ထရန်စဖော်မာဆီ

ဝီကီပီးဒီးယား မှ

ထရန်စဖော်မာဆီ(သို့)ထရန်စဖော်မာ အား ကာကွယ်မှုပေးသောဆီသည် အထူးသန့်စင်ထားသောဆီတစ်မျိုးဖြစ်ပြီး မြင့်မားသော အပူချိန်ကိုခံနိုင်ရည်ရှိကာ ၎င်းကိုဖြတ်၍ လျှပ်စစ်စီးဆင်းမှုကို ဟန့်တားနိုင်သောဆီ ဖြစ်သည်။၎င်းကိုကော်ရိုနာ များကိုလျော့ချရန်၊ဂတ်စ်ငွေ့များမှတဆင့် လျှပ်စစ်စီးဆင်းမှုကို လျော့ချရန်နှင့် အပူဓာတ်တို့ကိုလျော့ချရန်အတွက်အသုံးပြုသည်။ ဆီထည့်သွင်းအသုံးပြုသော ထရန်စဖော်မာများတွင် ကော်ရိုနာ များထုတ်လွှတ်ခြင်း၊အပူလွန်ကဲခြင်းနှင့် အတွင်းပိုင်း လျှပ်စစ်သံလိုက်စက်ကွင်းများကြောင့် ဂတ်စ်များထွက်လေ့ရှိသည်။ ထို ဂတ်စ်များကို အာရုံခံနိုင်ရန် ဘုခေါ့ ရီလေး ကို တပ်ဆင်ထားလေ့ရှိသည်။ ဘုခေါ့ ရီလေး မပါရှိက ဆားကစ်ဘရိတ်ကာ တို့အားချက်ချင်းပြုတ်ကျစေနိုင်သော ဖိအားသုံးခလုတ် တို့ကိုတပ်ဆင်ထားလေ့ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

၁၉၇၀ ခုနှစ်လောက်မှစတင်၍ ထရန်စဖော်မာများတွင် အင်္ဂလိပ်လိုPolychlorinated biphenyls (PCBs) ဟုခေါ်သော အရည်ကို စတင်ထည့်သွင်းအသုံးပြုခဲ့ကြသည်။PCBကို ပတ်ဝန်းကျင်ထဲစွန့်ပစ်ရာတွင်ဓာတ်ပြိုကွဲမှု မရှိသော်လည်း အပင်များနှင့်သက်ရှိတို့၏ ဟော်မုန်းတို့အားအကျိုးသက်ရောက်မှုရှိသည်။ မီးတွင်လောင်ကျွမ်းခဲ့ပါကလည်း အဆိပ်ဓာတ်မြောက်မြားစွာပါဝင်သော chlorinated dioxins နှင့် chlorinated dibenzofurans များကို ထုတ်လွှတ်သည်။၁၉၇၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ထိုအရည်သုံးစွဲခြင်းကိုတားမြစ်ခဲ့သည်။ ယနေ့ခေတ်တွင် အန္တရာယ်ကင်းပြီး အဆိပ်အတောက်မပါသောဆီလီကုန်း အခြေခံ(သို့) hydrocarbon အမြောက်အမြားပါဝင်သော မီးလောင်ကျွမ်းမှုကိုခုခံနည်းပါးစေနိုင်သောဆီများကိုအသုံးပြုလာကြသဖြင့်ထရန်စဖော်မာတို့၏ထုတ်လုပ်မှုစရိတ်သည်လည်းတိုးမြင့်လာခဲ့သည်။ အပင်နှင့်အသီးအရွက်များမှထုတ်ယူသောဆီ(အောက်ဆီဂျင် နှင့် ဓာတ်ပြုရာတွင် အပူနှင့်အလင်းထုတ်လွှတ်မှုနည်းသောဆီ)များ ကိုလည်းအသုံးပြုလာကြသည်။ သို့သော်ထိုဆီများသည် မြင့်မားသော ဗို့အားများ(၂၃၀ ကေဗွီ) တွင် အသုံးပြုရန်မသင့်တော်ပေ။

အမျိုးအစားခွဲခြားမှု[ပြင်ဆင်ရန်]

ယေဘုယအားဖြင့် ထရန်စဖော်မာဆီကို (၂)မျိုး နှစ်စားခွဲခြားနိုင်သည်။

ရေနံကိုအခြေခံ၍ချက်လုပ်သော ထရန်စဖော်မာဆီ အမျိုးအစား(Paraffin based Transformer Oil)နှင့်[ပြင်ဆင်ရန်]

ရေနံကိုအခြေခံ၍ချက်လုပ်သော်လည်း ဟိုက်ဒရိုကာဗွန် ပိုမိုများပြားစွာပါသောဆီ(Naphtha based Transformer Oil)[ပြင်ဆင်ရန်]

တို့ဖြစ်ကြသည်။ နတ်ပတာ အခြေခံ ထရန်စဖော်မာဆီတို့သည် ပရာဖင်းအခြေခံထရန်စဖော်မာဆီတို့နှင့် နှိုင်းယှဉ်လျှင် ဓာတ်တိုးမှု ပိုမိုလျင်မြန်ကြသည်။ ဓာတ်တိုးမှုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသော အနည်များသည် ပရာဖင်းအခြေခံထရန်စဖော်မာဆီတို့ထက်ပို၍ အရည်များတွင်ပျော်ဝင်မှုပိုမို မြင့်မားကြသည်။ ထိုကြောင့် နတ်ပတာ အခြေခံ ထရန်စဖော်မာဆီတို့သည် ထရန်စဖော်မာအောက်ခြေတွင် အနည်ထိုင်မှုနည်းပါးသည်။ ထရန်စဖော်မာဆီတို့၏ လှည့်လည်စီးဆင်းမှုကို အနှောင့်အယှက်မဖြစ်ပေ။ ပရာဖင်းအခြေခံထရန်စဖော်မာဆီတို့တွင် ဓာတ်တိုးမှုသည်နည်းပါးသော်လည်း အနည်ထိုင်မှုများသောကြောင့် ထရန်စဖော်မာဆီတို့၏ လှည့်လည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေသည်။

အရည်သွေးစစ်ဆေးစမ်းသပ်မှု[ပြင်ဆင်ရန်]

ထရန်စဖော်မာ ဆီသည် လျှပ်စစ်အပိုင်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများအတွက် အရေးကြီးသော အခန်းမှပါဝင်လျက်ရှိသည်။ ထိုဆီကောင်းမွန်စေရန် စစ်ထုတ်ခြင်း၊သန့်စင်ခြင်း တို့ကိုပြုလုပ်ပေးရသည်။ ထရန်စဖော်မာဆီတို့၏ အရည်အသွေးကို အောက်ပါအချက်တို့ဖြင့် သတ်မှတ်ကြသည်။

လျှပ်စစ်ဆိုင်ရာအချက်အလက်-[ပြင်ဆင်ရန်]
  • လျှပ်စစ်စီးဆင်းမှုအတားအဆီး၏ ပြင်းအား
  • ထရန်စဖော်မာဆီ၏ ခုခံနိုင်စွမ်း
  • လျှပ်စစ်စီးဆင်းမှုအတားအဆီး၏ ပြိုကွဲမှုကိန်း
ဓာတ်ပစ္စည်းဆိုင်ရာအချက်အလက်-[ပြင်ဆင်ရန်]
  • ထရန်စဖော်မာဆီတွင် ရေပါဝင်မှု
  • ထရန်စဖော်မာဆီတွင် အက်စစ်ပါဝင်မှု
  • အနည်ကျမှု*
ရုပ်ပစ္စည်းဆိုင်ရာအချက်အလက်-[ပြင်ဆင်ရန်]
  • (Interfacial Tension
  • မီးလောင်နိုင်မှုဟန့်တားမှတ် (Flash Point)
  • ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ် (Pour Point)
  • စေးကပ်ပျစ်ချွဲမှု (Kinematic Viscosity)

ထရန်စဖော်မာ ဆီ၏အရည်သွေးကို အောက်ပါအချက်များဖြင့်တိုင်းတာသည်။

  • ဂတ်စ် ပျော်ဝင်မှုပါရှိသည်ကို ခွဲခြမ်းစိတ်ဖြာခြင်း(Dissolved gas analysis)
  • (Furan analysis)
  • ဆီအရောင်နှင့်အသွင်အပြင် (Color & Appearance()
  • ပြိုကွဲနိုင်သောဗို့ (Breakdown Voltage()
  • ရေပါဝင်မှု(Water Content()
  • အက်စစ် ဓာတ်သက်ရောက်မှု Acidity (Neutralization Value)
  • လျှပ်စစ်စီးဆင်းမှုအတားအဆီး၏ ပြိုကွဲမှုကိန်း(Dielectric Dissipation Factor)
  • ခုခံနိုင်စွမ်း (Resistivity)
  • အနည်ကျမှု(Sediments & Sludge)
  • (Interfacial Tension)
  • မီးလောင်နိုင်မှုဟန့်တားမှတ် (Flash Point)
  • ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ် (Pour Point)
  • သိပ်သည်းဆ (Density)
  • စေးကပ်ပျစ်ချွဲမှု (Kinematic Viscosity)

စသည်တို့ဖြင့်စစ်ဆေးကြသည်။

ဂတ်စ် ပျော်ဝင်မှုပါရှိသည်ကို ခွဲခြမ်းစိတ်ဖြာခြင်း(Dissolved gas analysis)[ပြင်ဆင်ရန်]

ဂတ်စ် ပျော်ဝင်မှုပါရှိသည်ကို ခွဲခြမ်းစိတ်ဖြာခြင်း(Dissolved gas analysis) နှင့် Furan analysis တို့သည် ထရန်စဖော်မာ ဆီ၏ အရည်သွေးအားစစ်ဆေးခြင်းမဟုတ်ဘဲထရန်စဖော်မာ ဝိုင်ဒင် များ၏ပုံမမှန်အခြေအနေများကို သတ်မှတ်ထားသောအချိန်အတိုင်းအတာဖြင့် တိုင်းတာခြင်းဖြစ်သည်။ အချိန်အပိုင်းအခြားတို့မှာ-

  • ယေဘုယပုံမှန်စစ်ဆေးခြင်း --- နှစ်ဝက်တစ်ကြိမ်
  • ဂတ်စ် ပျော်ဝင်မှုပါရှိသည်ကို ခွဲခြမ်းစိတ်ဖြာခြင်း --- နှစ်စဉ်တစ်ကြိမ်
  • Furan testing --- (၂) နှစ်တစ်ကြိမ်

(Resistivity)ခုခံနိုင်စွမ်း[ပြင်ဆင်ရန်]

ထရန်စဖော်မာဆီ၏ ခုခံနိုင်စွမ်းကို အောက်ပါအတိုင်းစစ်ဆေးသည်။ အနည်းဆုံး၂.၅မီလီမီတာ(အချို့၄မီလီမီတာ)အကွာအဝေးရှိသောလျှပ်စစ်စီးကူးအချောင်း(electrode)နှစ်ချောင်းကြားရှိစစ်ဆေးခွက်ထဲသို့စစ်ဆေးမည့်ဆီထည့်၍ထားရသည်။၎င်းနောက် လျှပ်စစ်စီးကူးအချောင်းမှ ဗို့အားကို သတ်မှတ်ဗို့(တစ်စက္ကန့်တွင် ၂ကီလိုဗို့)မှ ပြိုကွဲဗို့ ရောက်အောင်တဖြည်းဖြည်းတိုးပေးရသည်။ ပြိုကွဲဗို့အားသို့ရောက်ကထုတ်ပေးနေသောဗို့အလိုအလျောက်ရပ်တန့်သွားမည်။ အတိုဆုံးအချိန်အတွင်းစမ်းသပ်ပေးသွင်းသောဗို့၏rmsတန်ဖိုးကိုပြိုကွဲဗို့ဟုသတ်မှတ်သည်။ ထိုသို့စစ်ဆေးမှုပြီးဆုံးပြီးဆီကိုဖြေးဖြေးချင်းမွှေ၍ထပ်မံစမ်းသပ်ရမည်။ ထို့နောက်ပြိုကွဲဗို့ကိုစမ်းသပ်သည့်အကြိမ်အရေအတွက်ပေါ်မူတည်၍ ပျမ်းမျှယူရသည်။ ထရန်စဖော်မာဆီ၏ခုခံနိုင်စွမ်း(Resistivity)သည်အလွန်အရေးပါသည်။ အပူချိန်တိုးလာသည်နှင့်အမျှထရန်စဖော်မာဆီ၏ခုခံနိုင်စွမ်းသည်လျော့ကျလေသည်။ ထရန်စဖော်မာအားအချိန်ကြာမြင့်စွာအသုံးမပြုဘဲထားပါက ပုံမှန်အပူချိန်၌ရှိနေပြီးဝန်အားအပြည့်ဖြင့်ပြန်လည်အသုံးပြုပါကအပူချိန်သည်တိုးလာမည်ဖြစ်သည်။ ဝန်အားပိုလွန်လာပါကအပူချိန်၉၀ဒီဂရီဆယ့်ဆရက်ထက်ကျော်လွန်နိုင်သည်။ ထိုကြောင့် ထရန်စဖော်မာဆီ၏ ခုခံနိုင်စွမ်းကို ပုံမှန် ၂၇ဒီဂရီဆယ့်ဆရက် မှ ၉၀ဒီဂရီဆယ့်ဆရက်ထိတိုင်းတာထားသင့်ပေသည်။ ထရန်စဖော်မာဆီ၏ခုခံနိုင်စွမ်း၏အနည်းဆုံးစံသတ်မှတ်ချက်သည် ၉၀ဒီဂရီဆယ့်ဆရက်အတွက် ၃၅×၁၀၁၂ohm –cm ဖြစ်ပြီး ၂၇ဒီဂရီဆယ့်ဆရက်အတွက် 1500X1012 ohm – cm ဖြစ်သည်။

ထရန်စဖော်မာဆီတွင် ရေပါဝင်မှု[ပြင်ဆင်ရန်]

ထရန်စဖော်မာဆီတွင် ရေပါဝင်မှုသည် လျှပ်စစ်စီးဆင်းမှုအတားအဆီး၏ ပြင်းအားအတွက် မရှိသင့်သော အချက်ဖြစ်သည်။ ထိုရေဓာတ်သည် ထရန်စဖော်မာ၏ အူတိုင်နှင့် ကွိုင်တို့၏ အကာအကွယ်စက္ကူတို့ကို အကျိုးသက်ရောက်မှုရှိစေသည်။ ထိုအကာအကွယ်စက္ကူသည် ရေနှင့်အစိုဓာတ်တို့ကိုစုပ်ယူထားနိုင်သောအစွမ်းသတ္တိရှိသည်ဖြစ်သောကြောင့် ၄င်၏သက်တမ်းကိုတိုစေသည်။ ထရန်စဖော်မာအား ဝန်ဖြင့်အသုံးပြုရာတွင် အပူဓာတ်တို့သည်လည်း ထွက်ပေါ်လာသည်။ ထိုအပူဓာတ်သည် ထရန်စဖော်မာတွင် ရေပါဝင်မှုကိုမြင့်တက်စေသည်။ ဓာတ်တိုးမှုဖြစ်စဉ်တွင် ရေနှင့် အက်စစ်တို့ကိုပိုမိုထုတ်လွှတ်ပေးသည်။ ထရန်စဖော်မာဆီ၏ဓာတ်ပြိုကွဲမှုကို တိုးစေသည်။ ထရန်စဖော်မာဆီတွင် ရေပါဝင်မှုကို အင်္ဂလိပ်တိုင်းတာစနစ်ဖြင့် ppm ဟုသတ်မှတ်သည်။ ထရန်စဖော်မာတွင် ရေပါဝင်မှုကို 50ppm ထိခွင့်ပြုနိုင်သည်ဟု IS – 335(1993) ကသတ်မှတ်ထားသည်။

ထရန်စဖော်မာဆီတွင် အက်စစ်ပါဝင်မှု[ပြင်ဆင်ရန်]

ထရန်စဖော်မာဆီတွင် အက်စစ်ပါဝင်မှုသည်လည်း အန္တရာယ်ရှိသောအချက်ဖြစ်သည်။ ထရန်စဖော်မာဆီ၏ ဓာတ်တိုးမှုကိုလည်း လျင်မြန်စေသည်။

စေးကပ်ပျစ်ချွဲမှု(Viscosity)[ပြင်ဆင်ရန်]

ထရန်စဖော်မာဆီ၏စေးကပ်ပျစ်ချွဲမှု(Viscosity)သည်လည်း စဉ်းစားရန်အချက်တစ်ခုဖြစ်သည်။ ထရန်စဖော်မာအတွင်း၌ ဆီများအဆင်ပြေစွာလှည့်ပတ်နေနိုင်ရန် ဆီ၏ပျစ်ချွဲမှုသည် နည်းပါးသင့်သည်။ အပူချိန်များနည်သွားပါက လွန်စွာ ပျစ်ချွဲသွားနိုင်သည်။

ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ်(Pour Point)[ပြင်ဆင်ရန်]

ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ်(Pour Point) ဆိုသည်မှာ အေးသောအခြေအနေများတွင် ဆီများပုံမှန်လုပ်ဆောင်နိုင်မှုကိုဆိုလိုသည်။ ဆီ၏အပူချိန်သည် ၎င်းအမှတ်အောက်ကျသွားပါက ပုံမှန်လှည့်လည်စီးဆင်းမှုမရှိတော့သဖြင့် ထရန်စဖော်မာ အားအေးစေသည့်လုပ်ငန်းကိုမလုပ်ဆောင်နိုင်တော့ပေ။ ရေနံကိုအခြေခံ၍ချက်လုပ်သော ထရန်စဖော်မာဆီ အမျိုးအစားများသည်ဟိုက်ဒရိုကာဗွန်ပိုမိုများပြားစွာပါသောဆီ နှင့်ယှဉ်လျှင် ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ်မြင့်မားကြသည်။ ဆီများချောမွေ့စွာလှည့်လည်နိုင်မှတ်သည် ဆီများတွင် ဖယောင်းကဲ့သို့သောဓာတ်ပါဝင်မှုနှင့်သက်ဆိုင်သည်။ ရေနံကိုအခြေခံ၍ချက်လုပ်သော ထရန်စဖော်မာဆီ အမျိုးအစားများသည် ဖယောင်းကဲ့သို့သောဓာတ်ပါဝင်မှုများပြားသည်။

မီးလောင်နိုင်မှုဟန့်တားမှတ်(Flash Point)[ပြင်ဆင်ရန်]

မီးလောင်နိုင်မှုဟန့်တားမှတ်(FlashPoint)သည်အပူချိန်တစ်ခုဟုသတ်မှတ်နိုင်ပြီး၎င်းအပူချိန်၌ထရန်စဖော်မာဆီသည်လေနှင့်ထိတွေ့လျှင်မီးလောင်နိုင်သောဓာတ်ရောကိုထုတ်လွှတ်ပေးရန် လုံလောက်သောဓာတ်ငွေ့ကိုထုတ်လွှတ်ပေးသည်။ ပုံမှန်အားဖြင့် ၎င်းဓာတ်ရောသည် မီးတောက်၏အလင်းစက်ကလေးတစ်ခုအနေဖြင့်သာဖြစ်ပေါ်သွားသည်။ မီးလောင်နိုင်မှုဟန့်တားမှတ်သည် ထရန်စဖော်မာ၏မီးဘေးအန္တရာယ်အတွက် အရေးကြီးသောအပိုင်းမှပါဝင်လျက်ရှိသည်။ ထိုကြောင့် မီးလောင်နိုင်မှုဟန့်တားမှတ်အား တန်ဖိုးမြင့်မြင့်ရှိရန်ဂရုပြုရမည်ဖြစ်သည်။

အတွင်းပိုင်းဓာတ်ပြုအား(Interfacial Tension)[ပြင်ဆင်ရန်]

အတွင်းပိုင်းဓာတ်ပြုအား(Interfacial Tension) ဆိုသည်မှာဆီနှင့်ရေတို့အကြားမော်လီကျူ့တို့၏ တွန်းကန်ဆွဲဆောင်မှုကြောင့်ဖြစ်ပေါ်လာသောအားဖြစ်ပြီး၎င်းကိုတိုင်းတာနိုင်သည်။၎င်းကို တိုင်းတာသောယူနစ်များမှာ အင်္ဂလိပ်လို Dyne/cm (နောက်တစ်နည်း) miliNeuton/meter ဖြင့်တိုင်းတာကြသည်။ ယေဘုယအားဖြင့် ကောင်းမွန်သောဆီသည် အတွင်းပိုင်းဓာတ်ပြုအား မြင့်မားသည်။

ဆက်စပ်ကြည့်ရှု့ရန်[ပြင်ဆင်ရန်]

ဘုခေါ့ ရီလေး ထရန်စဖော်မာ အကာအကွယ်များ ထရန်စဖော်မာအား အအေးပေးစနစ် ထရန်စဖော်မာ

ကိုးကား[ပြင်ဆင်ရန်]

http://www.electrical4u.com