ဂျင်မ် ဝေါ်လ်တန်

ဝီကီပီးဒီးယား မှ
ဂျင်မ် ဝေါ်လ်တန်
ဂျင်မ် ဝေါ်လ်တန်
မွေးသက္ကရာဇ် ၁၉၄၈

လူမျိုး အမေရိကန်
ပညာရေး အာကန်းဆက် တက္ကသိုလ်၊
ဝိဇ္ဇာ/သိပ္ပံဘွဲ့
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၀.၇ ဘီလျံ
သားသမီး ၄ယောက်

ဂျင်မ် ကားလ် ဝေါ်လ်တန် ( ၁၉၄၈ ခုနှစ်တွင် နယူးပို့တ်၊ အာကန်းဆက် ၌ မွေးဖွားခဲ့ ) Wal-Mart ကိုတည်ထောင်သူ စမ် ဝေါ်လ်တန် ၏ အငယ်ဆုံးသား ဖြစ်ပြီး၊ Arvest ဘဏ် ၏ သဘာပတိ ဥက္ကဋ္ဌ ဖြစ်သည်။

၂၀၁ဝ တွင် ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလီယံ ဝန်းကျင်ရှိပြီး၊ Forbes ၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် နံပါတ် ၁၁ ချိတ်သည်။

လင်းန် မက်နက်ဘ် နှင့် လက်ထပ်ခဲ့ပြီး အဲလစ် အန်နီ ဝေါ်လ်တန် နှင့် သောမတ်စ် လေတွန် ဝေါ်လ်တန် တို့ အပါအဝင် သားသမီး လေးယောက် ဖွားမြင်ခဲ့သည်။ ၎င်း တို့ မိသားစုသည် အာကန်းဆက် ရှိ ဘန်တွန်ဗီလီ တွင် နေထိုင်လျက်ရှိသည်။

ဆက်စပ်လင့်ခ်[ပြင်ဆင်ရန်]

Forbes မဂ္ဂဇင်း၏ ဖော်ပြချက် Archived 11 February 2011 at the Wayback Machine.