အဲလ်ဖရက် အက်ဒွပ် ဟောက်စ်မန်

ဝီကီပီးဒီးယား မှ

အေအီး ဟောက်စ်မန်ကို ၁၈၅၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ဝါဆက်စတာရှိုင်းယားတွင် မွေးဖွားသည်။ အောက်စဖို့ တက္ကသိုလ်တွင် ပညာသင်ကြားပြီး ဆယ်နှစ်ကြာ ပြည်သူ့ဝန်ထမ်းအဖြစ် ဆောင်ရွက်သည်။ ထို့နောက် လန်ဒန်တက္ကသိုလ်၊ ကင်းဗရစ်ချ်တက္ကသိုလ်တို့တွင် လက်တင်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်သည်။

ဟောက်စမန်သည် ကဗျာ များအပြားရေးသားခဲ့ရာ When I was one and twenty ကဗျာသည် ထင်ရှားသည်။ ၁၈၉၆ ခုနှစ်တွင် ရေးသားသော A Shropshire Lad သည်လည်း လူသိများသော ကဗျာဖြစ်သည်။

Last Poems (၁၉၂၂)၊ More Poems (၁၉၆၃)၊ Collected Poems (၁၉၄၀) တို့ကိုလည်း ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]