လူမျိုးရေးအဓိကရုဏ်းများ

ဝီကီပီးဒီးယား မှ

လူမျိုးရေးအဓိကရုဏ်း သို့မဟုတ် လူမျိုးရေးတိုက်ပွဲ ဟူသည်မှာ လူမျိုးအုပ်စုများ အကြား လူမျိုးချစ်တတ်သည့်စိတ် ကြောင့် ဖြစ်ပေါ်လာရသည့် ပဋိပက္ခ ဖြစ်သည်။ ယင်းတို့မှာ စစ်အေးတိုက်ပွဲ ကတည်းက သိသာသောပျံ့နှ့ံမှုကြောင့် နှင့် မကြာခဏ မျိုးဖြုတ်သတ်ဖြတ်ခြင်း ကဲ့သို့သော စစ်မက်ရာဇဝတ်မှုများ ပေါ်ပေါက်စေသောကြောင့် စိတ်ဝင်စားခြင်း ခံရသည်။ လူမျိုးရေးအဓိကရုဏ်း၏ ဘာသာရပ်ဆိုင်ရာဖွင့်ဆိုရှင်းလင်းမှုများမှာ ယေဘုယျအားဖြင့် ကမ္ဘာဦးဝါဒီ၊ ပြဋ္ဌာန်းမှုဝါဒီ နှင့် ဖန်တီးတည်ဆောက်မှုဝါဒီ အတွေးအခေါ်သုံးမျိုးအနက် တစ်ခုသို့ရောက်သွားတတ်သည်။ လူမျိုးရေး အဓိကရုဏ်းသည် စစ်အေးတိုက်ပွဲ အဆုံးကတည်းက ပိုမိုပျံ့နှ့ံလာခြင်း ရှိ၊ မရှိနှင့် အဓိကရုဏ်းတို့ကို ဖြေရှင်းခြင်း အတွက် ပူးပေါင်းဆက်နွယ်ခြင်း နှင့် ပေါင်းစည်းဆောင်ရွက်ခြင်း ကဲ့သို့သောဆောင်ရွက်မှုတို့မှ နည်းလမ်းများစီမံ ပြုလုပ်ထားခြင်းအပေါ်တို့ကို အာရုံစိုက်ပြီး စဉ်းစားဖွယ် အငြင်းပွားမှုတို့ ရှိလာသည်။

လူမျိုးရေးပဋိပက္ခတို့၏ သဘောတရားများ[ပြင်ဆင်ရန်]

လူမျိုးရေးပဋိပက္ခတို့ဖြစ်စေသောအကြောင်းရင်းများကိုကမ္ဘာဦးဝါဒီ၊ ပြဋ္ဌာန်းမှုဝါဒီနှင့် ဖန်တီးတည်ဆောက်မှုဝါဒီ ဟူသည့် အတွေးသုံးမျိုးအနက်မှ တစ်ခုကိုကိုင်စွဲထားသည့် နိုင်ငံရေးသိပ္ပံသမားများ နှင့် လူမှုရေးသဘောတရားသမားများ တို့ ငြင်းခုံခဲ့ကြသည်။ လူမျိုးရေးပဋိပက္ခအား နားလည်မှုပိုမို တိုးပွားလာစေရန်အတွက် လက်ရှိပညာရှင်တို့သည် အတွေး သုံးမျိုးစလုံး အပေါ်ဆွဲယူလာသည်။

ကမ္ဘာဦးဝါဒီ ရှင်းလင်းချက်[ပြင်ဆင်ရန်]

လူမျိုးရေးပဋိပက္ခ၏ ကမ္ဘာဦးဝါဒီ ရှင်းလင်းချက်ကိုထောက်ခံသူတို့မှ “ဇီဝရုပ်သွင်လက္ခဏာများနှင့် အထူးသဖြင့် ပိုင်နက် နေရာ တို့ကဲ့သို့သော ကမ္ဘာဦးကတည်းက အရာများသို့ ဦးတည်သော ရိုးရာယုံကြည်မှု နှင့် အပြုအမူတို့ရှိခြင်းကြောင့် လူမျိုးအုပ်စုများ နှင့် နိုင်ငံသားများ တည်ရှိနေခြင်းဖြစ်သည်” ဟု ဆိုသည်။ ကမ္ဘာဦးဝါဒီ ရှင်းလင်းချက်သည် လူမျိုးအုပ်စုတစ်ခု၏ အဖွဲ့သားများအတွင်း သွေးသားတော်စပ်မှု သဘောတရားပေါ်တွင် အမှီပြုထားသည်။ Donald L. Horowitz (ဒေါ်နယ် အယ်(လ်)ဟိုရိုဝစ်(တ်)) မှ “ထိုသွေးသားတော်စပ်မှုမှာ လူမျိုးအုပ်စုများအတွက် မိသားစုဝင်များ တူဆင်ခြင်းအဖြစ်ဖြင့် စဉ်းစားနိုင်ရန် ဖြစ်နိုင်စေသည်” ဟု ဆိုသည်။

လူမျိုးရေးပဋိပက္ခတို့၏ သဘောတရားများအား ဒဏ္ဍာရီအဖြစ်ညွှန်းဆိုနေသော နိုင်ငံရေးသိပ္ပံသမား အတော်များများ ရှိပြီး သူတို့ကဆိုသည်မှာ လူမျိုးရေးပဋိပက္ခတို့၏ ရင်းမြစ်အကြောင်းရင်းတို့မှာ လူမျိုးဝိသေသ မပါဝင်သော်လည်း ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ အချက်များတော်တော်ပါဝင်ခြင်းကြောင့် ဖြစ်သည် ဟူ၏။ ထိုနိုင်ငံရေးသိပ္ပံသမားများမှ လူမျိုးရေးပဋိပက္ခ သဘောတရားတို့သည် အခြေခံပဓာနကျမှုဝါဒီ တစ်ခုဖြစ်သည့် အမှန်တကယ် ထိုအုပ်စုတို့ကြားရှိ စစ်ပွဲများမှာ နိုင်ငံရေးဆုံးဖြတ်ချက်များ၏ ရလဒ်ကြောင့်ဖြစ်သော်လည်း သူတို့သည် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရင်းပျက်စီးကိန်းဆိုက်သွားခြင်းသို့ ဦးတည်အဆုံးသတ်သွားသောကြောင့် ဦးတည်ချက် လွဲနေသည်ဟု ဆိုသည်။ အတိုက်အခံအုပ်စုများမှ မိတ်ဆွေနှင့် ရန်သူအား ရိုးရိုးရှင်းရှင်း သတ်မှတ်ခွဲခြားရန် အခြေခံ အကြောင်းချက်များအတွက် လူမျိုးရေးဝိသေသကို အစားထိုးသွားပေမည်။

ပြဋ္ဌာန်းမှုဝါဒီ ရှင်းလင်းချက်များ[ပြင်ဆင်ရန်]

ပြဋ္ဌာန်းမှုဝါဒီရှင်းလင်းချက်မှာ “၁၉၆၀ နှင့် ၁၉၇၀ နှစ်များတွင် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာဟု လက်ခံသတ်မှတ် ထားခဲ့ရန်ဖြစ်သော အမေရိက၌ (လူဖြူ) လူမျိုးဆက်လက်တည်ရှိနေခြင်းအကြောင်း အငြင်းပွားမှုတွင် ထင်ရှားလာ သည်”ဟု Anthony Smith (အန်သိုနီစမစ်) မှ ကောက်ချက်ချသည်။ ထိုသဘောတရားအသစ်မှ “ထိုသို့သော ဆက် လက်တည်ရှိနေမှုမှာ သူတို့၏ယဉ်ကျေးမှုဆိုင်ရာအုပ်စုများမှာ လူမှုဝန်းကျင်မှ အလွှာတို့ထက် ပိုမိုအကျိုးသက်ရောက် နိုင်ကြောင်းတွေ့ရသဖြင့် လူထုလှုပ်ရှားမှုဖြစ်ပွားရာများအဖြစ်နှင့် မိမိတို့အာဏာနှင့် အင်အားတို့အတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်စေခြင်းတို့အဖြစ် အသုံးချခဲ့သော လူထုခေါင်းဆောင်တို့၏ လှုပ်ရှားမှုများမှ ရလဒ်ဖြစ်ကြောင်း ရှင်းပြရန် ကြိုးပမ်း ခဲ့သည်။”ထိုလူမျိုးသတ်မှတ်ဖွင့်ဆိုခြင်းအဖြစ်တွင် “လူမျိုးဝိသေသနှင့် လူမျိုးစုများအား ပြဋ္ဌာန်းမှုဆိုင်ရာ လက္ခဏာ များအဖြစ် ရှုမြင်၍ တစ်စုံတစ်ရာသော အဆုံးသတ်မှုများသို့ ရောက်ရန်အတွက် စုစည်းထားခြင်း ဖြစ်ပေသည်”။

ပြဋ္ဌာန်းမှုဝါဒီရှင်းလင်းချက်တွင် လူမျိုးဝိသေသမှာ ခိုင်မြဲသောရှုမြင်မှုဖြစ်ခြင်း၊ မဖြစ်ခြင်းသည် အရေးပါလှသည် မဟုတ် ပေ။ ထို့အပြင် ထိုအတွေးအခေါ်၏ ပညာရှင်များသည် လူမျိုးကွဲပြားမှုသည် ပဋိပက္ခများတွင် အစိတ်အပိုင်းတစ်ခု ဖြစ် သည်၊ ဟူသည် နှင့် စစ်မက်လိုလားသောလူအများအပြားမှ ထိုကွဲပြားမှုတို့အတွက် တိုက်နေကြခြင်းဖြစ်သည် ဟူသည် တို့ကိုလည်း မည်သည်ကိုမှ အများအားဖြင့် ဆန့်ကျင်ခြင်း မပြုပေ။ ပြဋ္ဌာန်းမှုဝါဒီမှ လူမျိုးကွဲပြားမှုသည် ပဋိပက္ခများကို ရှင်းလင်းပြရန် လုံလောက်မှုမရှိဟုသာ ရိုးရှင်းစွာ အဆိုပြုသည်။

ဖန်တီးတည်ဆောက်မှုဝါဒီ ရှင်းလင်းချက်[ပြင်ဆင်ရန်]

အသိပညာဟူသည် လေ့လာသင်ယူသူများ၏ ကိုယ်တွင်းတွင်ရှိသည်ဟု ရှင်းလင်းစွာပြဆို ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ သော Jean Piaget (ဂျင်း ပီရာဂတ်) အား ယေဘုယျအားဖြင့် ဖန်တီးတည်ဆောက်မှုဝါဒီ၏ သဘောတရားကို တရားဝင်ဖြစ်အောင်ဖော်ထုတ်ခဲ့ခြင်းအဖြစ် မှတ်ယူရသည်။ ထည့်သွင်းစဉ်းစားခြင်း နှင့် စိတ်တွင်လက်ခံစွဲမှတ်ခြင်း တို့ ပြုလုပ်ခြင်းများမှ လူတို့သည် အတွေးအခေါ်အသစ်များကို သူတို့၏အတွေ့အကြုံများမှ တည်ဆောက်ဖန်တီးနိုင်မည် ဟု အကြံပြုခဲ့သည်။ လူတစ်ယောက်သည် စိတ်တွင်လက်ခံစွဲမှတ်သောအခါ ရှိနှင့်ပြီးသား ဘောင်ပုံသဏ္ဍန်အား ပြောင်း လဲခြင်း မပြုဘဲနှင့် အတွေ့အကြုံအသစ်ကို ဖြည့်သွင်းပေါင်းစပ်သည်။ ယင်းမှာ ထိုသူ၏အတွေ့အကြုံတို့သည် သူတို့ ကိုယ်တွင်းမှ ကမ္ဘာကြီးအားကိုယ်စားပြုမှုများနှင့် ယှဉ်ညှိနိုင်မှုရှိမှ ဖြစ်နိုင်သော်လည်း၊ မှားယွင်းနေသောနားလည်မှု တစ်ခုကို ပြောင်းလဲရန် မအောင်မြင်သောကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ - သူတို့မှာ အဖြစ်အပျက်များကို သတိမ ထားမိခြင်း၊ အခြားသူများထံမှ စကားများကို နားလည်မှုလွဲခြင်း သို့မဟုတ် အဖြစ်အပျက်တစ်ခုသည် ကြက်ကန်း ဆန်အိုးတိုးခြင်းဖြစ်၍ ကမ္ဘာကြီးအကြောင်း သတင်းအချက်အလက်ကဲ့သို့ အရေးကြီးခြင်းမရှိဟု ဆုံးဖြတ်ခြင်း တို့ ကြောင့်ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် တစ်စုံတစ်ဦး၏ အတွေ့အကြုံတို့သည် သူ၏ကိုယ်တွင်း ကိုယ်စားပြုမှု များနှင့် ဆန့်ကျင်သောအခါ သူ၏ ကိုယ်တွင်းကိုယ်စားပြုမှုများနှင့် အံဝင်ရန် အတွေ့အကြုံများအား သူ၏ ရှုမြင်ပုံတို့ကို ပြောင်းလဲပေလိမ့်မည်။ ထိုသဘောတရားအရ ထည့်သွင်းစဉ်းစားခြင်းဟူသည် တစ်စုံတစ်ဦး၏ ပြင်ပကမ္ဘာနှင့်ဆိုင်သော စိတ်တွင်း ကိုယ်စားပြုမှုများအား အတွေ့အကြုံအသစ်တို့နှင့် အံဝင်စေရန် ပုံစံပြန်ပြောင်းသည့် ဖြစ်စဉ်ပင် ဖြစ်သည်။ ထည့်သွင်းစဉ်းစားခြင်းဟူသည်အား မိမိတို့မှ ကမ္ဘာကြီးသည်ဤနည်းဤပုံနှင့် ဖြစ်ပျက်နေသည်ဟုတွက်ချက် လှုပ်ရှား ပြီး ထိုတွက်ချက်မှုများ မှားယွင်းသောအခါ မိမိတို့ကျရှုံးရသော်လည်း ထိုအတွေ့အကြုံသစ်အား ထည့်သွင်း စဉ်းစား ခြင်းပြု၍ မိမိတို့စံပြုထားသော ကမ္ဘာကြီးလည်ပတ် အလုပ်လုပ်ပုံနည်းလမ်းကို ပုံစံပြန်ပြောင်းခြင်းဖြင့် ကျရှုံးမှုများ၊ သို့မဟုတ် သူတစ်ပါးတို့၏ ကျရှုံးမှုများ အတွေ့အကြုံတို့မှ သင်ယူခြင်း ဖြစ်စဉ် အဖြစ်နားလည်နိုင်သည်။

ဖန်တီးတည်ဆောက်ခြင်းသည် တစ်စုံတစ်ရာသော သင်ကြားနည်းပညာ တစ်ခု မဟုတ်ကြောင်း သတိပြုရန် အရေးကြီး ပါသည်။ စင်စစ်တွင် ဖန်တီးတည်ဆောက်ခြင်းဟူသည် သင်ခန်းစာတစ်ခုကိုနားလည်ရန် သင်ယူသူတို့မှ မိမိတို့၏ အတွေ့အကြုံများကို အသုံးချခြင်း ရှိခြင်း၊ မရှိခြင်း သို့မဟုတ် လေယာဉ်ပျံပုံစံတစ်ခုတည်ဆောက်ခြင်း အတွက် လမ်းညွှန်ချက်များကို လိုက်နာခြင်းရှိခြင်း၊ မရှိခြင်း တို့ကို ဘေးဖယ်၍ သင်ယူမှုတို့ မည်သို့ဖြစ်ပျက်သည်ကို ဖော်ပြသော သဘောတရားတစ်ခု ဖြစ်သည်။ ထိုကိစ္စနှစ်ရပ်လုံးတွင် ဖန်တီးတည်ဆောက်ခြင်း သဘောတရားမှ အကြံပြု ထားသည်မှာ သင်ယူသူများသည် သူတို့အတွေ့အကြုံများမှထုတ်ယူ၍ အသိအမြင်တို့ကို တည်ဆောက်ကြရန် ဖြစ် သည်။ သို့သော် ဖန်တီးတည်ဆောက်ခြင်းသည် တက်ကြွစွာသင်ယူခြင်း သို့မဟုတ် သင်ယူခြင်း တို့ကို တိုးမြှင့်သော သင်ကြားနည်း နည်းလမ်းတို့နှင့် ဆက်နွယ်နေလေ့ရှိသည်။

ဖန်တီးတည်ဆောက်မှုဝါဒီ၏ တတိယမြောက်ရှင်းလင်းချက်အစုမှ လူမှုရေးအရ တည်ဆောက်ထားသော လူမျိုးအုပ်စု တို့ သဘာဝ၏ အရေးပါပုံကို Benedict Anderson (ဘန်းနီဒစ် အန်ဒါဆင်) ၏ စိတ်ကူးထားသော လူမှုဝန်းကျင် သဘောတရားအား ဆွဲထုတ်ခြင်းဖြင့် အလေးထားပြခဲ့သည်။ ယင်းရှင်းလင်းချက်အား ထောက်ခံသူတို့မှ Rwanda (ရဝမ်ဒါ) အား ၁၉၃၀ နှစ်များက ကျွဲနွားပိုင်ဆိုင်မှု၊ သွင်ပြင်တိုင်းတာမှုများ နှင့် ဘုရားကျောင်းမှတ်တမ်းများ ပေါ်တွင် အခြေခံသည့် ဘယ်လ်ဂျီယံကိုလိုနီအင်အား ကြောင့် Tutsi (တက်စီ) /Hutu (ဟူတူ) ကွဲပြားခြင်း အဖြစ်ကတည်းက ဥပမာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ ထိုအပေါ်တွင် အခြေခံ၍ မှတ်ပုံတင်ကတ်များ ထုတ်ပေးခဲ့ပြီး ယင်းမှတ်တမ်းများ သည် ၁၉၉၄ မျိုးဖြုတ်သတ်ဖြတ်ခြင်း တွင် အဓိက အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်သည်။

လူမျိုးရေးပဋိပက္ခ နှင့် ပြည်တွင်းစစ်ပွဲများ ဆိုင်ရာ ပညာရှင်များမှ လတ်တလောတွင် ထိုရိုးရာအတွေးအခေါ် သုံးခု စလုံးမှ အတွင်းသဘောတို့ကို ထုတ်ယူထားသော သဘောတရားတို့ဖြင့် မိတ်ဆက်ပေးခဲ့သည်။ လူမျိုးစု အကြမ်းဖက်မှု တို့၏ပထဝီဝင်တွင် ဥပမာအားဖြင့် Monica Duffy Toft (မောနီကာ ဒတ်ဖီ တော့(ဖ်)) မှ လူမျိုးအုပ်စုများ မည်သို့ အခြေချ နေထိုင်မှုပုံစံများ၊ လူမှုရေးအရတည်ဆောက်ထားသော အမှတ်သညာပြုမှုများ၊ ဩဇာတိက္ကမနှင့် ပြည့်စုံသော ခေါင်းဆောင်များ၊ မခွဲခြားနိုင်ခြင်း ဆွေးနွေးချက်၊ နှင့်ထုံးတမ်းအစဉ်အလာတို့သည် အငြင်းပွားမှုတစ်ခုကို အကြမ်း ဖက်မှုဖြစ်အောင်တိုးမြှင့်စေပြီး၊ ထိုသို့ပြုလုပ်ခြင်းသည်ပင် ယှဉ်ပြိုင်သောအုပ်စုများအား နိမ့်ကျစွာထားခဲ့ရန်အတွက် ဖြစ်သည်ဟု စဉ်းစားချင့်ချိန်စွာဆောင်ရွက်သူတို့အား ဦးတည်စေနိုင်ကြောင်းနှင့် ပတ်သက်၍ ပြည်နယ်တို့၏ စိုးရိမ်မှု တို့ကို ဖော်ပြခဲ့သည်။ ထိုသုတေသနသည် ကမ္ဘာဦးဝါဒ၊ ပြဋ္ဌာန်းမှုဝါဒ သို့မဟုတ် တည်ဆောက်ဖန်တီးမှုဝါဒ တစ်ခု တည်းနှင့် ဖြေရှင်းရန်ခက်ခဲသည်များ၊ မည်သည့်အတွက်ကြောင့် အချို့လူမျိုးများသည် အငြင်းပွားမှုမှ အကြမ်းဖက်မှုသို့ တိုးမြှင့်သွားချိန်တွင် တူညီသောပထဝီအနေအထားဒေသတွင်းရှိ အခြားသူတို့မှာ ထိုသို့မပြုလုပ်ကြကြောင်း ကဲ့သို့သော လက်တွေ့အရှုပ်အထွေးများကို ညွှန်းဆိုပြထားသည်။

စစ်အေးတိုက်ပွဲ နောက်ပိုင်း ကမ္ဘာ့လူမျိုးရေး ပဋိပက္ခများ[ပြင်ဆင်ရန်]

လူမျိုးရေးပဋိပက္ခများကို လေ့လာခြင်းမှာ ကာလရှည်ကြာခဲ့ပြီဖြစ်သော်လည်း လူမျိုးရေးပဋိပက္ခ အလွန်နှိုင်းယှဉ် လေ့လာသော လူမှုရေးသိပ္ပံနယ်ပယ်ခွဲတို့၏ စင်စစ်စိတ်ဝင်စားမှုသည် လူမျိုးရေးပဋိပက္ခများမှ အကြမ်းဖက်မှုနှင့် ပြည် တွင်းစစ်တို့အဖြစ်သို့ တိုးပွားပြီး နောက်ဆက်တွဲဖြစ်လာသည့် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း နှင့် ယူဂိုဆလားဗီးယား ပြိုကွဲခြင်း တို့သို့ ရောက်ရှိသွားသည်။ စစ်အေးတိုက်ပွဲ၏ အဆုံးသတ်ကြောင့် လူမျိုးရေးပဋိပက္ခ တို့အကြောင်း အရေးပါ သော မေးခွန်းနှစ်ခုတွင် စိတ်ဝင်စားမှု တောက်ပလာခဲ့သည်။ ယင်းတို့မှာ လူမျိုးရေးပဋိပက္ခ မြင့်တက်နေပြီလား နှင့် အချို့သော လူမျိုးရေးပဋိပက္ခတို့မှ ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုများအဖြစ်သို့ တိုးပွားလာသည်ဟု ဖော်ပြ ထားသဖြင့် (လုံခြုံရေးဆိုင်ရာလေ့လာမှုများ၊ နည်းဗျူဟာဆိုင်ရာလေ့လာမှုများ၊ ပြည်နယ်တွင်းနိုင်ငံရေး) စသည့် မည်သူ၊ မည်သည့် အကြမ်းဖက်မှုအကြီးစားဆိုင်ရာ ပညာရှင်တို့မှ ရှင်းလင်းပြောဆိုနိုင်သည့်နည်းများ ပေးနိုင်မည်နည်း တို့ ဖြစ်သည်။

လူမျိုးရေးပဋိပက္ခနှင့် ဆက်နွယ်၍ အငြင်းပွားမှုအများဆုံးသော ကိစ္စများအနက်တစ်ခုမှာ ယင်းသည် စစ်အေးတိုက်ပွဲ ပြီးကာလတွင် ပို၍ သို့မဟုတ် လျော့၍ ပျံ့နှ့ံလာမှု ရှိ၊ မရှိ ဖြစ်သည်။ စစ်အေးတိုက်ပွဲ အဆုံးတွင် Samuel P. Huntington (ဆင်မူရယ် ပီ ဟွန်တင်းတွန်) နှင့် Robert D. Kaplan (ရောဘတ် ဒီ ကပ်လန်) တို့ ပါဝင်သော တက္ကသိုလ်ဆရာများမှ ပဋိပက္ခများ တိုးပွား၊ ပွားများခြင်းသည် လူမှုတိုးတက်မှုဆိုင်ရာ အငြင်းပွားတိုက်ခိုက်မှုများ၊ လူမျိုးစုနွယ်အလိုက် စရိုက်၊ အရင်းအမြစ် ရှားပါးခြင်း နှင့် လူဦးရေထူထပ်ခြင်း စသည့် လောင်စာမီးများကြောင့် ဖြစ်သည် ဟု မှန်းဆခဲ့ကြသည်။ စစ်အေးတိုက်ပွဲအပြီးကာလသည် မူလကွန်မြူနစ်နိုင်ငံများအတွင်းတွင် လူမျိုးရေးဆိုင်ရာအသိပေးသော ချစ်ကြည်မှု ရုပ်သိမ်းသည့် လှုပ်ရှားမှုများ အများအပြားလွှမ်းမိုးလျက်ရှိသည် ကိုတွေ့ရသည်။ former Yugoslavia (ယခင်ယူဂိုဆလားဗီးယား)၊ Moldova (မိုလ်ဒိုဗာ) တွင် Transnistria (ထရန်စနီးစတြီးယား)၊ Azerbaijan (အေဇာဘေဂျန်) တွင် Armenians (အာမန်းနီးရန်း(စ်))၊ Georgia (ဂျော်ဂျီယာ) တွင် Abkhaz (အတ်ဘ်ခါး(ဇ်)) နှင့် Ossetians (အိုစက်တီးရန်း(စ်)) နှင့် Russian Federation (ရုရှ) တွင် Chechens (ချီချန်းစ်) လူမျိုးများတွင် ချစ်ကြည်မှုရုပ်သိမ်းသည့်လှုပ်ရှားမှုများမှ ပဋိပက္ခများ ပါဝင်လာသည်။

သို့သော်လည်း အချို့သော သဘောတရားသမားများမှ စစ်အေးတိုက်ပွဲအတွင်းတွင် တိုက်ခဲ့သော ကိုယ်စားလှယ် ဆိုင်ရာတိုက်ပွဲ အများအပြားမှာ စင်စစ်အားဖြင့် စစ်အေးတိုက်ပွဲ၏စမှတ်များအဖြစ်အရေခြုံထားသည့် လူမျိုးရေးပဋိပက္ခ များ ဖြစ်နေသည့်အတွက် ယင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်ပေါ်မှုများ တိုးပွားလာခြင်းကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အခိုင်အမာဆိုကြသည်။ ကွန်မြူနစ်ဝါဒ ကျရှုံးခြင်း နှင့် အားလုံးသော စစ်မက်၊ ပြည်နယ်တွင်းစစ်ပွဲများ၊ လူမျိုးရေး စစ်ပွဲများ၊ တော်လှန်ရေး စစ်ပွဲများ နှင့် ဒုက္ခသည်များနှင့် ပြောင်းရွှေ့ခံနေရသူများ အရေအတွက်တို့ လျော့ကျ လာသည်နှင့်အတူ အရင်းရှင်ဝါဒ နိုင်ငံများ အများအပြား တိုးပွားလာမှုတို့ကို သုတေသနတို့မှ ဖော်ပြသည်။ စင်စစ်တွင် အချို့သောပညာရှင်တို့မှ လူမျိုးရေးပဋိပက္ခ၏ သဘောတရားများသည် အသုံးဝင်ပါ၏ လောဟု မေးခွန်းများ ထုတ်လာကြပြီဖြစ်သည်။ အချို့မှာ လူမှုဖွံ့ဖြိုးလာခြင်း ပဋိပက္ခတို့ကို စစ်ဆေးရန် စာတမ်း ပြုစုကြိုးစားမှုပြုလာကြပြီး စစ်အေးတိုက်ပွဲပြီးဆုံးကတည်းက အခြားသောလူမျိုးရေးပဋိပက္ခတို့နှင့် ယှဉ်ရာတွင် ပြင်းအားများလာခြင်း မရှိသည့် အတွက် ယင်းမှာ လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကြောင်းတွေ့ရှိလာကြသည်။

လူမျိုးရေးပဋိပက္ခ စည်းမျဉ်းများ[ပြင်ဆင်ရန်]

ပညာရှင်အများအပြားမှ လူမျိုးရေးပဋိပက္ခတို့အား ပြေလည်အောင်ဖြေရှင်းပေးခြင်း၊ ဖြေရှင်းစီမံခြင်း သို့မဟုတ် အသွင် ပြောင်းပေးခြင်း တို့အတွက် ရနိုင်သောနည်းလမ်းများကို ပေါင်းစပ်ဖော်ထုတ်ရန် ကြိုးစားကြသည်။ ဥပမာ- John Coakley (ဂျွန် ကုတ်(ခ်)လေး) မှ နိုင်ငံများတွင် အသုံးပြုနေသော သူစာရင်းပြုစုထားသည့် ဒေသခံနေထိုင်မှုများ၊ ထည့်သွင်းလက်ခံ စဉ်းစားပေးခြင်း၊ လက်ခံသတ်မှတ်ခြင်း၊ ယဉ်ကျေးမှုများမွေးစားခြင်း၊ လူဦးရေများပြောင်းရွှေ့ခြင်း၊ နယ်နိမိတ်များအပြောင်းအလဲ၊ မျိုးဖြုတ်သတ်ဖြတ်ခြင်း နှင့် လူမျိုးတို့အဆုံးစီရင်မှုတို့ပါဝင်သည့် ပဋိပက္ခ ပြေလည် အောင် ဖြေရှင်းခြင်းနည်းလမ်းများ ပုံနှိပ်မှု ကို စတင်ထုတ်ဖော်ခဲ့သည်။

John McGarry (ဂျွန် မက်ဂယ်ရီ) နှင့် Brendan O'Leary (ဘရန်ဒန် အိုလီရာရီ) တို့မှ နိုင်ငံရေးအရ အင်အားကြီး သော လူမျိုးရေးပဋိပက္ခ စည်းမျဉ်းနည်းလမ်းများ ရှစ်ခုပါသော အမျိုးအစားခွဲနည်းစနစ် ကို ဖော်ထုတ်ခဲ့သည်။ ၎င်းမှာ နိုင်ငံများတွင် တစ်ခုနှင့် တစ်ခုပေါင်းစပ်၍ သုံးစွဲနေလေ့ရှိကြောင်းကို သူတို့ သတိထားမိကြသည်။ ယင်းတို့တွင် လူ့ကျင့်ဝတ်အရ ထင်ထင်ရှားရှား လက်ခံမှုမပြုနိုင်သော နည်းလမ်းအတော်များများ ပါဝင်သည်။

  • ကွဲပြားချက်များကို ဖယ်ရှားရန်အတွက် နည်းလမ်းများ -
  • မျိုးဖြုတ်သတ်ဖြတ်ခြင်း
  • လူထုတစ်ရပ်လုံးကိုပြောင်းရွှေ့ရန် အတင်းအဓမ္မပြုလုပ်ခြင်း
  • ခွဲခြားခြင်း နှင့်/သို့မဟုတ် ခွဲထွက်ခြင်း(ကိုယ်ပိုင်ဆုံးဖြတ်ခြင်း)
  • ပေါင်းစည်းခြင်း နှင့်/သို့မဟုတ် လက်ခံသတ်မှတ်ခြင်း
  • ကွဲပြားချက်များကို ဖြေရှင်းစီမံရန်အတွက် နည်းလမ်းများ
  • လွှမ်းမိုးခြင်းဖြင့် ထိန်းချုပ်ခြင်း
  • ကြားဝင်စေ့စပ်ခြင်း ( တတိယ-ပါတီမှ ဆောင်ရွက်ပေးခြင်း)
  • နိုင်ငံကိုခွဲခြမ်းခြင်း နှင့်/သို့မဟုတ် ဗဟိုအစိုးရနှင့်သီးခြားပြည်နယ်အစိုးရခွဲအုပ်ချုပ်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းဝါဒ သို့မဟုတ် အာဏာမျှသုံးခြင်း