အဖြူဆင်းခြင်း

ဝီကီပီးဒီးယား မှ

မီးယပ်ပြဿနာမျိုးစုံထဲမှ မိန်းမကိုယ်မှ အဖြူဆင်းခြင်းအကြောင်း ဖြစ်သည်။ ပုံမှန်လစဉ်ဖြစ်လေ့ရှိသော သွေးဆင်းခြင်းမဟုတ်ဘဲ အခြားအရာများ ထွက်လာသောရောဂါဖြစ်သည်။

အဖြူဆင်းခြင်း အမျိုးအစားများ[ပြင်ဆင်ရန်]

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမမှန် အဖြူဆင်းခြင်း ( abnormal white discharge) ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ခေါ်ပါတယ် ။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတိယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါဘူး ။ - ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။ - အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

အဲဒါကပို မူမှန်သော ဇီဝကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လိုပါတယ် ။ တကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနုလေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ်မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။

တချို့အမျိုးသမီးတွေအနေနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံးဝမကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓာတ်ကို လျော့စေပါတယ် ။ Acid ဓာတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

- အဖြူဆင်းသော ပမာဏများခြင်း - ဆိုးရွားသော အနံ့အသက်များရှိခြင်း - ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ ယေဘူယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့်(လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါတယ် ။ သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တကိုယ်ရေသန့်ရှင်းမှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ် ။

Post menopausal white discharge

အသက်ကြီးမှ abnormal white discharge မူမမှန် အဖြူဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။

ပိုးဝင်ခြင်း (၃)မျိုး[ပြင်ဆင်ရန်]

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ်တဲ့ရောဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ် ။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ပိုးဝင်ခြင်းပဲဖြစ်ပါတယ် ။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာဝကို ကြည့်ပြီး ဘာပိုးဝင်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ဥပမာအနေနဲ့ မိန်းမ ကိုယ်မှာ မှိုစွဲပြီး ရောင်ရမ်းခြင်း ဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာခဏ အ ဖြူဆင်းလေ့ရှိကြပါတယ် ။ ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက်ကလည်း မကောင်းပါဘူး ။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီး ယားမယ် အနံ့အသက်လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင်လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တွေမှာ ဒီလိုမကြာခဏဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

ကိုယ်ဝန်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချိုကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓာတ်ပိုများ လာသလို အချဉ်ဓာတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစသောကြောင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲ့အဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာ က မုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင် သူ့မှာကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှားဝတ်တာတွေ အတွင်းခံတွေ ငှားဝတ် တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

ကုသမှု အပိုင်း[ပြင်ဆင်ရန်]

ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇဝင် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောက်ျားပါ တစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောက်ျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောက်ျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။ Metronidazole ဆေးကို မနက် ၊ နေ့လယ် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံး တစ်နေ့ ၃ ကြိမ် ၇ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။


Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါဝါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအနံ့လည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။ Trichomonas vaginitis ဆိုတာသေချာရင်အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေသုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ဝနေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoea ကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာဝန် နဲ့ပြဖို့လိုပါတယ် ။ မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိ ကြုံတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုးဝင်မယ် ။ ယောက်ျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ် ။ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီး ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပါ့တယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့အတွေးတွေဝင်သွားတတ်ပါတယ် ။