ဟာရီကိန်း ပက်ထရစ်ရှာ

ဝီကီပီးဒီးယား မှ
ဟာရီကိန်း ပက်ထရစ်ရှာ
အဆင့် ၅ ကြီးမားသော ဟာရီကိန်း (SSHWS/NWS)
မက္ကဆီကို အနောက်ပိုင်းသို့ ချဉ်းကပ်နေသော ဟာရီကိန်း ပက်ထရစ်ရှာ၏ အပြင်းထန်ဆုံးအခြေအနေ (အောက်တိုဘာ ၂၃)
ဖြစ်ပေါ်ခြင်းအောက်တိုဘာ ၂၀၊ ၂၀၁၅
ကွယ်ပျောက်ခြင်းအောက်တိုဘာ ၂၄၊ ၂၀၁၅
အမြင့်ဆုံးလေတိုက်နှုန်း1-minute sustained: တစ်နာရီ ၂၀၀ မိုင်နှုန်း (တစ်နာရီ ၃၂၅ ကီလိုမီတာနှုန်း)
အနိမ့်ဆုံး လေဖိအား၈၇၉ mbar (hPa)၊ ၂၅.၉၆ inHg
(အနောက်ကမ္ဘာလုံးခြမ်းတွင် အနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်)
အသေအပျောက်တိုက်ရိုက် ၈ ဦး၊ သွယ်ဝိုက် ၅ ဦး
ပျက်စီးမှု$၂၈၃.၂ သန်း (၂၀၁၅ USD)
သက်ရောက်သည့် ဧရိယာဗဟိုအမေရိကမက္ကဆီကိုတက္ကဆပ်
နိုင်ငံတကာ အာကာသ စခန်းမှ ၂၀၁၅ အောက်တိုဘာ ၂၃ တွင် တွေ့ရသော ဟာရီကိန်း ပက်ထရစ်ရှာ

ဟာရီကိန်း ပက်ထရစ်ရှာ (အင်္ဂလိပ်: Hurricane Patricia; စပိန်အသံထွက်: [paˈtɾisia]) သည် လေဖိအားတိုင်းတာမှုများအရ အနောက်ကမ္ဘာလုံးခြမ်းတွင် အပြင်းထန်ဆုံးသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပြီး၊ လေတိုက်နှုန်းအရ ကမ္ဘာ့အပြင်းထန်ဆုံးသော မုန်တိုင်းတစ်ခုဖြစ်သည်။[၁] ၂၀၁၅ ခုနှစ် အောက်တိုဘာလလယ်ခန့်တွင် မက္ကဆီကိုအနောက်တောင်ပိုင်း Tehuantepec ပင်လယ်ကွေ့အနီးတွင် လေဖိအားနည်း အပြန့်အကျဲတစ်ခုအသွင် စတင်ဖြစ်ပေါ်လာခဲ့ပြီး အောက်တိုဘာ ၂၀ တွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲလာခဲ့သည်။ အစောပိုင်း ဖြစ်ထွန်းတိုးတက်မှုမှာ နှေးကွေးခဲ့ပြီး သတ်မှတ်ခဲ့သည့် ပထမဆုံးနေ့ရက်တွင်သာ အသင့်အတင့် အင်အားကောင်းလာခဲ့သည်။ နောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းအဖြစ် အသွင်ပြောင်းလာခဲ့ပြီး ပက်ထရစ်ရှာ အဖြစ် အမည်သတ်မှတ်ခဲ့ကာ ၂၀၁၅ ခုနှစ် ပစိဖိတ် ဟာရီကိန်းရာသီ၏ နှစ်ဆယ့်လေးခုမြောက်မုန်တိုင်း ဖြစ်လာခဲ့သည်။ ထူးခြားသည့် ပတ်ဝန်းကျင်အခြေအနေများကြောင့် အောက်တိုဘာ ၂၂ ရက်တွင် လျင်မြန်စွာ အရှိန်ပြင်းထန်လာခဲ့သည်။ အရှိန်ရလာပြီးနောက် မုန်တိုင်းမျက်စိဖြစ်ပေါ်လာခဲ့ပြီး ၂၄ နာရီအတွင်း အဆင့် ၅ ဟာရီကိန်း ဖြစ်လာခဲ့သည်။ အရှိန်ပြင်းထန်လာခြင်းသည် ဂြိုဟ်တုခေတ် (၁၉၆၀ ခုနှစ်များမှ လက်ရှိအချိန်) အတွင်း တိုင်းတာရရှိခဲ့သော ပစိဖိတ်ဟာရီကိန်းများထက် ပိုမိုကြီးမားခဲ့ကာ ၁၉၉၇ တွင် တိုက်ခတ်ခဲ့သော ဟာရီကိန်း လင်ဒါနှင့် ဆင်တူသောနှုန်းရှိခဲ့သည်။

အောက်တိုဘာ ၂၃ နောက်ပိုင်းတွင် ပက်ထရစ်ရှာသည် ၁၉၅၉ မက္ကဆီကို ဟာရီကိန်း နောက်ပိုင်း အဆင့်ငါး ဟာရီကိန်းအနေဖြင့် မက္ကဆီကိုကမ်းခြေသို့ ဝင်ရောက်ခဲ့သော ဒုတိယမြောက် ပစိဖိတ်ဟာရီကိန်း ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဟာရီကိန်း ဒင်း ပြီးနောက် မက္ကဆီကိုကမ်းခြေအား ရိုက်ခတ်ခဲ့သည့် ပထမဆုံး အဆင့်ငါး ဟာရီကိန်းလည်းဖြစ်သည်။

ပက်ထရစ်ရှာကြောင့် ဗဟိုအမေရိကတွင် မိုးရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ဂွါတီမာလာနိုင်ငံတွင် မုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်ခဲ့ရသည်။ အယ်ဆာဗေဒိုနိုင်ငံတွင် လေးဦး၊ ဂွါတီမာလာနှင့် နီကာရာဂွါနိုင်ငံတွင် တစ်ဦးစီ သေဆုံးခဲ့သည်။ မက္ကဆီကိုနိုင်ငံသို့ အဆင့်ငါး ဟာရီကိန်းအဖြစ် ဝင်ရောက်ခဲ့ရာ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ဝင်ရောက်သည့်နေရာမှာ ကျေးလက်ဒေသများဖြစ်သဖြင့် သက်သာခဲ့သည်။ အစောပိုင်း ခန့်မှန်းချက်များအရ နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့မည်ဟု ယူဆရပြီး ဟာရီကိန်းနှင့် ဆက်စပ်ပတ်သက်ပြီး လူခုနစ်ဦးသေဆုံးခဲ့ရသည်။ စုစုပေါင်းပျက်စီးဆုံးရှုံးမှုမှာ ပီဆို ၄.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၃.၂ သန်း) ကျော် ရှိမည်ဟု ခန့်မှန်းရသည်။

ကြိုတင်ပြင်ဆင်မှုများ[ပြင်ဆင်ရန်]

အောက်တိုဘာ ၁၇ ရက်က ဗဟိုအမေရိကပေါ်တွင် ဟာရီကိန်းပက်ထရစ်ရှာ မဖြစ်ပေါ်မီ အပြန့်အကျဲများ

အောက်တိုဘာ ၂၂ ရက်တွင် လူပေါင်း ၂၅၈,၀၀၀ ခိုလှုံနိုင်မည့် မုန်တိုင်းဒဏ်ခံအကာအကွယ်နေရာပေါင်း ၁,၇၈၂ ခုကို မစ်ဂျိုအာကန်ပြည်နယ်၊ ကိုလီမာပြည်နယ်၊ ဇာလီစကိုပြည်နယ်နှင့် နာရာရစ်ပြည်နယ်များ တစ်လျှောက်ဖွင့်လှစ်ခဲ့သည်။[၂] အောက်တိုဘာ ၂၂ နေ့လယ်ပိုင်းတွင် မန်ဇနီလိုမြို့ တာဝန်ရှိသူများက သဲအိတ်များ စတင်ဖြန့်ဝေခဲ့သည်။[၃] အောက်တိုဘာ ၂၃ ရက်နေ့တွင် ဇာလီစကိုပြည်နယ်ရှိ ကျောင်းများကို ပိတ်ထားခဲ့သည်။[၄] ပေါ်တိုဗလာတာမြို့သည်လည်း လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဒဏ်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။[၅][၆] ဇာလီစကိုပြည်နယ်တွင် လူရွေ့ပြောင်းမှုအတွင်း လူတစ်ဦးသေဆုံးခဲ့သည်။[၇]

ထိခိုက်မှုများ[ပြင်ဆင်ရန်]

ဗဟိုအမေရိက[ပြင်ဆင်ရန်]

ဗဟိုအမေရိကတလျောက် မိုးပြင်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး[၈] ဂွါတီမာလာနိုင်ငံ၊ အယ်တာဗာရာပက်ပြည်နယ်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂,၁၀၀ ခန့်ကို နေရာရွှေ့ပြောင်းပေးရန် လိုအပ်နေသည်။[၈][၉] နေအိမ်ပေါင်း ၄၄၂ လုံးနှင့် သီးနှံ ၂၈,၂၀၀ ha (၇၀,၀၀၀ ဧက) ခန့် ပျက်စီးခဲ့ကာ ရေကြီးမှုများကြောင့် လူပေါင်း ၂၂၃,၀၀၀ ခန့် ထိခိုက်ခဲ့ရသည်။[၁၀][၁၁] အစိုးရမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဂွါတီမာလာကွက်ဇယ် သန်း ၄၀ (အမေရိကန်ဒေါ်လာ ၅.၄ သန်း) ချထားပေးခဲ့သည်။[၁၀] အယ်ဆာဗေဒိုနိုင်ငံအနီးတွင် မိုးရေချိန် ၁၆၀ and ၁၈၅ mm (၆.၃ and ၇.၃ in) ခန့်ရွာသွန်းခဲ့ပြီး အလားတူရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။[၁၂] Dozens of homes were affected and four people were killed.[၁၂][၁၃] Goascorán မြစ်သည် နှစ်ရက်အတွင်း နှစ်ကြိမ်ခန့် ရေလျှံခဲ့ကာ အနီးရှိနေရာဒေသများ ရေလွှမ်းမိုးခဲ့သည်။[၁၂] ရေလွှမ်းမိုးမှုများကြောင့် နိုင်ငံတဝန်းရှိကျောင်းများကို အာဏာပိုင်များကအောက်တိုဘာ ၁၉ ရက်နေ့တွင် ပိတ်ထားခဲ့သည်။[၁၃] နီကာရာဂွါနိုင်ငံရှိ ဘိုနမ်ဆာမြို့တွင် မြေပြိုမှုကြောင့် မိုင်းတူးသမားလေးဦးပိတ်မိနေခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ ကျန်သူများအား ကယ်တင်နိုင်ခဲ့သည်။[၁၄] အောက်တိုဘာ ၁၈ ရက်နေ့တွင် ဟွန်ဒူးရပ်စ်နိုင်ငံရှိ Ulúa မြစ်သည် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ရေလျှံခဲ့ကာ လူ ၂၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။[၁၅][၁၆] ကော့စတာရီကာနိုင်ငံရှိ ဂျာကိုကမ်းခြေမြို့တွင် ရေကြီးမှုကြောင့် နေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့ရသည်။[၁၇]

မက္ကဆီကိုနိုင်ငံ[ပြင်ဆင်ရန်]

မက္ကဆီကိုအနောက်တောင်ပိုင်းတလျောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူဒါဇင်များစွာကို ရွှေ့ပြောင်းစေခဲ့ရသည်။[၁၈] ဟာရီကိန်းကြောင့် Guerrero ကမ်းခြေတလျောက် ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ကာ ကမ်းခြေကို ပျက်စီးစေခဲ့သည်။[၁၉] အောက်တိုဘာ ၂၃ ရက်နေ့ ၁၈:၁၅ CDT (၂၃:၁၅ UTC)တွင် မုန်တိုင်းသည် တစ်နာရီလျှင် ၁၆၅ မိုင်နှုန်း (၂၆၆ ကီလိုမီတာနှုန်း)ဖြင့် ကမ်းခြေကို ဝင်ရောက်ခဲ့သည်။[၂၀]

Chamela-Cuixmala ဇီဝအဝန်းနယ်မြေရှိ အမျိုးသား သမုဒ္ဒရာနှင့် လေထု ဦးစီးဌာန/အမျိုးသား ရာသီဥတုဌာန၏ အလိုအလျောက် မိုးလေဝသစခန်းမှ တိုင်းထွာချက်များအရ လေတိုက်နှုန်းသည် ၁၈၅ mph (၂၉၈ km/h) ရှိပြီး အမြင့်ဆုံးလေပြင်းတိုက်ခတ်နှုန်းမှာ ၂၁၁ mph (၃၄၀ km/h) ဖြစ်သည်။

ပက်ထရစ်ရှာကြောင့် လူခြောက်ဦး သေဆုံးခဲ့ရသည်။ ကိုအာဝီလာပြည်နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်လဲပြိုခဲ့ကာ လူနှစ်ဦးသေဆုံးခဲ့ရသည်။ အမျိုးသမီးတစ်ဦးကိုလည်း ၎င်းဖြစ်စဉ်ကြောင့် ဆေးရုံတင်ပို့ခဲ့ရသည်။ ဇာလီစကိုပြည်နယ်တောင်ပိုင်းတွင် ယဉ်တိုက်မှုကြောင့် အခြားလူလေးဦး သေဆုံးခဲ့ရသည်။ နှစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။[၂၁][၂၂]

မုန်တိုင်း၏ ပြင်းထန်သည့် လေပြင်းကြောင့် လူပေါင်း ၂၃၅,၅၂၈ ဦးမှာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။[၂၃] မုန်တိုင်းကြောင့် စာသင်ကျောင်း ၂၀၀၊ ကျန်းမာရေးအဆောက်အအုံ ၁၀၇ ခု၊ အားကစားအဆောက်အအုံ ၃၄ ခုနှင့် လယ်ယာ ၁၁,၆၄၅ ha (၂၈,၇၈၀ ဧက) ခန့်ပျက်စီးခဲ့ရသည်။[၂၄] ငှက်ပျောခင်းများနှင့် အခြားသီးနှံစိုက်ကွင်းများ ပျက်စီးမှုကြောင့် ပီဆို သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၃၀.၂ သန်း)ခန့် ဆုံးရှုံးလိမ့်မည်ဟု ခန့်မှန်းထားသည်။ Coahuayana မြို့တစ်ခုတည်းမှာပင် နေအိမ် ၄၀၀ ခန့် ပျက်စီးခဲ့သည်။[၂၃]

တက္ကဆပ်ပြည်နယ်[ပြင်ဆင်ရန်]

ပက်ထရစ်ရှာ မဝင်ရောက်မီကတည်းက တက္ကဆပ်ပြည်နယ်တွင် မိုးရွာသွန်းမှုများကြောင့် အချို့နေရာများတွင် လက်မ ၂၀ ခန့်အထိ ရေလွှမ်းလျက်ရှိနေသည်။ ရေကြီးမှုကြောင့် ကားများနှင့် ရထားများ မျောပါသွားခဲ့သည်။[၂၅][၂၆][၂၇] မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အော်စတင်မြို့တွင် ပြုလုပ်လျက်ရှိသော ၂၀၁၅ အမေရိကန်ပြည်ထောင်စု Grand Prix ကားမောင်းပြိုင်ပွဲကို အနှောက်အယှက်ပြုခဲ့သည်။ ပြိုင်လမ်းတွင် အန္တရာယ်ရှိသည့် ရေဝပ်နေမှုကြောင့် စနေနေ့တွင် ပြုလုပ်မည့် အရည်အချင်းစစ်ပြိုင်ပွဲကို တနင်္ဂနွေနေ့ မနက်ကိုးနာရီအထိ ရွှေ့ဆိုင်းခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Dennis Mersereau။ "At 200 MPH, Hurricane Patricia Is Now the Strongest Tropical Cyclone Ever Recorded"၊ The VaneGawker Media၊ October 23, 2015။ October 23, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 23 October 2015။ 
  2. Carlos Guerrero။ "Huracán 'Patricia' provocará en tres estados la lluvia de todo un año" (in Spanish)၊ Mexico City, Mexico: Noticieros Televisa၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 19 November 2017။ 
  3. "Huracán Patricia de categoría 4 se acerca a costas de México" (in Spanish)၊ Mexico: The McClatchy Company၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 24 October 2015။ 
  4. "Activan operativo de emergencia en Jalisco por 'Patricia'; suspenden clases" (in Spanish)၊ Mexico City, Mexico: Noticieros Televisa၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး 
  5. NOAA/ National Weather Service, National Hurricane Center, Hurricane PATRICIA Public Advisory, Oct 23, 9:00am PST
  6. AP, Mexico braces for strongest hurricane in Western hemisphere, By CHRISTOPHER SHERMAN, with Associated Press, Oct 23, 11:53 AM EDT
  7. "Reportan muerte de mujer coahuilense por 'Patricia'" (in Spanish)၊ October 24, 2015။ October 24, 2015 တွင် ပြန်စစ်ပြီး 
  8. ၈.၀ ၈.၁ Paolina Albani။ "Evacuan a 2,100 por el temporal estacionario" (in Spanish)၊ Siglo21၊ Corporación de Noticias၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  9. "Un muerto y damnificados por inundaciones en Guatemala" (in Spanish)၊ October 18, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2016။ 
  10. ၁၀.၀ ၁၀.၁ J. Lopez and F. Rodriquez။ "Lluvias han afectado a 223 mil guatemaltecos" (in Spanish)၊ October 20, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 24 November 2015။ 
  11. Patricia Gómez။ "Temporal afectó 28.2 mil hectáreas en Santa Rosa" (in Spanish)၊ Siglo21၊ Corporación de Noticias၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  12. ၁၂.၀ ၁၂.၁ ၁၂.၂ Carlos Segovia, Insy Mendoza, and Susana Joma။ "Un muerto, inundaciones y desbordamiento de ríos por lluvias en el oriente" (in Spanish)၊ Concepción de Oriente, El Salvador: El Diario de Hoy၊ October 17, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2016။ 
  13. ၁၃.၀ ၁၃.၁ "Cuatro muertos, daños y suspensión de clases a causa de las lluvias" (in Spanish)၊ El Diario de Hoy၊ October 18, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 22 October 2015။ 
  14. "Merman lluvias en la región, pero autoridades mantendrán las alertas" (in Spanish)၊ October 21, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး 
  15. "Más de 200 familias evacuadas por inundaciones" (in Spanish)၊ October 19, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 28 January 2018။ 
  16. "Se desborda el río Ulúa en el occidente y norte de Honduras" (in Spanish)၊ Santa Bárbara, Honduras: La Prensa၊ October 17, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး 
  17. Hufo Solano။ "Barriadas de Jacó sufrieron grandes pérdidas por inundaciones" (in Spanish)၊ La Nación၊ October 19, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး 
  18. Fredy Martín Pérez။ "Se inundan 12 colonias por 'Patricia' en Chiapas" (in Spanish)၊ October 21, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး 
  19. ""Patricia" deja primeros daños en el País" (in Spanish)၊ Mexico City, Mexico: Frontera၊ October 22, 2015။ October 22, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2015။ 
  20. "'Extraordinarily Dangerous' Category 5 Hurricane Patricia Makes Landfall in Mexico"၊ NBC News၊ 23 October 2015။ 23 October 2015 တွင် ပြန်စစ်ပြီး 
  21. 6 Deaths in Mexico linked to Hurricane Patricia။ EFE။ 27 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2015 တွင် ပြန်စစ်ပြီး။
  22. Patricia effect: Texas deluged, flash floods smash Houston။ javastudioarsitek.com။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2015 တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ "Reportan afectaciones en 4 estados por 'Patricia'" (in Spanish)၊ October 25, 2015။ October 25, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2015။ 
  24. Juan Carlos Flores။ "Calculan daños en Colima por más de 112 millones de pesos" (in Spanish)၊ October 25, 2015။ October 25, 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2015။ 
  25. JAMIE STENGLE (Oct 24, 2015)။ Southeast Texas Braces for Heavy Rains Overnight။ Associated Press။ 25 October 2015 တွင် ပြန်စစ်ပြီး။
  26. Greg Botelho (October 24, 2015)။ Torrential rain -- up to 20 inches in spots -- pummels much of Texas။ CNN။ 25 October 2015 တွင် ပြန်စစ်ပြီး။
  27. အမျိုးသား ဟာရီကိန်း စင်တာ (24 October 2015)။ Post-Tropical Cyclone PATRICIA Forecast Advisory။ NOAA။ 25 October 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]