ဝဲကြီးဆည်

ဝီကီပီးဒီးယား မှ
သံလွင် ဆည်များ

ဝဲကြီးဆည်[ပြင်ဆင်ရန်]

ဝဲကြီးဆည်သည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသည့် ဆည် ၅ ခုအနက်မှ အကြီးဆုံး ဆည်တခု ဖြစ်သည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)] က မြန်မာနိုင်ငံအစိုးရနှင့် ၂၀ဝ၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆည်တည်ဆောက်ရေး နားလည်မှု စာချွန်လွှာတရပ် ကို လက်မှတ်ရေးထိုးခဲ့သည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ထိုင်းနိုင်ငံသို့ ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ မြန်မာ စစ်အစိုးရအတွက် ဝင်ငွေ ရရှိစေပါလိမ့်မည်။

ယခု စီမံကိန်းသည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် တည်ရှိပြီး၊ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်၊ မဲစရီးယန်းမြို့နယ်၏ တဖက်ကမ်းတွင် ရှိနေပါသည်။ ၎င်းဝဲကြီးဆည်တည်ဆောက်ခြင်း၏ ဆိုးကျိုးများကို ကရင်နီပြည်နယ် (ကယားပြည်နယ်) နေလူထုများက အဓိက ခံစားကြရမည် ဖြစ်သည်။ ဆည်တည်ဆောက်မှုကြောင့် မြေနိမ့်ပိုင်းဒေသရှိ အကောင်းဆုံး သစ် တော အများအပြားနှင့် ပြည်နယ်အတွင်းရှိ စိုက်ပျိုးမြေများကို ရေလွှမ်းပျက်စီးစေလိမ့်မည် ဖြစ်သည်။

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ[ပြင်ဆင်ရန်]

  • အမြင့်။ ၁၆၈ မီတာ၊ ရေအမြင့်ဆုံး ရှိနေချိန်တွင် ၂၂၀ မီတာ။
  • တပ်ဆင်ထားသည့် စွမ်းအား။ ၄,၅၄၀ မဂ္ဂါဝပ် (MW) မှ ၅,၆၀ဝ မဂ္ဂါဝပ် (MW) အကြား။
  • နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရပါ။

ပတ်သက်နေသည့် ကုမ္ပဏီများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံမှ[ပြင်ဆင်ရန်]

အစိုးရပိုင် မြန်မာ့လျှပ်စစ်လုပ်ငန်း ကော်ပိုရေးရှင်း

ထိုင်းနိုင်ငံမှ[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)]

(ဖြစ်နိုင်သော) တရုတ်နိုင်ငံမှ ကုမ္ပဏီများ[ပြင်ဆင်ရန်]

ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း Sinohydro Corporation တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG) တရုတ်နိုင်ငံ ကျောက် ၃ လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း China Three Gorges Project Development Corporation

ဘဏ္ဍာငွေကြေး[ပြင်ဆင်ရန်]

ဝဲကြီးဆည် တည်ဆောက်ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုကို မသိရှိရပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။[ပြင်ဆင်ရန်]

ဝဲကြီးဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ရောင်းချပေးပို့ရန် ရည်ရွယ်ထားသည်။

စီမံချက် လက်ရှိအခြေအနေ (၂၀ဝ၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)[ပြင်ဆင်ရန်]

ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ စတင်နိုင်ခြင်း မရှိသေးပါ။ သို့သော်လည်း (နအဖ) စစ်အစိုးရ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် နီးစပ်သူတဦးဖြစ်သည့် ဦးတေဇ ပိုင်ဆိုင်သည့် "ထူးကုမ္ပဏီ" က ဆည်တည်ဆောက်မည့် နေရာများမှ သစ် များကို စတင်ထုတ်ယူနေပြီ ဖြစ်သည်။ (သံလွင်မြစ် စောင့်ကြည့်လေ့လာရေးအဖွဲ့၏ သတင်းစာ Salween Watch Newsletter Volume 1 ကို ကြည့်ပါ။)

ဆိုးကျိုးသက်ရောက်နိုင်မှုများ[ပြင်ဆင်ရန်]

ဧရိယာ ၆၄၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ဝဲကြီးရေလှောင်တမံကြောင့် ကရင်နီပြည်နယ်တွင် ရေလွှမ်းမိုးမှုများ ဖြစ်လာစေလိမ့်မည်။ ကရင်နီပြည်နယ်၏ ရှေးဟောင်းမြို့များဖြစ်သည့် ဘောလခဲ၊ ဖာဆောင်းတို့ အပါအဝင် ကျေးရွာပေါင်း ၂၈ ရွာသည်လည်း ရေနစ်မြုပ်ခံရမည် ဖြစ်သည်။ လူအနည်းငယ်သာ ကျန်တော့သည့် လူဦးရေ ၁,ဝ၀ဝ ခန့်ရှိ ယင်းတလိုင်း လူမျိုးများ အပါအဝင် လူပေါင်း ၃၀,ဝ၀ဝ သည်လည်း ၎င်းတို့၏ ဇာတိမြေကို စွန့်ခွါရွှေ့ပြောင်းကြရမည် ဖြစ်သည်။ ထိုင်း နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက် ခိုလှုံလာဖွယ်လည်း ရှိနေပါသည်။ [မြေပုံကို ပုံကြီးချဲ့ကြည့်ရန်]


လူများ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးရဖွယ်ရှိပြီး၊ သမိုင်းဝင်နေရာများ ရေလွှမ်းခံရသည်နှင့်အမျှ ကရင်နီ လူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များလည်း အကြီးအကျယ် ဆုံးရှုံးပျောက်ကွယ်ရဖွယ် ရှိနေပါသည်။ လူဦးရေ ၁,ဝ၀ဝ မျှသာ ကျန်ရှိတော့သည့် ယင်းတလိုင်းလူမျိုးများသည်လည်း နေထိုင်မှုပြန့်ကျဲသွားရခြင်းနှင့် နေရာပြောင်းရွှေ့နေထိုင်ရမှု ကြောင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲလာသည်နှင့်အမျှ လူမျိုးတုန်း ပျောက်ကွယ်သွားရဖွယ် ရှိနေပါသည်။ အကယ်၍ ယခုဆည် စီမံကိန်းကို လောပီတရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ တည်ဆောက်မည် ဆိုပါက၊ ဆည်အနီးတဝိုက် နေထိုင်ကြသူများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မနေရာပြောင်းရွှေ့ရမှုများ၊ မြေသိမ်းပိုက်မှုများ၊ မြေမြုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရမှုများ ထပ်မံကြုံတွေ့ခံစားရဖွယ် ရှိသည်။ လောပီတ ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ပင် ဝဲကြီး ဆည်တည်ဆောက်မည့်နေရာသည်လည်း ယခုတိုင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဒေသ ဖြစ်သည်။ ဆည်ကြောင့်ဖြစ်လာသည့် ဆိုးကျိုးများကြောင့် ကရင်နီပြည်သူများအဖို့ အတောမသတ်နိုင်သည့် ရေရှည်လူမှု ဒုက္ခ ဆိုးကျိုးများ ကြုံတွေ့ခံစားရဖွယ် ရှိနေပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 2 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2014 တွင် ပြန်စစ်ပြီး။