Crust punk

ဝီကီပီးဒီးယား မှ

Crust punk (crust) သည် anarcho-punk, hardcore punk နှင့် extreme metal လွှမ်းမိုးမှုတို့မှ ဂီတပုံစံတစ်မျိုးဖြစ်သည်။ ဤပုံစံသည် ၁၉၈၀အလယ်တွင် အင်္ဂလန်မှ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ သီချင်းစာသားများသည် နိုင်ငံရေးနှင့် လူမှုရေးမကောင်းမြင်ဝါဒဖြင့် ရေးထားခြင်းဖြစ်သည်။ crust ဟူသော ဝေါဟာရကို Hellbastard တီးဝိုင်း၏ ၁၉၈၆ album “Ripper Crust” demo တွင်တွေ့ရသည်။ crust သည် bassy (သို့) dirty sound များဖြစ်သည်ဟုဆိုသည်။ မြန်သော tempoများနှင့် တီးခတ်ကြသည်။ အဆိုမှာ လည်ချောင်းသံဖြင့် မာန်ဖီဟိန်းဟောက်သံ(သို့) စူးရှသံများဖြင့် သီဆိုကြသည်။ ဝေါဟာရနှင့် ပတ်သက်၍ Hellbastard, Amebix တို့၏မှုရင်းပုံစံဟု ဖော်ပြကြသည်။

ဝိသေသလက္ခဏာများ[ပြင်ဆင်ရန်]

တူရိယာတီးခတ်မှု[ပြင်ဆင်ရန်]

crust punk သည် hardcore punk နှင့် anarcho-punk တို့မှ ကူးယူထားသော ပုံစံဖြစ်ပြီး metal riff များဖြင့် ရောနှောထားသည်။ tempoများမှာ မြန်၍ thrashcore (သို့) grindcore တို့၏အတိုကဲ့သို့ ဖြစ်သည်။ ဂီတဆိုင်ရာအသံများကို ခြုံငုံကြည့်လျှင် stripped down ပုံစံမျိုးဖြစ်သည်။ ဒရမ်တီးခတ်ပုံမှာ မြင့်သောအမြန်နှုန်းနှင့် D-beat များကို တစ်ခါတစ်ရံအသုံးပြုကြသည်။

အဆိုရှင်နှင့် စာသားများ[ပြင်ဆင်ရန်]

အဆိုမှာ နှစ်ယောက်(သို့မဟုတ်) နှစ်ယောက်ထက်ပိုသော အဆိုရှင်များပါဝင်ကြသည်။ crust punk သီချင်းများမှာ nuclear စစ်ပွဲများ၊ စစ်မက်ဝါဒ၊ ရဲများ၊ ဖိစီးနေသော အခြေအနေနှင့် ဖက်ဆစ်ဝါဒများဖြစ်သည်။ Amebix တီးဝိုင်းသည် လျှို့ဝှက်နက်နဲသော ယုံကြည်မှုနှင့် ဂမ္ဘီရသုတများကို စိတ်ဝင်စားခဲ့သည်။ Hellbastard ဂီတသမားနှင့် အဆိုရှင်ဖြစ်သူ Malcolm “Scruff” Lewty ကmetal နှင့် crust punk စာသားများရှိသီးခြားထင်ရှားမှုကို ဖော်ပြခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရှေ့ပြေးနမိတ်[ပြင်ဆင်ရန်]

Anarcho-punkတီးဝိုင်း Crassနှင့် D-beat တီးဝိုင်း Discharge တို့ကြောင့် crust punk အဖြစ်အပျက်ဖြစ်ပေါ်ခဲ့သည်။ ဆွီဒင်အုပ်စု Crude SS, Skitslickers/Anti Cimex နှင့်Mob 47နှင့် ဖင်လန်တီးဝိုင်းRattus တို့အစောပိုင်းတွင်လွှမ်းမိုးခဲ့သည်။ Amebix သည် post-punk တီးဝိုင်းများမှ လွှမ်းမိုးမှုယူဆောင်လာခဲ့သည်။ Publiv image Ltd, Bauhaus, Joy Division နှင့် Killing Joke တို့ပါဝင်သည်။ Black Sabbath နှင့် Motorhead တို့၏ proto-metal အသံများသည် Amebix နှင့် Antisect တို့အပေါ်ကြီးမားစွာလွှမ်းမိုးခဲ့သည်။

၁၉၈၀ ခုနှစ်များ[ပြင်ဆင်ရန်]

Crust ကို ၁၉၈၅တွင် Amebix နှင့် Antisect တို့၏ Arise LP နှင့် Out from the Void Single အသီးသီးတွေ့ရှိရသည်။ crust ဟူသော ဝေါဟာရကို Hellbastard တို့၏ ၁၉၈၆ Ripper Crust demo တွင်တွေ့ရှိရသည်။ Ripper crust ကြောင့် ပထမဆုံး crust ကို punk ၏ နောက်ဆက်တွဲအဖြစ် အသုံးပြုလာသည် ဟုဆိုသည်။ ထို့နောက် Crustcore အမျိုးအစားတစ်ခုလုံး၏သီးခြား starting point ဖြစ်လာသည်ဟုဆိုသည်။ punk ဂျာနယ်လစ် Felix Von Havoc အခိုင်အမာဆိုခဲ့သည်မှာ Doom, Excrement of War, Electro Hippies နှင့် Extreme Noise Terror တီးဝိုင်းတို့သည် traditional UK crust sound များဖြင့် စတင်ခဲ့သည့် ပထမဆုံးတီးဝိုင်းများ ဖြစ်သည်ဟုဆိုသည်။ ဤပုံစံ၏ထပ်ပေါင်းထားသောမျိုးခွဲများ စတင်၍ ဖြစ်ပေါ်လာသည်။ anarcho-punk အုပ်စုသည် အစ၌ metal မှ လွှမ်းမိုးမှုများ ယူဆောင်လာခဲ့သည်။ Extreme Noise Terro သည် grindcore ထဲသို့ ဤပုံစံကို ဖွံဖြိုးစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤအုပ်စုမှ ဂီတာသမား Pete Hurley က ဤပုံစံ၏ တီးသူအဖြစ် အမှတ်ရစေခြင်းကို စိတ်ဝင်စားမှုမရှိ ပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှလုပ်စရာမရှိပါဘူး။ ENT ဟာအမြဲတမ်းလိုလို hardcore punk တီးဝိုင်းဖြစ်ပါလိမ့်မည်။ grindcore တီးဝိုင်း၊ stenchochore တီးဝိုင်း၊ trampcore တီးဝိုင်းမဟုတ်ပါဘူး။ အခြားမျိုးခွဲမဆို သင်ပြောနိုင်ပါတယ်။

American crust punkသည့် ၈၀အလယ်တွင် New York Cityတွင် Nausea တီးဝိုင်းနှင့်အတူ စတင်ခဲ့သည်။ ဤအုပ်စုသည် Agnostic Front မှ Roger Miret နှင့်အတူ Lower East Side Squat ဖြစ်ရပ်နှင့် New York hardcore တို့မှ ပေါ်ထွက်လာသည်။ San Francisco မှ Neurosis သည် Amebix မှကူးယူထားသည်။ Crust punk ကို West Coast တွင်စတင်ပွဲထုတ်ခဲ့သည်။ Disrupt (Boston), Antishism (South Carolina) MISERY နှင့် Destroy (Mineapolis) တို့ သည် အရေးပါသော crust အုပ်စုများဖြစ်သည်။

၁၉၉၀ ခုနှစ်များ[ပြင်ဆင်ရန်]

အရေးပါသော အမေရိကန် crust punk တီးဝိုင်းမှာ Pittsburgh, Pennsylvania မှ Aus Rotten ဖြစ်သည်။ crust punkသည် Minneapolis တွင်လည်း တိုးတက်ခဲ့သည်။ Profane Existence ဖြင့်လမ်းပြခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် crust punk အုပ်စုသည် သက်သက်လွတ်စားခြင်းနှင့် ယောက်ျားများနှင့် တန်းတူအခွင့်အရေးရယူလိုသော အမျိုးသမီးဝါဒကို ပြဋ္ဌန်းခဲ့သည်။ အဖြစ်အပျက်ဖြင့် straight power violence အဖြစ်အပျက်နှင့် ပတ်သက်၍ crust punk သို့ နီးစပ်စေခဲ့သည်။ crust သည် Prank records နှင့် Crimethinc ရှိသော လူသိများသော ကိုယ်စားလှယ်မှာ His Hero is Gone တီးဝိုင်းဖြစ်သည်။ အရေးပါသော crust punk အုပ်စုများမှာ ဆွီဒင်မှ Driller, Killer, Totalitar, Skitsystem, Wolfbrigade နှင့် Disfear တို့ဖြစ်သည်။ ထိုအုပ်စုများသည် Scandinavian death metal ဖြစ်ရပ်နှင့်အတူ မျဉ်းပြိုင်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်များ[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ်တွင် သတိပြုဖွယ်ရာ crust တီးဝိုင်းများမှာ Iskra, Behind Enemy Lines နှင့် Tragedy တို့ဖြစ်သည်။ စပိန်မြို့ A Coruna မြို့တွင်လည်း Black Pandu, Ekkaia နှင့် Madame Germen စသော တီးဝိုင်းများပါရှိသည်။