ကေအမ်ဒီ

ဝီကီပီးဒီးယား မှ
KMD
အမျိုးအစားပုဂ္ဂလိကပိုင်
လုပ်ငန်းကွန်ပျူတာနှင့် နည်းပညာ
တည်ထောင်သည့်နှစ်၁၉၈၆
ဌာနချုပ်အမှတ် ၁၇၄-၁၈၂၊ ပန်းဆိုးတန်လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
အရေးပါ ပုဂ္ဂိုလ်များဦးသောင်းတင်၊ ဒေါ်တင်တင်အေး
အလုပ်သမားဦးရေ၆၅၀+(၂၀၂၀ ဧပြီ)
ဝက်ဘ်ဆိုက်kmd.com.sg
ဆောင်ပုဒ်Knowledge Management & Dedication


ကေအမ်ဒီကုမ္ပဏီများအုပ်စု (KMD Group of Companies) သည် ကေအမ်ဒီကွန်ပျူတာသင်တန်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီလီမိတက်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကွန်ပျူတာပရိုဂရမ်များရေးသားခြင်းလုပ်ငန်းများကိုပါ လုပ်ကိုင်သည်။


မြန်မာကွန်ပျူတာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးသောင်းတင် နှင့် ဒေါ်တင်တင်အေး တို့က ၁၉၈၆ ခုနှစ်တွင် ကွန်ပျူတာသင်တန်းကျောင်းအဖြစ် ဦးကြွယ်ဟိုးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ထိုအချိန်က သင်တန်းကျောင်းရှိရာ ကြည့်မြင်တိုင်မြို့နယ်ကို အစွဲပြု၍ ကေအမ်ဒီ ဟု အမည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် Knowledge Management & Dedication ၏ ထိပ်ဆုံးစာလုံးများကိုယူ၍ ကေအမ်ဒီကို ဖွင့်ဆိုခဲ့သည်။


စီမံခန့်ခွဲမှု[ပြင်ဆင်ရန်]

  • ဦးသောင်းတင် - Former CEO and Chairman
  • ဒေါ်တင်တင်အေး - President and MD
  • ရော်နယ်အောင်မိုးရွှေ - CEO

အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့[ပြင်ဆင်ရန်]

  1. ဦးသောင်းတင် Chairman
  2. ဒေါ်တင်တင်အေး President
  3. ဦးဘိုဘိုလွင် Senior Director
  4. ဒေါ်သင်းသင်းစိုး Senior Director
  5. ဦးမျိုးသိန်း Senior Director

ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

KMD Group of Companies မှ ဖြန့်ချိပေးလျက် ရှိသော ထုတ်ကုန်ပစ္စည်းများ၊ ကျောင်းသားကျောင်းသူများနှင့် Customer များအတွက် ဆောင်ရွက်ပေးလျက် ရှိသော ဝန်ဆောင်မှုများနှင့် ဖွင့်လှစ်ပေးလျက် ရှိသော သင်တန်းများသာမက ဝန်ထမ်းများအားလုံးသည် ကျောင်းသား/ကျောင်းသူများနှင့် Customer များအားလုံးကို နှစ်သက်ကျေနပ်မှု အပြည့်အဝပေးနိုင်ရမည်။[၁]

လုပ်ငန်းများ[ပြင်ဆင်ရန်]

ကေအမ်ဒီကုမ္ပဏီများအုပ်စုတွင် Knowledge Management & Dedication, KMD Co. Ltd, Direct Channel Distribution (DCD), Knowledge Management & Dedication Pte. Ltd. နှင့် Myanmar Reliable Source (MRS) တို့ ပါဝင်သည်။[၂]ကေအမ်ဒီတွင် ပညာရေး (Education)၊ လက်လီအရောင်း (Retail Sales)၊ လက်ကားဖြန့်ချိရေး (Distribution) နှင့် အဖွဲ့အစည်းများတွင် ကွန်ပျူတာနှင့် ပတ်သက်သောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း (Enterprise Solution) စသည့် လုပ်ငန်း ၄ ခုရှိသည်။[၁]


ပညာရေး[ပြင်ဆင်ရန်]

နိုင်ငံတကာအသိအမှတ်ပြုသင်တန်းများ[ပြင်ဆင်ရန်]

ကေအမ်ဒီသည် ၁၉၉၂ မှ စတင်၍ နိုင်ငံတကာအသိအမှတ်ပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့သည်။

  • ၁၉၉၂ ခုနှစ် - London Chamber Of Commerce and Industry (LCCI, UK) ၏ အိုင်တီဘာသာရပ်များအတွက် စာစစ်ဌာန (၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ ကွန်ပျူတာအောင်လက်မှတ်အဖြစ် LCCI ၏ Word Processing Certificate ချီးမြှင့်နိုင်ခဲ့သည်။)
  • ၁၉၉၃ ခုနှစ် - NCC Education Limited (UK) ၏ တရားဝင်အသိအမှတ်ပြု သင်တန်း (International Diploma in Computer Studies (IDCS) ကို မြန်မာနိုင်ငံတွင် ပထမဆုံး ချီးမြှင့်နိုင်သည့် ပုဂ္ဂလိက ကွန်ပျူတာသင်တန်း ဖြစ်သည်။)
  • ၁၉၉၅ ခုနှစ် - International Advanced Diploma in Computer Studies (IADCS) သင်တန်း (IADCS ကို မြန်မာနိုင်ငံတွင် ပထမဆုံးသင်ကြားသည့် ပုဂ္ဂလိကကွန်ပျူတာသင်တန်း ဖြစ်သည်။)
  • ၁၉၉၆ ခုနှစ် - IDCS သင်တန်း မန္တလေး
  • ၁၉၉၉ ခုနှစ် - KMD နှင့် NCC Education (UK) ပူးပေါင်း၍ London Guildhall University (ယခု London Metropolitan University) မှ Computing & Information System ဆိုင်ရာ B.Sc(Hons) ဘွဲ့သင်တန်း
  • ၂၀၀၉ ခုနှစ် - University of Greenwich မှ B.Sc (Hons) Degree in Business Information Technology ဘွဲ့သင်တန်း
  • ၂၀၁၂ ခုနှစ် - City & Guilds (UK) ၏ Diploma in IT System Support သင်တန်း
  • UK Higher National Diploma (HND) သင်တန်း (မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ကိုယ်စားလှယ်)[၁]

ပြည်တွင်း သင်တန်းများ[ပြင်ဆင်ရန်]

  • ၁၉၉၅ ခုနှစ် - ကေအမ်ဒီ သင်တန်းကျောင်းခွဲများကို ၁၉၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ KMD ပုဂ္ဂလိကကျောင်း ၁၀ ကျောင်း၊ ရန်ကုန်သင်တန်းကျောင်းခွဲ ၄၁ ကျောင်းနှင့် နယ်သင်တန်းကျောင်းခွဲ ၉၁ ခု စုစုပေါင်း ၁၄၂ ခု ဖွင့်လှစ်ခဲ့သည်။
  • ၂၀၀၁ ခုနှစ် - Diploma in IT (Mandalay)
  • ၂၀၁၅ ခုနှစ် - ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ပူးပေါင်း၍ Diploma in Network Communication နှင့် Diploma in Web Development သင်တန်းများကို ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည်။
  • ၂၀၁၅ ခုနှစ် - Diploma in Business Information System
  • ၂၀၁၇ ခုနှစ် - Excel Function & Formula Course
  • ၂၀၁၇ ခုနှစ် - Robotic Engineering For Kids
  • ၂၀၁၈ ခုနှစ် - Steam for kid, Social Media, Softskill Development for Youth
  • ၂၀၁၈ ခုနှစ် - Excel for HR course နှင့် Google Application course
  • ၂၀၁၉ ခုနှစ် - Business Model Canbas Course, Office 365, Project Management, Leadership Skill for Youth, Effective Presentation skill, Self-Development Program, Statistical Analysis using SPSS course, CSR Program Course, Coding for Kids course နှင့် Social Media Marketing Course
  • ၂၀၁၉ ခုနှစ် - Python programming course, Coding for Kids Programming course, Robotics for Kid နှင့် Robotics with Arduino Basic Course
  • ၂၀၂၀ ခုနှစ် - AI and IOT for Kid Course[၁]

ISO Quality Management System အသိအမှတ်ပြုခံရခြင်း[ပြင်ဆင်ရန်]

  • ၂၀၁၁ ဇွန်လ - ISO9001:2008 QMS
  • ၂၀၁၇ ဇွန်လ - ISO9001:2015 QMS[၁]

ပြည်ပသို့ သွားရောက်ပညာသင်ယူလိုသောကျောင်းသားများကို ဝန်ဆောင်မှုပေးခြင်း[ပြင်ဆင်ရန်]

  • ၁၉၉၃ ခုနှစ် - Oversea Studies Counselling Service (OSCS) ကို ဆောင်ရွက်လျက် ရှိပြီး ၂၀၁၉ ခုနှစ်အထိ Assumption University, Kaplan Higher Education Academy, Middlesex University နှင့် James Cook University များသို့ သွားရောက်လိုသော ကျောင်းသားများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။[၁]

Online Test Centre[ပြင်ဆင်ရန်]

  • ၂၀၁၅ ခုနှစ် - Pearson UVE အသိအမှတ်ပြု KMD Online Test Centre[၁]

လက်လီအရောင်း[ပြင်ဆင်ရန်]

  • ၁၉၉၅ ခုနှစ် - KMD Sales Centre ရန်ကုန် (၃၄ လမ်း ကျောက်တံတားမြို့နယ်တွင် အရောင်းစင်တာနှင့်အတူ ပြုပြင်ထိန်းသိမ်းရေးကိုပါ စတင်လုပ်ဆောင်ခဲ့သည်။)
  • ၂၀၀၃ ခုနှစ် - MD_MDY (Sales & Service) Centre မန္တလေး
  • ၂၀၀၉ ခုနှစ် - KMD (NPT Training Centre, i-Corner Cyber Cafe, Sales & Service Centre) နေပြည်တော်
  • ၂၀၁၀ ခုနှစ် - KMD (Sales & Services Centre) ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်
  • ၂၀၁၀ ခုနှစ် - MNG (Sales & Service Centre မြေနီကုန်း၊ စမ်းချောင်းမြို့နယ်
  • ၂၀၁၂ ခုနှစ် - KMD Mobile Centre
  • ၂၀၁၂ ခုနှစ် - 77 Mobile & IT Mall မန္တလေး[၁]


နိုင်ငံတကာ ကုန်ပစ္စည်းများအတွက် အရောင်းဌာန[ပြင်ဆင်ရန်]

  • ၂၀၀၉ ခုနှစ် - Authorised Distributor - Lenovo PC
  • ၂၀၁၂ ခုနှစ် - Authorised Dealer - Toshiba Brand
  • ၂၀၁၂ ခုနှစ် - Authorised Distributor - SATO Products
  • ၂၀၁၃ ခုနှစ် - Authorised Distributor - Dell, Intel, Norton, hTC, NEC, Lenovo Phone
  • ၂၀၁၄ ခုနှစ် - Authorised Distributor - Lenovo Mobile
  • Direct Retailer - Samsung Product
  • Reseller - Apple Product[၁]

လက်ကားဖြန့်ချိရေး[ပြင်ဆင်ရန်]

  • ၁၉၉၇ ခုနှစ် - Direct Channel Distribution (DCD Co., Ltd) ရန်ကုန်နှင့် မန္တလေး
  • ၂၀၁၄ ခုနှစ် - Direct Channel Distribution (DCD Co., Ltd) ကို DCD_IT နှင့် DCD_Mobile ဟု ခွဲထုတ်ခဲ့သည်[၁]

Authorised Distributor အဖြစ်ရရှိထားသော ကုန်ပစ္စည်းများ[ပြင်ဆင်ရန်]

  • Lenovo
  • Asus
  • Dell
  • Intel
  • NEC
  • ProLink
  • PowerTree
  • FUJIFLIM
  • TOSHIBA
  • Be Product
  • SATO
  • LG
  • FUJITSU
  • BENQ
  • RAZER
  • Logitech
  • Targus
  • Fuji Xerox
  • Honeywell
  • ZEVRA
  • MakeBlock
  • BERTIV
  • Microsoft
  • RansNet[၁]

အဖွဲ့အစည်းများတွင် ကွန်ပျူတာနှင့် ပတ်သက်သောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း[ပြင်ဆင်ရန်]

  • ၁၉၉၈ ခုနှစ် - Maintenance and Rental Services (MRS) ရန်ကုန်နှင့် မန္တလေး (နောက်ပိုင်းတွင် Myanmar Reliable Source (MRS) ဟု အမည်ပြောင်း)
  • ၂၀၀၁ ခုနှစ် - SoftComm Technology (Web Applications, Customized Applications နှင့် Multimedia Contents စသည့် Software ရေးသားခြင်းလုပ်ငန်း)[၁]


ပြည်ပရုံးခွဲများ[ပြင်ဆင်ရန်]

  • KMD Knowledge Management & Dedication Pte. Ltd. Singapore Office[၁]

be များ[ပြင်ဆင်ရန်]

ကေအမ်ဒီသည် Intel နှင့် Microsoft ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ Desktop အစားထိုး be Keyboard Computer များဖြစ်သည့် be Tablet 10, be eazy book နှင့် be Sleek Pro Ultrabook နှင့် be Performance PC တို့ကို ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။[၃][၄][၅]


United Nations Global Compact တွင် ပါဝင်ခြင်း[ပြင်ဆင်ရန်]

ကေအမ်ဒီသည် ကမ္ဘာ့ကုလသမဂ္ဂ United Nations Global Compact တွင် ၂၀၁၂ ခုနှစ် မေလ ၇ ရက်တွင် စတင်ပါဝင်ခဲ့ပြီး[၆]ကမ္ဘာ့ကုလသမဂ္ဂ Sustainable Development Goals များကို အကောင်အထည်ဖော်ခြင်း၊ လူ့အခွင့်အရေး၊ လုပ်အား၊ ပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုကို ဆန့်ကျင်ခြင်းတို့ ပါဝင်သော ၈ နှစ်မြောက် တိုးတက်မှုအစီရင်ခံစာ (Communication on Progress, CoP) ကို ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့က တင်သွင်းခဲ့သည်။ [၇][၈]


ပွင့်လင်းမြင်သာမှု[ပြင်ဆင်ရန်]

ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပဉ္စမအကြိမ်မြောက် အစီရင်ခံစာ (၂၀၁၉) အရ ကေအမ်ဒီသည် အကျိုးသက်ဆိုင်သူများဆိုင်ရာ လေ့လာဆန်းစစ်မှုများ (material analysis) အား ဆောင်ရွက်ထားပြီး သတင်းအချက်အလက် ထုတ်ပြန်ကြေညာမှု ထိပ်တန်းကုမ္ပဏီ ၃၀ စာရင်းတွင် အဆင့် ၁၃ ၌ ရပ်တည်ခဲ့သည်။[၉][၁၀]



ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ KMD Group of Companies Annual Report 2019
  2. About KMD Group of Company။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  3. be။ 27 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2021 တွင် ပြန်စစ်ပြီး။
  4. be Tablet 10 Archived 11 January 2021 at the Wayback Machine. Internet Journal ၁၈ မတ် ၂၀၁၅
  5. KMD က မိုက်ကရိုဆော့ဖ်၊အင်တဲလ်တို့နှင့် ပူးပေါင်း၍ တန်ဖိုးသင့်တက်ဘလက်ရောင်းချ Archived 11 January 2021 at the Wayback Machine. 7Day News ၂၁ မတ် ၂၀၁၅
  6. KMD Company Limited United Nations Global Compact
  7. KMD 2020 Annual COP for UN Global Compact Archived 11 January 2021 at the Wayback Machine. KMD Computer Group
  8. Annual COP (Communication on Progress), 2020
  9. ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ပဉ္စမအကြိမ်မြောက် အစီရင်ခံစာ (၂၀၁၉)
  10. Pwint Thit Sa Transparency in Myanmar Enterprises Fifth Report 2019