ဒစ်ဂျစ်တယ်ပျက်စီးခြင်း

ဝီကီပီးဒီးယား မှ

အရာဝထ္ထုတွေ ပစ္စည်းတွေဟာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ပျက်စီးလာကြပါတယ်။ အစားအစာတွေဟာ အချိန်ကြာလာရင် ပုပ်သိုးသွားပါတယ်။ နံရံပေါ်က အိမ်သုတ်ဆေးဟာ အချိန်ကာလကြာရှည်လာတာနဲ့အမျှ ဆေးရောင်လွင့်ပြယ်သွားပါတယ်။ စကျင်ကျောက်ဆစ်ရုပ်တုတွေဟာလည်း ပတ်ဝန်းကျင်ရှိ လေထု ညစ်ညမ်း မှုကြောင့် အရောင်ပြောင်းကုန်ပြီး သံထည်တွေကတော့ သံချေးတက်ခြင်းကြောင့် ပျက်စီးကုန်ပါတယ်။ အဲသည်လိုပဲ digital data တွေကရော အချိန်ကာလကြာရှည်လာရင် ပျက်စီးကုန် တတ်ပါသလား။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် analogy အကြောင်းကိုပြန်ပြောမှဖြစ်ပါမယ်။

၁၉၈၀ ပြည့်နှစ်များဆီတုန်းက VHS ဟာ Beta နေရာမှာဝင်ရောက်နေရာယူပြီး ဈေးကွက်မှာ VHS format ဟာကျယ်ပြန့်လာပြီး Beta စုဆောင်းသုံးစွဲသူများကတော့ ဈေးကွက်မှာ tape အသစ်များကိုရှာဖွေဝယ်ယူရတာ အခက်အခဲဖြစ်လာခဲ့ပါတယ်။ တကယ်တန်းကျတော့ VHS ရဲ့ အောင်မြင်မှုကကြာရှည်မခံပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကပဲ ရဲ့ VHS နေရာမှာ VCD နဲ့ DVD format တွေက ဝင်ရောက်နေရာယူပြီး လူကြိုက်များ နေပါတယ်။ DVD player တွေကိုလူကြိုက်များပြီး အသုံးများလာတဲ့ ယနေ့အချိန်မှာတော့ VHS ဟာဈေးကွက်ထဲမှာခေတ်ကုန်သွားပြီး နောက်နှစ်အနည်းငယ်အတွင်းမှာပဲ VHS ဟာလုံးဝပျောက်ကွယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒီလိုဥပမာတွေကိုကြည့်ခြင်းအားဖြင့် digital data တွေလည်းပျက်စီး ဆုံးရှုံးခြင်းဖြစ်နိုင် ပါတယ်။ ဗိုင်းရပ်စ်များကြောင့် ဒေတာများဆုံးရှုံးခြင်း ၊ hardware နဲ့ software များ ဗားရှင်း နိမ့်ခြင်းတို့ကြောင့် digital data တွေပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဒါဆိုရင်ဘယ်သူတွေက digital decay ကို ရင်ဆိုင်ကြုံတွေ့ကြရမှာလဲ။ ကွန်ပျုတာသုံးစွဲသူတွေအားလုံး digital decay ကိုရင်ဆိုင်ကြရမှာပါ။ digital photo နဲ့ အီးမေးလ်များ ၊ မြေပုံကားချပ်များ ၊ ကျောင်းသားများရဲ့ project စာရွက်စာတမ်းများ အကုန်လုံးကိုနောင်တစ်ချိန်မှာ အသုံးပြုလို့ ရနိုင်ဖို့ကို ကောင်းမွန်စွာသိမ်းဆည်းထားဖို့လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း မိမိတို့ရဲ့အရေးကြီးသောစာရင်း ဇယားများကို ထိန်းသိမ်းဖို့လိုအပ်လာပါတယ်။

အကြမ်းဖက်မှုများ ၊ ဗုံးပေါက်ကွဲမှုများ ၊ သဘာဝရာသီဥတုဘေးဆိုးဒဏ်များကြောင့် ဒေတာများဆုံးရှုံးခြင်းဖြစ်စေနိုင်သလို ဒေတာများခိုးယူခံရခြင်းကြောင့်လည်း ဆုံးရှုံးနိုင်ပါတယ်။ software ပညာရှင်များ ဖန်တီးထားတဲ့ ကွန်ပျုတာဗိုင်းရပ်စ်များ နဲ့ ကွန်ပျုတာသုံးစွဲသူကိုယ်တိုင် မတော်တဆ delete လုပ်မိခြင်းကြောင့်လည်း အရေးကြီးတဲ့စာရွက်စာတမ်းများ ၊ စာရင်းဇယားများ ၊ ဖိုင်လ်များ ၊ ကျောင်းသူကျောင်းသားများရဲ့ ကျောင်းသင်ခန်းစာများ နဲ့ အမှတ်စာရင်းများကို ပျက်စီးဆုံးရှုံးစေခြင်းဖြစ်စေနိုင်ပါတယ်။

ကွန်ပျုတာပရိုဂရမ်များ နဲ့ ဒေတာများကိုသိမ်းဆည်းထားတဲ့ punch cards , magnetic ribbons, floppy tape များက ခေတ်မမီတော့တဲ့အခါမှာ ကွန်ပျုတာသုံးစွဲသူအဖို့ ဖတ်ဖို့ကို အခက်အခဲဖြစ်လာပါတယ်။ ဒီလို storage media တွေမှ ခေတ်မမီတော့တာမဟုတ်ပါဘူး။ အင်မတန်ခေတ်စားခဲ့တဲ့ Intel 80386 နဲ့မှ ကစားလို့ရတဲ့ Pacman game ဟာလည်း အခုအချိန်ခါမှာ Intel computer တွေနဲ့ ကစားလို့ မရတော့ ပါဘူး။ Atari , Amig နဲ့ Commodore ကွန်ပျုတာများအတွက် ဒီဇိုင်းပြုလုပ်ထားတဲ့ ဂိမ်းများနဲ့ ပရိုဂရမ်များဟာ ယနေ့အခါမှာ အသုံး မဝင်တော့တာ အထင်အရှားပါပဲ။

WordStar ဟာ ၁၉၉၀ ပြည့်နှစ်များအထိ အလွန်ခေတ်စားခဲ့တဲ့ word processing programme ဖြစ်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ WordStar software ကို ဈေးကွက်မှာဝယ်ယူရရှိဖို့ မလွယ်ကူတော့ပါဘူး။ မိုက်ခရိုဆော့ဖ် Microsoft ကဲ့သို့သော software corporation အကြီးကြီးတောင်မှ သူတို့ရဲ့ old version များဖြစ်နေတဲ့ software တွေအတွက် မထောက်ခံပေးနိုင်တော့ပါဘူး။ သုံးစွဲသူများကသာ မိမိတို့ရဲ့ software များကို နောက်ဆုံးပေါ်ဗားရှင်း(latest version) အဖြစ် ရောက်အောင် update လုပ်ပေးခြင်းဖြင့်သာ အဆင်ပြေလွယ်ကူနေတာဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝှမ်းမှာ ကွန်ပျုတာပညာရှင်တွေက ဒီပြဿနာများကို သုတသနများ ပြုလုပ်ပြီး ဖြေရှင်းပေးနိုင်ဖို့အမြဲကြိုးစားနေကြပါတယ်။ ဓာတ်ပုံများအတွက် JEPG က အကောင်းဆုံး ဖြစ်ခဲ့ပေမယ့်လည်း ယနေ့အချိန်မှာတော့ 1GB USB Flash Drive က JEPG ကို ပြတိုက်မှာ ထားဖို့ကို ပို့ပေးလိုက်သလိုပါပဲ။ ကွန်ပျုတာသုံးစွဲသူများအဖို့ ဒစ်ဂျစ်တယ်လောက ကြီးအတွင်းမှာ မိမိတိုရဲ့ software များကို အမြဲတမ်းခေတ်မီနေအောင် update ပြုလုပ်ပေးခြင်းဖြင့် မိမိတို့တန်ဖိုးထားတဲ့ ဓာတ်ပုံများ ၊ အသံဖိုလ်များ ၊ စာရွက်စာတမ်းများ အားလုံးကို မပျက်စီးမဆုံးရှုံးရစေရန် ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။