အီလက်ထရွန်းနစ်စာအုပ်

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား ဆောင်းပါး ဖော်ပြထားသော အီလက်ထရွန်းနစ်စာအုပ်

အီလက်ထရွန်းနစ်စာအုပ် ကို အီးဘွတ်ခ် ဟုလည်း ခေါ်ဆိုကြပြီး စာသားများ၊ ရုပ်ပုံများပါဝင်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖြန့်ချိသော စာအုပ်တစ်အုပ်ဖြစ်သည်။ ယင်းကို ကွန်ပျူတာ မျက်နှာပြင် သို့မဟုတ် အခြားသော အီလက်ထရွန်းနစ် ကိရိယာများတွင် ဖတ်ရှုနိုင်အောင် ပြုလုပ်ထားသည်။[၁] အီလက်ထရွန်းနစ်စာအုပ်ကို "ပုံနှိပ်စာအုပ်၏ အီလက်ထရွန်းနစ် ပုံစံ" ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း[၂] အချို့သော အီလက်ထရွန်းနစ်စာအုပ်စာအုပ်များသည် ပုံနှိပ်စာအုပ်အနေဖြင့် ရှိမနေချေ။ အီလက်ထရွန်းနစ်စာအုပ်ကို ဖတ်ရှုနိုင်ရန်အတွက် သီးသန့် ဖန်တီးထားသော ကိရိယာများတွင် ဖတ်ရှုနိုင်ရုံသာမက ကြည့်ရှုထိန်းချုပ်နိုင်သော မျက်နှာပြင်ပါဝင်သည့် စားပွဲတင် ကွန်ပျူတာများ၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ တက်ဘလက်များနှင့် စမတ်ဖုန်းများပေါ်တွင်လည်း ဖတ်ရှုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Gardiner, Eileen and Ronald G. Musto. "The Electronic Book." In Suarez, Michael Felix, and H. R. Woudhuysen. The Oxford Companion to the Book. Oxford: Oxford University Press, 2010, p. 164.
  2. "e-book Archived February 8, 2011, at the Wayback Machine.". Oxford Dictionaries. April 2010. Oxford University Press. (accessed September 2, 2010).