၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း

ဝီကီပီးဒီးယား မှ
၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း
IPC ကုဒ်MYA
NPCမြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
ဂျာကာတာမြို့အင်ဒိုနီးရှားနိုင်ငံ တွင်
ဆုတံဆိပ်များ
အဆင့် ၂၇th
ရွှေ
ငွေ
ကြေး
စုစုပေါင်း

၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ဤအားကစားပြိုင်ပွဲသည် တတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြေးခုန်ပစ်၊ စစ်တုရင်၊ ထိုင်လျက်ဘော်လီဘော၊ ရေကူးအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ် နှစ်ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၂၇)တွင် ရပ်တည်ခဲ့သည်။[၁][၂][၃]

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

ဆုတံဆိပ် အမည် အားကစားနည်း ပွဲစဉ်
2nd, silver medalist(s) ကောင်းစံ စစ်တုရင် တစ်ဦးချင်း
2nd, silver medalist(s)
  • ကောင်းစံ
  • မျိုးဆန်းအောင်
  • သန်းဌေး
အဖွဲ့လိုက်
2nd, silver medalist(s) ကျော်ထူး ရေကူး မီတာ (၅၀) နောက်ပြန်ကူး
2nd, silver medalist(s) အောင်မြင့်မြတ် မီတာ (၁၀၀) နောက်ပြန်ကူး
3rd, bronze medalist(s) အောင်မြင့်မြတ် မီတာ (၅၀) အလွတ်ကူး
3rd, bronze medalist(s) အောင်ငြိမ်းဦး မီတာ (၁၀၀) ရင်ဘောင်တန်းကူး


အားကစားနည်းအလိုက် ဆုတံဆိပ်
အားကစားနည်း 1st, gold medalist(s) 1st, gold medalist(s) 3rd, bronze medalist(s) စုစုပေါင်း
စစ်တုရင်
ရေကူး
စုစုပေါင်း

ကိုးကား[ပြင်ဆင်ရန်]