အဲယားဘတ်စ် A340

ဝီကီပီးဒီးယား မှ
အဲယားဘတ်စ် A340

A300 · A310 · A320 · A330 · A340 · A350 · A380

ကက်သေး ပစိဖိတ် လေကြောင်းလိုင်းမှ A340-600
အမျိုးအစား ခရီးသည်တင်လေယာဉ်
ထုတ်လုပ်သူ အဲယားဘတ်စ်
ပထမဦးဆုံးခရီးစဉ် အောက်တိုဘာလ ၂၅ရက် ၁၉၉၁
စတင်ပျံသန်းခြင်း မတ်လ ၁၉၉၃
အဓိကအသုံးပြုသူများ Lufthansa
Iberia
Virgin Atlantic Airways
South African Airways
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ၂၀၁၁ မတ်လ ၃၁ ရက် အထိ ၃၇၅ စင်း
အဲယားဘတ်စ် A340-600 သည် ဘိုးအင်း ၇၄၇-၈ ပြီးလျှင် ဒုတိယမြောက် အရှည်ဆုံး လုပ်ငန်းသုံး လေယာဉ်ဖြစ်သည်။ ဖန်းဘိုရိုး လေကြောင်းပြပွဲတွင် ၂၀၀၆ ခုနှစ်တွင် တွေ့ရစဉ်

အဲယားဘတ်စ် A340 သည် ခရီးဝေးသွား အင်ဂျင် ၄လုံးတပ် ကိုယ်ထည်အကျယ် လုပ်ငန်းသုံး ခရီးသည်တင် ဂျက်လေယာဉ်ဖြစ်သည်။ အဲယားဘတ်စ် ကုမ္ပဏီမှ ထုတ်လုပ်ပြီး A340 ကို ပြင်သစ်နိုင်ငံ တော်လို့စ်မြို့တွင် ထုတ်လုပ်သည်။ ပုံမှန် မော်ဒယ်လ်တွင် ခရီးသည် ၃၇၅ယောက် တင်ဆောင်နိုင်ပြီး -၆၀၀ စီးရီးတွင်မူ ခရီးသည် ၄၄၀ အထိ တင်ဆောင်နိုင်သည်။ မော်ဒယ်လ် အပေါ်တွင် လိုက်၍ လေကြောင်းမိုင် ၆၇၀၀ မှ ၉၀၀၀ အထိ (၁၂,၄၀၀ ကီလိုမီတာမှ ၁၇,၀၀၀ ကီလိုမီတာ အထိ) ပျံသန်းနိုင်သည်။ ၎င်းနှင့် တစ်ပြိုင်နက်တည်း ဒီဇိုင်းပြုလုပ်ခဲ့သော အင်ဂျင်နှစ်လုံးတပ် A330 နှင့် ဆင်တူသည်။ ၎င်း၏ ထူးခြားသော အချက်များမှာ ဟိုင်းဘိုင်ပတ်စ် တာဘိုပန်ကာ အင်ဂျင် (High-bypass turbofan engines) ၄လုံးနှင့် ဘီးတန်း ၃ခုပါသော လေယာဉ်ဘီးတို့ ဖြစ်သည်။

အဲယားဘတ်စ်သည် A340 ကို လေယာဉ်ကိုယ်ထည် အရှည် ၄ မျိုးထုတ်လုပ်သည်။ ပထမဆုံးအမျိုးအစားဖြစ်သော A340-300 သည် ၁၉၉၃ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ပြီး ကိုယ်ထည်အရှည် ၅၉.၃၉ မီတာ (၁၉၄.၈ ပေ) ရှိသည်။ နောက်ထပ်ထုတ်လုပ်သော အမျိုးအစားမှာ အနည်းငယ်တိုသော -200 အမျိုးအစား ဖြစ်သည်။ A340-600 ၏ အရှည်မှာ -200 ထက် ၁၅.၉၁ မီတာ (၅၂.၂ပေ) မျှ ပိုရှည်သည်။ ထို အမျိုးအစားကို A340-500 နှင့် အတူတူ ထုတ်လုပ်ခဲ့ပြီး ထိုလေယာဉ်မှာ ဘိုးအင်း၏ ၇၇၇-၂၀၀LR လေယာဉ်ပျံ မထွက်မီ အချိန်အထိ ခရီးအရှည်ဆုံး သွားနိုင်သော လေယာဉ်ဖြစ်ခဲ့သည်။ အစောပိုင်း A340 ဗာရှင်များမှာ A330 နှင့် ကိုယ်ထည် အတောင်ပံတို့ တူညီကြပြီး -500 နှင့် -၆၀၀ မော်ဒယ်လ်များမှာမူ ကိုယ်ထည်ပို၍ ရှည်လျားပြီး အတောင်ပံလည်း ပို၍ ကျယ်ပြန့်သည်။

A340 ကို ပထမဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ ဂျာမနီ လဖ်သန်ဇာ (Lufthansa) နှင့် ပြင်သစ် လေကြောင်းလိုင်း (Air France) တို့ဖြစ်ကြပြီး ၁၉၉၃ခုနှစ် မတ်လတွင် စတင်ပြေးဆွဲခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လအထိ မှာကြားသည် စင်းရေ ၃၇၉ စင်းမျှ ရှိပြီး ၃၇၅ စင်းကို ထုတ်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ အသုံးအများဆုံးမှာ A340-300 အမျိုးအစားဖြစ်ပြီး ၂၁၈ စင်း ထုတ်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ A340 ကို ခရီးဝေး သမုဒ္ဒရာဖြတ်သန်းသော ခရီးစဉ်များအတွက် အသုံးပြုကြသည်။ အကြောင်းမှာ ETOPS ဟုခေါ်သည့် ခရီးဝေး ပျံသန်းသည့် လေယာဉ်များအတွက် စည်းမျဉ်းတွင် A340 ကဲ့သို့သော အင်ဂျင် ၂ လုံးထက်ပိုသော လေယာဉ်များ ကို ကင်းလွတ်ခွင့် ပြုသောကြောင့် ဖြစ်သည်။ သို့သော်လည်း အင်ဂျင်တို့၏ စိတ်ချရမှု တိုးတက်လာသည်နှင့် အမျှ လေကြောင်းလိုင်းများ အနေနှင့် အင်ဂျင်အများအပြားပါဝင်သော လေယာဉ်များကို အသုံးမပြုတော့ပဲ စီးပွားရေးအတွက် ပိုမို တွက်ခြေကိုက်သော ဘိုးအင်း ၇၇၇ ကဲ့သို့သော အင်ဂျင်နှစ်လုံးတပ် လေယာဉ်များကို ပိုမို၍ ကြိုက်နှစ်သက်လာ ကြသောကြောင့် ဖြစ်သည်။