အိုလာဟင်ဆမ်

ဝီကီပီးဒီးယား မှ

အိုလာဟင်ဆင် (၂၅ဇွန်၁၈၆၄ မွေးဖွား - ၁၇အောက်တိုဘာ၁၉၂၇ကွယ်လွန်) Rev. အိုလာဟင်ဆမ် ဇနီးမောင်နှံသည် အမေရိကန် နှစ်ခြင်းအသင်းတော်မှ စေလွတ်လိုက်သော ခရစ်ယာန်သာသနာပြု ပုဂ်ဂိုလ်ဖြစ်သည်။ ၁၈၉၀ ခုနှစ်တွင် မြန်မာနိုင်ငံအထက်ပိုင်း ကချင်လူမျိုးများထံ ရောက်ရှိခဲ့သည်။

သူသည် ဆွီဒင်နိုင်ငံတွင်မွေးဖွားခဲ့ပြီး၊ အမေရိကန်နိုင်ငံနီဘရားစကားပြည်နယ်၊ အုတ်ကလန်သို့ ၁၈၈၁တွင် ရောက်ရှိအခြေချခဲ့သည်။ နယူးယောက်မီဒီဆင်ကျမ်းစာကျောင်းမှ ဘွဲ့ရရှိပြီး၊ ၁၈၉၀တွင် သိခါရဆရာတော်အဖြစ် အောဒိန်းရရှိခဲ့သည်။ ထိုနှစ်တွင်ပင် အမေရိကန်ကန်နှစ်ခြင်းအသင်းတော်၏ ပြည်ပသာသနာအဖြစ် မြန်မာနိုင်ငံ၊ ကချင်လူမျိုးများထံသို့ ရောက်ရှိခဲ့သည်။

သူတို့ဇနီးမောင်နှံမတိုင်မှီ ခရစ်ယာန်သာသနာပြုများပြောပြချက်အရ ကချင်လူမျိုးစုများသည် လက်စားအလွန်ချေတတ်ပြီး၊ ရက်စက်ကြမ်းကြုတ်ပြီး ယုံကြည်မှုကို အလွဲသုံးတတ်သည်ဟု ဆိုသည်။ မြန်မာဘုရင်ပင်လျှင် သာသနာပြုများကို ပြောသည်မှာ တိရိစာၦန်များကို ခရစ်ယာန်ဘာသာယုံကြည်စေရန် ပြုလုပ်ခြင်းသည် လွယ်ဦးမည်ဟု ဆိုစကားရှိသည်။

ယခုအခါ လူဦးရေ ၄ သိန်းမှ ၅ သိန်းထိ ရှိသောကချင်လူမျိုးစုများအနက် ၃သိန်းကျော်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်ကြသည်။ အိုလာ ဟင်ဆမ်ကို ကချင်အသင်းတော်များ၏ ဖခင်ဟု သတ်မှတ်ထားကြသည်။

သူသည် သူ့အရင်ရောက်နှင့်သော ဝီလီယံ ဟင်နရီ လုပ်ငန်းများကို ဆက်လုပ်ရင်း အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကချင်စာကို လက်တင် A, B, C စာလုံးများဖြင့် ဖန်တီးပြီး ပထမဆုံးသော ကချင်ကျမ်းစာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ၁၈၉၅ တွင်ပြီးစီးခဲ့သည်။ ကချင်သမ်မာကျမ်းစာတခုလုံးကို ၁၁ ဩဂုတ် ၁၉၂၆ တွင် ပြီးစီးခဲ့ပြီး ပုံနှိပ်ထုတ်ဝေခဲ့သည်။ ကချင်လူမျိုး ၉၀ရာနှုန်းကျော်သည် ခရစ်ယာန်များဖြစ်ကြသည်။

ဆရာကြီးအိုလာဟင်ဆင်ဇနီးမောင်နှံသည် မြန်မာပြည်၊ ကချင်လူမျိုးများထံ ၂၈နှစ် အစေခံ၊အမှုတော်ထမ်းခဲ့ပြီး အမေရိကန်၊ နီဘရားစကားပြည်နယ်သို့ ၁၉၁၈တွင် ပြန်လည်ရောက်ရှိခဲ့သည်။ အသက်ရွယ်ရင့်ချိန်တွင် စာအုပ်များကို ရေးသားခဲ့ပြီး ၁၉၂၇တွင် ကွယ်လွန်သည်။

ထုတ်ဝေခဲ့သောစာအုပ်များ The Kachins, Their Customs and Traditions (Rangoon, 1913) and Missionary Pioneers among the Kachins (New York, 1922).

ကိုးကား[ပြင်ဆင်ရန်]