboard 200 ၏ထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။ US တွင် ၁၂သန်းကျော် ရောင်းချခဲ့သည်။ ပထမဆုံး hard rock album ဖြစ်လာခဲ့သည်။ ဤ album သည် အမျိုးအစားအတွက် ပရိသတ်များကျယ်ပြန့်စွာ မှတ်တမ်းတင်နိုင်ခဲ့သည်။ MTV သို့ တံခါးဖွင့်ပေးနိုင်ခဲ့ပြီး ဆယ်စုနှစ်အကုန် အခြားတီးဝိုင်းများလည်း အောင်မြင်ခဲ့သည်။ ၁၉၈၀ အလယ်မှ နောက်ပိုင်းအတောအတွင်းတွင် glam metal တီးဝိုင်းများသည် MTV တွင် မကြာခဏထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး တချို့တီးဝိုင်းများသည် Headbanger’s Ball channel တွင် ပြုခြင်းခံရပြီး တစ်ပတ်အတွင်းကြည့်ရှုသူ ၁.၃သန်းကျော်ရှိလာခဲ့သည်။ ထိုအုပ်စုများသည် Los Angeles မှ KNAC radio station တွင်လည်း လက်ခံနိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်ဝက်တွင် ငြင်းဆိုသော ဝေဖန်ရေးများရှိ သော်ငြားလည်း glam metal သည် အမေရိကန်တွင် ယုံကြည်အားကိုးနိုင်သော စီးပွားရေးအရ ကျော်ကြားသော ဂီတဖြစ်လာခဲ့သည်။ Motley Crue သည် Girls,Girls,Girls (၁၉၈၇) album အတူစီးပွားရေးအရ အောင်မြင်ခဲ့သည်။ Def Leppard သည် Hysteria (၁၉၈၇) L.A တီးဝိုင်း Faster Pyssycat သည် သူတို့၏ eponymous album ကို ဇူလိုင်လတွင် ထွက်ရှိခဲ့သည်။ Guns N’ Roses သည် အမြင့်မားဆုံးအောင်မြင်မှုရရှိခဲ့သည်။ L.A Guns နှင့် Hollywood Rose စသောတီးဝိုင်းများ ရောနှောထားပြီး Appetite of Destruction (၁၉၈၇) album သည် three top 10 hits သို့ ရောက်ရှိခဲ့သည်။ ကယ်လီဖော်နီးယားမှ hardcore punk တီးဝိုင်း T.S.O.L သည် glam metal သို့ ဦးတည်ခဲ့သည်။

နောက်ဆုံးဆယ်စုနှစ်မှ အမှတ်ရအောင်မြင်မှုများမှာ Bon Jovi ၏ New Jersey (၁၉၈၈) album, Van Halen ၏ QU812 (၁၉၈၈) နှင့် Poison ၏ Open up and say…Ahh! (၁၉၈၈) album ဖြစ်သည်။ Philadelphia မှ Britny Fox နှင့် New York မှ Winger တို့သည် ၁၉၈၈တွင် ပွဲဦးထွက် album များထွက်လာခဲ့သည်။ ၁၉၈၉ တွင် Motley Crue ၏ Dr.Feelgood သည် multi-platinum နံပါတ်တစ် ရရှိခဲ့သည်။ ထိုနှစ်အတွင်းတွင် New York မှ Danger Danger နှင့် Austin, Texas မှ Dangerous Toys ပွဲဦးထွက် album များထွက်လာခဲ့သည်။ L.A မှ Warrant ၏ Dirty Rotten Filthy Stinking Rich (၁၉၈၉) နှင့် Skid Row ၏ eponymous album (၁၉၈၉) တို့သည် Billboard 200 တွင် နံပါတ်၆နေရာသို့ ရောက်ခဲ့သည်။ ထိုတီးဝိုင်းတို့သည် glam metal ထဲမှ နောက်ဆုံးအဓိကကျသော တီးဝိုင်းများဖြစ်လာခဲ့သည်။ glam metal သည် ၁၉၉၀တွင် လူကြိုက်များသောဂီတထဲမှ စီးပွားရေးအရ အဓိကကျသော အမျိုးအစားဖြစ်လာခဲ့သည်။ ၁၉၉၀ တွင် Las Vegals မှ Slaughter နှင့် North Carolina မှ FireHouse တို့၏ album များထွက်လာခဲ့ပြီး Billboard 100 တွင်နံပါတ်၁၈နှင့် ၂၁ အသီးသီးရောက်ရှိခဲ့သည်။ Guns N’ Roses ၏ Use Your Illusion 1 နှင့် Use Your Illusion 2 (၁၉၉၁)နှင့် Van Halen for Unlawful Carnal Knowledge (၁၉၉၁) သည် ဤအမျိုးအစားကို ကျော်ကြားစေခဲ့သည်။

ကျဆင်းခြင်း(၁၉၉၂-၉၆)[ပြင်ဆင်ရန်]

၁၉၈၈ ရုပ်ရှင် The Decline of Western Civilization Part 2: The Metal Years သည် L.A မှအောင်မြင်ခဲ့သော တီးဝိုင်းများအကြောင်းကို ဖော်ကျူးထားခြင်းဖြစ်သည်။ ၁၉၉၀ အစောပိုင်းတွင် ဆယ်စုနှစ်၏ အောင်မြင်မှုပြီးနောက် glam metal ကျော်ကြားမှု ကျဆင်းလာခဲ့သည်။ အောင်မြင်သော တီးဝိုင်းများသည် အဖွဲ့ဝင်များဆုံးရှုံးလာခဲ့သည်။ Motley Crue မှ frontman Vince Neil, Poison မှဂီတသမား C.C.Deville, Def Leppard မှဂီတာသမား Steve Clark နှင့် Guns N’ Roses မှ ဂီတသမား Izzy Stradin တို့ဖြစ်သည်။ ကွဲပြားသော စာရေးဆရာများနှင့် ဂီတပညာရှင်များသည် glam metal ဖျော်ဖြေသူများကို ပြက်ရယ်ပြုလာခဲ့သည်။ hair metal ဟူ ၍ ကျော်ကြားလာခဲ့သည်။ ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ အစောပိုင်းတွင် ပရိသတ်များ ဆုံးရှုံးလာခဲ့သည်။

ကျဆင်းလာသော အရေးပါသောအချက်မှာ grunge ဂီတပေါ်ထွက်လာခြင်းဖြစ်သည်။ ပါဝင်သောတီးဝိုင်းများမှာ Alice in Chains, Pearl Jam နှင့် Soundgarden တို့ပါဝင်သည်။ Nirvana ၏ Nevermind (၁၉၉၁) အောင်မြင်မှုပြီးနောက် သိသာလာခဲ့သည်။ hardcore punk နှင့် heavy metal အစိတ်အပိုင်းများပေါင်းစပ်ထားသည်။ heavy guitar distortion, fuzz နှင့် feedback၊ ပို၍မှောင်မှောက်သော စာသားအကြောင်းအရာများနှင့် Stripped-down အသုံးပြုထားပြီး glam metal ၏ရုပ်လုံးပေါ်သောပုံစံများကို ငြင်းပယ်ထားသည်။ grunge ၏ အံ့ဩဖွယ်ကောင်းသော အောင်မြင်မှုကြောင့် အဓိကကျသော label များကျဆင်းလာခဲ့သည်။ MTV သည် ပုံစံအသစ်များကို အာရုံစိုက်လာသကဲ့သို့ glam metal တီးဝိုင်းများသည် အဆင့်အတန်းများ လျော့ချလာခဲ့သည်။ ၁၉၉၄ တွင် Headbanger’s Ball ကို ဖျက်သိမ်းလာခဲ့သည်။ radio တွင် glam metal သည် မရှိသလောက် နည်းပါးလာခဲ့သည်။ တီးဝိုင်းများစွန့်ခွာခဲ့သည်။ အခြား alternative တီးဝိုင်းများဖြစ်သော Red Hot Chilli Peppers နှင့် Jane’s Addition တီးဝိုင်းတို့သည် အမျိုးအစားကို ကျော်ကြားစေရန် ကူညီပေးခဲ့သည်။

အခြားအုပ်စုများသည် သူတို့၏မူလပုံစံအတိုင်း ရုန်းကန်နေစဉ် အနုပညာရှင်များသည် သူတို့၏အသံများကို ပြောင်းလဲကြသည်။ ၁၉၉၆ တွင် Van Halen သည် Balance album ကို ဖြန့်ချိခဲ့သည်။ တီးဝိုင်းမှ Sammy Hagar ၏အဆိုနှင့်အတူ multi-platinum ရောင်းအားဖြစ်လာခဲ့သည်။ ၁၉၉၈ album Van Halen 3 သည် စီးပွားရေးအရ အောင်မြင်မှုမရရှိခဲ့ပေ။ Van Halen သည် ၂၀၀၄တိုင်အောင် record မလုပ်ခဲ့ပေ။ Warrant သည် Ultraphobic album ၁၉၉၅ တွင် ဖြန့်ချိခဲ့သည်။ ဤ album နှင့်အတူ alternative/grunge တို့သီဆိုလာခဲ့သည်။ အောင်မြင်မှုရရှိမှု နည်းခဲ့သည်။ Guns N’ Roses မှ ဒရမ်သမား Steven Adlerသည် ၁၉၉၀ တွင် ထွက်ရှိခဲ့ပြီး ဂီတသမား Izzy Stradlin ၁၉၉၁ နောက်ပိုင်း Use You Illusion 1 နှင့် 2 ပြီးနောက် ထွက်ရှိခဲ့သည်။ The Spaghetti incident album (၁၉၉၃) ထွက်ရှိပြီးနောက် အခြားအဖွဲ့ဝင်များနှင့် lead singer Axl Rose ကြားထဲ တွင် တင်းမာလာခဲ့သည်။ ဂီတာသမား Slash သည်လည်း ၁၉၉၆ တွင် ထွက်ရှိခဲ့သည်။

ပြန်လည်ရှင်သန်ခြင်းနှင့် အတိတ်က ပွဲတော်များကို လွှမ်းဆွတ်ခြင်း (၁၉၉၇-မျက်မှောက်ခေတ်)[ပြင်ဆင်ရန်]

၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀တွင် glam metal စတင်၍ ပြန်လည်၍ ရှင်သန်လာသည်။ တချို့ထူထောင်ခဲ့သော အနုပညာရှင်များသည် ပြန်လည်၍ ကျော်ကြားလာခဲ့သည်။ တချို့တီးဝိုင်းများပြန်လည် ဖွဲ့စည်း၍ တီးဝိုင်းအသစ်များ glam metal ထဲသို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ Bon Jovi သည် It’s My Life (၂၀၀၀) နှင့် ပြန်လည်အောင်မြင်မှု ရရှိခဲ့သည်။ သူတို့ ၂၀၀၅ ခုနှစ်တွင် Who Says You Can’t Go Home သီချင်း၏ country ဂီတပုံစံနှင့်အတူ Hot Country Singles chart (၂၀၀၆) တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ rock/country album Lost Highway သည်လည်း ၂၀၀၇ တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Bon Jovi ၏ The Circle ဖြန့်ချိခဲ့ပြီး hard rock ဘက်သို့ပြန်လည်လည်ပတ်ခဲ့ပြီး Billboard 200 တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Motley Crue ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ခုနှစ်တွင် Generation Swine album ကိုမှတ်တမ်းခဲ့သည်။ Poison တီးဝိုင်းကို ပြန်လည် ၁၉၉၉တွင် ဖွဲ့စည်းခဲ့ပြီး Power to the People (၂၀၀၀) ကိုဖြန့်ချိခဲ့သည်။ တီးဝိုင်းများသည် ခရီးစဉ်များချဲ့ထွင်ခဲ့သည်။ Guns N’ Roses album Chinese Democracy ကို ၂၀၀၈တွင်ဖြန့်ချိခဲ့ပြီ US တွင် platinum ဖြစ်ခဲ့သည်။ ဥရောပမှ Final Countdown ပြန်လည်ဖွဲ့စည်းခဲ့ပြီး လူကြိုက်များလာခဲ့သည်။ Ratt, Britny Fox, Stryper(annyally)နှင့် Skid Row တို့သည်လည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၉၉ အစတွင် album များကို ပေါင်းစည်းထားသော Monster Ballads ထွက်လာခဲ့သည်။ လူကြိုက်များသော power ballads များဖြင့် ထူးခြားသည်။ များသောအားဖြင့် glam metal အမျိုးအစားများသည်၊ VH1မှ အကုန်အကျခံခဲ့သော Rock Never Stops Tour ကို ၁၉၈၈ တွင် စတင်ခဲ့သည်။ glam metal တီးဝိုင်းများကို တွေ့ရသည်။ Warrant, Slaugher,Quiet Riot, Firehouse နှင့် L.A Gun များပါဝင်သည်။ Poisonနှင့် Cinderella တို့သည် ၂၀၀၀ နှင့် ၂၀၀၂ တွင် ခရီးစဉ်များနှင့် လှည့်ပတ်ဖျော်ဖြေတင်ဆက်ကြသည်။ ၂၀၀၇ တွင် ၄ ရက်ကြာသော Rocklahoma ပွဲတော်ကို Oklahoma ပြည်နယ်တွင် ကျင်းပခဲ့ပြီး glam metal တီးဝိုင်းများဖြစ်သော Poison, Ratt နှင့် Twisted Sister တို့ပါဝင်သည်။ Warrant နှင့် Cinderella တို့သည် ၂၀၀၈ ခုနှစ်တွင် ပွဲတော်များ ကျင်းပခဲ့သည်။ Glam metal များပါရှိသော Rock of Ages ကို Los Angeles ၂၀၀၆ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် New York ၌ ဖြန့်ချိခဲ့သည်။

ရာစုနှစ်အပြောင်းအလဲတွင် glam metal ပြန်လည်၍ နိုးကြွလာခဲ့သည်။ ၂၀၀၀ခုနှစ်တွင် ကျင်းပသော “Glam Slam Metal Jam” ဂီတပွဲတော်နှင့် interest တွင် စိတ်ဝင်စားလာခဲ့သည်။ ၂၀၀၀ခုနှစ် အစောပိုင်းတွင် တီးဝိုင်းအသစ်များသည် glam metal ကို ပြန်လည်ရှင်သန်စေခဲ့သည်။ Darkness တီးဝိုင်း၏ကြောက်မက်ကောင်းသော 80s metal နှင့် 70s glam ကို ဖော်ကျူးထားသော Permission to Land (၂၀၀၃)album ထွက်ရှိခဲ့ပြီး UK chart တွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ဒုတိယမြောက် album “ One Way Ticket to Hell…and Back (၂၀၀၅)သည် နံပါတ် ၁၁ နေရာသို့ ရောက်ရှိခဲ့သည်။ တီးဝိုင်းသည် ၂၀၀၆ ခုနှစ်တွင် ပြိုကွဲခဲ့သည်။ သို့သော် ၂၀၀၁ တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်အတောအတွင်းတွင် Hot Cakes album ထွက်လာခဲ့သည်။ Los Angelse မှတီးဝိုင်း Steel Panther 80s style glam metal ကို တီးခတ်ခဲ့သည်။ ဆွီဒင်မှ sleaze rock movement သည် အမျိုးအစားကို ရှင်သန်စေခဲ့သည်။ Vains of Jenna, Crashdiel နှင့် H.E.A.T တီးဝိုင်းတို့ ပါရှိသည်။ အခြားဖျော်ဖြေတင်ဆက်မှုတွင် Beautigul Creatures နှင့် Buckcherry တို့ပါရှိသည်။ ၂၀၀၆ခုနှစ်တွင် 15 album ထွက်ရှိခဲ့ပြီး Single Sorry (၂၀၀၇) သီချင်းသည် Billboard Hot 100 တွင် ၁၀ နေရာသို့ရောက်ရှိခဲ့သည်။ metalcore တီးဝိုင်းများဖြစ်သော Black Veil Brides နှင့် Blessed by a Broken Heart တို့သည် သူတို့၏ပုံစံကို glam metal သို့ ပြောင်းလဲခဲ့သည်။