ဂျိုးဇက် ဆဖရာ

ဝီကီပီးဒီးယား မှ
Joseph Safra
မွေးဖွား၁၉၃၉ (အသက် ၈၄–၈၅)[၁]
Aleppo, Syria
ဌာနေSão Paulo, Brazil[၂]
လူမျိုးLebanese
ကြွယ်ဝမှုIncrease US$17 billion (June 2015)
[၂]
အိမ်ထောင်ဖက်(များ)Vicky Sarfati
သားသမီးJacob J Safra, Alberto J Safra, Esther Safra Dayan, David J Safra[၂]
မိဘ(များ)Jacob Safra (father)
မိသားစုEli Safra, Moise Safra, Edmond Safra, Arlette Safra (siblings)

ဂျိုးဇက် ဆဖရာ သည် Safra Group အမည်ဖြင့် ဘရာဇီးဘဏ်နှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အင်ပါယာ တို့ကို လက်ရှိတွင် ချဲ့ထွင် လုပ်ကိုင်လျက်ရှိသည်။ Safra ကုမ္ပဏီအားလုံးထဲမှ ဘရာဇီးနိုင်ငံ ဆော်ပေါ်လို ရှိ Banco Safra ရုံးချုပ်နှင့် Safra အမျိုးသားဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဂျိုးဇက်သည် ၂၀၀၉ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏ဘီလျံနာ စာရင်းတွင် ပိုင်ဆိုင်မှု ဒေါ်လာ ၇ ဘီလျံဖြင့် နံပါတ် ၆၂ အဖြစ်သတ်မှတ်ခံရသည်။[၂]လွန်ခဲ့သော နှစ် ၈.၈ ဘီလျံမှ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဂျိုးဇက် သည် ဆီးရီးယား ရှိ Aleppo တွင် ချမ်းသာကြွယ်ဝသော ဘဏ်လုပ်ငန်းပိုင် ဂျူးမိသားစုမှပေါက်ဖွားလာ သည်။ မိသားစု ဘဏ်လုပ်ငန်း၏ မူလသမိုင်း သည် အော့တိုမန် အင်ပါယာခေတ် အတောတွင်း အလီပို၊ အလက်ဇန္ဒား နှင့် ကွန်စတန့်တင်နိုပဲလ်မြို့ တို့ကြား ကုန်တွဲယာဉ်များဖြင့် ကုန်သွယ်မှုပြုခဲ့ခြင်းဖြစ်သည်။

သူတို့မိသားစုသည် ဂျူးလူမျိုးတို့အတွက် ရှင်သန်ရာအိမ်မြေဖြစ်သော Beirut တွင် ပထမကမ္ဘာစစ်အပြီး၌ ပြန်လည်အခြေချကြသည်။ နောက်ဆုံးတွင်တော့ ဆဖရာ တို့သည် ၁၉၅၂ ခုနှစ်တွင် ဘရာဇီးသို့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၅၅ တွင် ဂျိုးဇက် ၏ ၂၃ နှစ်အရွယ်အစ်ကို Edmond Safra နှင့် ဖခင် Jacob Safra တို့သည် ဘရာဇီးနိုင်ငံ Sao Paulo တွင် ရင်းနှီးမှုများထောက်ပံ့ပေးခြင်းဖြင့် အလုပ်စတင်လုပ်ကိုင်ခဲ့သည်။

သို့သော် မကြာခင်မှာပင် အက်ဒ်မွန် ဆဖရာ သည် သူ့ညီအစ်ကိုများဖြစ်သော ဂျိုးဇက်၊ မိုးဇက် တို့နှင့်ခွဲထွက် ကာ New York မြို့တွင် Republic National Bank of New York ကိုတည်ထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် HSBC သို့ရောင်းလိုက်ကာ ထိုငွေများကို Edmond Safra ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။

ဂျိုးဇက် ဆဖရာ သည် ယနေ့ ဘရာဇီးတွင် ၆ ခုမြောက် အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သည့် Banco Safra ကို ၁၉၆၀ ခုနှစ်များတွင် ထူထောင်ဖွဲ့စည်းခဲ့သည်။ သူသည် ဥရောပ၊ တောင်နှင့်မြောက်အမေရိကများမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုကမ်းလှမ်းကာ Safra Group ၏ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ဂျိုးဇက် ဆဖရာ သည် Safra Group ကုမ္ပဏီ၏ကျန်ရှိနေသေးသောရှယ်ယာများကို သူ့ညီ မိုးဇက် ဆဖရာ ဆီမှ ရရှိထားသည်။

သူတို့ညီအစ်ကိုနှစ်ဦးသည် Aracruz Cellulose ကုမ္ပဏီကို စပ်တူပိုင်ဆိုင်၍ ဆက်လက်ထိန်းသိမ်းလုပ်ကိုင် လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]