မြန်မာနိုင်ငံတွင် အသုံးများသော ပိုးသတ်ဆေးများ

ဝီကီပီးဒီးယား မှ

အင်ဖာနို ၁၀ wp (ပင်လုံးပြန့်ပိုးသတ်ဆေး)[ပြင်ဆင်ရန်]

၎င်းသည် ပင်လုံးပြန့် အာနိသင်ရှိ ထိသေ၊စားသေ ပိုးသတ်ဆေး အမှုန့်ဖြစ်သည်။ ၎င်းကို ခြစ်စားပိုးများ၊ စုပ်စားပိုးများ နှင့် တွင်းအောင်ပိုးများ နှိမ်နင်းရာတွင် ကောင်းစွာ အသုံးပြုနိင်သည်။ ဆေးဖျန်းပြီးဆောင့်ဆိုင်းရမည့် ရက်မှာ ၇ ရက်ဖြစ်သည်။ စပါး၊ ပဲနှင့် ဟင်းသီးဟင်းရွက်များတွင် အသုံးပြုနိုင်သည်။ တစ်ဧကနှုန်းထားသည် ၃၀ မှ ၁၂၀ ဂရမ်ဖြစ်သည်။ ပြည်တွင်းရှိပိုးသတ်ဆေးရောင်းသော ဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်သည်။ အဆင့် ၂ အဆိပ်ပြင်းအားရှိသည်။

ပါဒန် ၅၀ sp (ပင်လုံးပြန့်ပိုးသတ်ဆေး)[ပြင်ဆင်ရန်]

ဆေး ၁ကီလိုတွင် ကာတက် CARTAP 500 ဂရမ်ပါဝင်သည်။ပင်လုံးပြန့်အာနိသင်ရှိသည်။ ၁၀၀ ဂရမ်အထုပ်အနေဖြင့်လာသည်။ ရေ ၁ ဂါလံတွင် ဆေးမှုန့် ၅ -၁၀ ဂရမ်ထည့်ပါ။ သီးနှံအများစုနှင့် ပိုး အများစုကို နှိမ်နင်းနိုင်သည်။ နာမည်ကြီး ဆေးဖြစ်သည်။ အဆိပ်သင့်မှု အဆင့် ၃ ရှိသည်။ ရွက်ဖျားဖြူနီမတုတ်အတွက် ဆေး ၁ ဆ ရေ အဆ ၅၀၀ ဖြင့် စပါးစေ့ကို ရေ ၆ နာရီမှ ၁၂ နာရီထိစိမ်ပါ။

ဖော်မိုင်ရာ ၂၀ % wp (Imidacloprid) (ပင်လုံးပြန့်ပိုးသတ်ဆေး)[ပြင်ဆင်ရန်]

ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေး။ နာမည်ကြီးပိုးသတ်ဆေး။ ပျ၊ ဖြုတ်၊ သရစ်လှေး၊ ပင်စည်ထိုး၊ ယင်ဖြူ၊ ရွက်ထွင်းပိုးများအတွက် အသုံးပြုသည်။ တစ်ဧကဆေးနှုန်းထား ၁၅-၄၅ ဂရမ် အသုံးပြုပါ။ ဆေးဖျန်းပြီး စောင့်ဆိုင်းရမည့်ရက် ၇-၁၄ ရက်ဖြစ်သည်။ အဆင့် ၂ အဆိပ်ပြင်းအားရှိသည်။ ဖြေဆေးမရှိပါ။

ဒိုင်မီသိုအိပ် DIMETHOATE 40% W/V EC[ပြင်ဆင်ရန်]

ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။

အဆီဖိတ် Acephate 75%w/w sp[ပြင်ဆင်ရန်]

ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။ ဘက်စုံသုံး ပိုးသတ်ဆေးဖြစ်သည်။ Phosphate ဓာတ် ပါဝင်သောကြောင့် အပင်ကို အားဖြစ်စေသည်။

ကာဗာရိုင်း Carbaryl 5% w/w wp[ပြင်ဆင်ရန်]

ထိသေစားသေ အာနိသင်ရှိပိုးသတ်ဆေးဖြစ်သည်။ သီးနှံပေါင်း ၆၀ ကျော်တွင် အသုံးပြုသည်။ လိပ်ပြာ၊ ဖလံ ၊ ပိုးလောက်ကောင်းများ၊ စုပ်စားပိုးများ၊ ကျိုင်းများ၊ ခြ ၊ ပုရစ်နှင့် အိမ်တွင်းပိုးများဖြစ်သည့် ပုရွက်ဆိတ် ပင့်ကူ၊ ပိုးဟပ်များကိုလည်းကာကွယ်နိုင်သည်။ အဆိပ်သင့်မှု အဆင့် ၂ ရှိသည်။

ဆိုက်ပါမီသရင် Cypermethrin 10% w/v EC[ပြင်ဆင်ရန်]

စုပ်စားပိုးများ၊ သီးလုံးဖောက်ပိုးများ ကိုနှိမ်နင်းနိုင်သည်။

လာဘီလိုက် ၇၀% ဆေးမှုန့် (ပင်လုံးပြန့်မှိုသတ်ဆေးမှုန့်)[ပြင်ဆင်ရန်]

MANEB 50% +THIOPHANATE METHYL 20% + INERT MATERIAL 30 % ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးဖြစ်သည်။ စပါးဂုတ်ကျိုးရောဂါ၊ ရွက်ဖုံးခြောက်၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ ပင်ညှိုးရောဂါ၊ ဒေါင်းနီးမှိုရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ပင်နာကျစောရောဂါ၊ နှောင်းပင်ကျရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ အနာချိုင့် ရောဂါများ ကို ကောင်းစွာကာကွယ်နှိမ်နင်းနိုင်သည်။ အဆင့် ၄ အဆိပ်ပြင်းအားရှိသည်။

ဘန်ကိုနေး ၇၅ wp (ထိသေမှိုသတ်ဆေး)[ပြင်ဆင်ရန်]

ai= chlorothalonil 75% w/w ထိသေမှိုသတ်ဆေးဖြစ်သည်။ အဆိပ်ပြင်း အဆင့် ၃ ရှိသည်။ ဘန်ကိုနေး ၁.၂၅ ဂရမ်မှ ၁.၆ ဂရမ်ကို ရေ ၁ လီတာနှင့်ရောဖျန်းပါ။ ဆေးဖျန်းပြီး ၇-၁၄ စောင့်ဆိုင်းပါ။

တော့ပ်ဆင်အမ် ၇၀% WP (ပင်လုံးပြန့်မှိုသတ်ဆေး)[ပြင်ဆင်ရန်]

Thiophanate methyl 70% w/w ၊ ဆေးမှုန့် ၇၀ -၁၀၀ ဂရမ်ကို ရေ ၁၀၀ လီတာနှုန်းဖြင့်ဖျန်းပါ။ ၁၀၀ ဂရမ် အထုပ်အဖြစ်လာသည်။ ဖြေဆေးမရှိပါ။ ပင်လုံးပြန့်အာနိသင်ရှိသည်။

မက်တာလက်ဇီး (Metalaxyl 35% w/w wp)[ပြင်ဆင်ရန်]

ပင်လုံးပြန့်အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။

လစ်တိုစင် အပင်ဟော်မုန်းဆေး 2.00 SL[ပြင်ဆင်ရန်]

အပင်ကြီးထွားရန်၊ အသီးအပွင့်များမကြွေရန်၊ သီးနှံများ အရည်အသွေးမြင့်ရန်၊ အမြစ်ထွက်အားကောင်းရန်၊ မျိုးစေ့များ အညှောင့် ပေါက်ကောင်းရန် အသုံးပြုသည်။ မျိုးစေ့အတွက် ရေ ၁ ဂါလံတွင် ၅ စီစီ (၁၂ နာရီကြာစိမ်ပါ)၊ အမြစ်စိမ်ခြင်း အတွက် ရေ ၂ဂါလံတွင် ၅ စီစီ(၁ မိနစ် ၂မိနစ်စိမ်ပါ)၊ စိုက်ခင်းဖျန်းရန်အတွက် ရေ ၁၄ ဂါလံတွင် ၁၀ စီစီ ထည့်ပါ(၂ ကြိမ် မှ ၃ ကြိမ်ထိဖျန်းရန်)။

လစ်တောနစ် Litonik အပင်ဟော်မုန်းဆေး[ပြင်ဆင်ရန်]

2.5 cc per 1 gallon. Same as above.