တယ်ရီ ဖောက်(စ်)

ဝီကီပီးဒီးယား မှ
Terry Fox
A young man with short, curly hair and an artificial right leg runs down a street. He wears shorts and a T-shirt that reads "Marathon of Hope"
တိုရွန်တိုမြို့ (Toronto) တွင် မျှော်လင့်ချက်မာရသွန် ပြေးပွဲ ခရီးဆက်နေသော တယ်ရီဖောက်(စ်) (၁၉၈၀ ခုနှစ် ဇူလိုင်)
မွေးဖွားTerrance Stanley Fox
(1958-07-28)ဇူလိုင် ၂၈၊ ၁၉၅၈
Winnipeg၊ Manitoba၊ ကနေဒါနိုင်ငံ
ကွယ်လွန်ဇွန် ၂၈၊ ၁၉၈၁(1981-06-28) (အသက် ၂၂)
New Westminster၊ ဗြိတိသျှ ကိုလံဘီယာ၊ ကနေဒါနိုင်ငံ
သေဆုံးရခြင်း အကြောင်းရင်းMetastatic osteosarcoma
ပညာရေးSimon Fraser University
ကျော်ကြားမှုအရင်းခံမျှော်လင့်ချက်မာရသွန် ပြေးပွဲ
(Marathon of Hope)
ဘွဲ့Companion of the Order of Canada

တယ်ရီ ဖောက်(စ်) (Terry Fox) သည် ကင်ဆာသုတေသနအရေး တက်ကြွလှုပ်ရှားသူ၊ လူ့လောက ကောင်းကျိုးသယ်ပိုးခဲ့သူ၊ ကနေဒါနိုင်ငံသား အားကစားသမား တစ်ဦး ဖြစ်သည်။ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၈ ရက် တွင် မွေးဖွားခဲ့ပြီး ၁၉၈၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် အစားထိုး တပ်ဆင်ထားသော ခြေထောက်အတု တစ်ဖက်ဖြင့် ကနေဒါနိုင်ငံ အနှံကို ဖြတ်သန်းကာ ကင်ဆာရောဂါ သုတေသန လုပ်ငန်း အတွက် ရန်ပုံငွေများ ရရှိရန် နှင့် ကင်ဆာအကြောင်းကို လူများ သတိပြုမိစေရန် မာရသွန်ပြေးပွဲ တစ်ခု စတင်ပြေးခဲ့သည်။ သူ၏ကင်ဆာဝေဒနာ ဆိုးရွားစွာ ပျံ့နှံ့လာမှုကြောင့် ၁၄၃ ရက် နှင့် ၅၃၇၃ ကီလိုမီတာ (၃၃၃၉ မိုင်) ရောက်အပြီးတွင် အသက် သေဆုံးသွားခဲ့သော်လည်း သူ့အားထုတ်ကြိုးပမ်းမှု မာရသွန်ပြေးပွဲသည် ကမ္ဘာအနှံ့တွင် အစဉ်အလာ တစ်ခု အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။ နှစ်စဉ်ကျင်းပသော တယ်ရီ ဖောက်(စ်) ပြေးပွဲ ကို ပထမဆုံးအကြိမ်အဖြစ် ၁၉၈၁ ခုနှစ်တွင် စတင်ခဲ့ရာ ယနေ့တွင် နိုင်ငံပေါင်း ၆၀ ကျော်၊ လူသန်းပေါင်းများစွာ ပါဝင်သော ကမ္ဘာ့အကြီးမားဆုံး ကင်ဆာသုတေသန ရန်ပုံငွေ ပြေးပွဲနေ့ ဖြစ်လာခဲ့ပြီး သူ၏နာမည်ဖြင့် ကနေဒါ ဒေါ်လာ သန်း ၆၀၀ ကျော် ရန်ပုံငွေ ရရှိခဲ့ပြီး ဖြစ်သည်။

ဖောက်(စ်)သည် Port Coquitlam, British Columbia ရှိ အထက်တန်းကျောင်း နှင့် Simon Fraser University တို့တွင် တာဝေးအပြေးသမားနှင့် ဘက်စကက်ဘော ကစားသမား တစ်ဦး ဖြစ်ခဲ့သည်။ ကင်ဆာ အကြိတ် တွေ့ရှိပြီးနောက် ၁၉၇၇ ခုနှစ်တွင် သူ၏ ညာဘက်ခြေထောက် ဖြတ်တောက်ခံခဲ့ရသော်လည်း ပြေးပွဲများတွင် ခြေတုဖြင့် ပါဝင် ဆင်နွှဲခဲ့သည်။ ဗန်ကူးဗားမြို့တွင် ဘီးတပ်ထိုင်ခုံ ဘတ်စကတ်ဘော ပြိုင်ပွဲ ပြည်တွင်း ချန်ပီယံဆု ကို ၃ ကြိမ်ရရှိခဲ့သည်။

၁၉၈၀ ခုနှစ်တွင် ကင်ဆာသုတေသနအတွက် ရန်ပုံငွေ ရရှိစေရန် ကနေဒါ နိုင်ငံ အနှံ့ဖြတ်သန်းသော၊ မျှော်လင့်ချက် မာရသွန် ပြေးပွဲ (Marathon of Hope) ဟု အမည်ပေးထားသော တစ်ကိုယ်တော် မာရသွန် ပြေးပွဲကို စတင်ခဲ့သည်။ ကနေဒါပြည်သူ ၂၄ သန်းထံမှ တစ်ယောက် ၁ ဒေါ်လာ ရန်ပုံငွေ ရရှိရန် သူ မျှော်လင့်ခဲ့သည်။

ဧပြီလတွင် St. John's, Newfoundland မှ အားပေးသူ အနည်းငယ်ဖြင့် သူ၏ တစ်ကိုယ်တော်ပြေးပွဲကို စတင်ခဲ့ရာ တစ်ရက်လျှင် မာရသွန် အပြည့်နှုန်း (ပျှမ်းမျှ ၄၂ ကီလိုမီတာ) ဖြင့် နေ့တိုင်းပြေးခဲ့သည်။ Ontario သို့ရောက်သောအခါ ဖောက်(စ်) ၏ သတင်းသည် နိုင်ငံအတွင်း ကျော်ကြားလာခဲ့ပြီး စီးပွားရေးသမားများ၊ အားကစားသမားများနှင့် နိုင်ငံရေးသမားအများအပြား သူ၏ ရန်ပုံငွေပွဲအတွက် ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ Thunder Bay အပြင်သို့ ရောက်သောအခါ ကင်ဆာဆဲလ် များ အဆုတ်ထဲအထိ ပျံ့နှံ့လာခဲ့သောကြောင့် မာရသွန်ပြေးပွဲကို ရပ်ဆိုင်းလိုက်ရပေသည်။ နောက် ၉ လအကြာ ၁၉၈၁ ခုနှစ် ဇွန်လ ၁၉ရက်တွင် New Westminester ရှိ Royal Columbian ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

ဖောက်(စ်)သည် ကနေဒါနိုင်ငံ၏ အမြင့်မားဆုံး သူကောင်းပြုခံရသူ Companion of the Order of Canada စာရင်းတွင် အသက်အငယ်ဆုံး ဖြစ်သည်။ နိုင်ငံ၏ ထူးချွန်အားကစားသမား တစ်ယောက်အနေဖြင့် ၁၉၈၀ ခုနှစ်တွင် Lou Marsh Award ဆု ကို ချီးမြင့်ခံခဲ့ရပြီး၊ ၁၉၈၀ ခုနှစ်နှင့် ၁၉၈၁ ခုနှစ် တွင် နိုင်ငံ၏အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ နိုင်ငံသူရဲကောင်း တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသော ဖောက်(စ်) ကို ဂုဏ်ပြုသော အဆောက်အဦးများ၊ အဖွဲ့အစည်းများ၊ ရုပ်တု ကျောက်တိုင်များ၊ လမ်းများ နှင့် ပန်းခြံများကို ကနေဒါ နိုင်ငံ အနှံ့တွင် တွေ့မြင်နိုင်သည်။