အိုက်ခ်ဘာတစ်စတာ

ဝီကီပီးဒီးယား မှ
အိုက်ခ်ဘာတစ်စတာ
အိုက်ခ်ဘာတစ်စတာ
မွေးသက္ကရာဇ် ၁၉၅၇၊၁၁၊၃

အလုပ်အကိုင် EBX Groupအမှုဆောင်အရာရှိချုပ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၇ ဘီလျံ (၂၀၁၀)
မွေးရပ်ဇာတိ ဂါဗာနေဒါ ဗယ်လ်လာဒါရက်စ်၊ ဘရာဇီးလ်
ကြင်ဖော် လူမာ ဒီ အိုလီဗီရာ (၁၉၉၁–၂၀၀၄)
သားသမီး သော ဘာတစ်စတာ (b. ၁၉၉၂)
အိုလင် ဘာတစ်စတာ (b. ၁၉၉၆)

ဘရာဇီးနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုကိုချုပ်ကိုင်ထားသူ အများကအိုက်ဘာတစ်စတာ(သို့) အိုက်ခ်လို့ အလွယ် ခေါ်ကြတဲ့ အိုက်ဖူဟာကင်ဘာတစ်စတာကို Governador Valadares တွင် ၁၉၇၅ နိုဝင်ဘာ ၃ နေ့ တွင် မွေးဖွားခဲ့သည်။ အဓိကအားဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ကိုလုပ်ကိုင်ခဲ့ပြီး မတူညီသည့် စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ပေါင်းများစွာကို တည်ထောင်ခဲ့သည်။ ဘာတစ်စတာ၏ အမေဖြစ်သူ Eliezer Batista da Silva သည် Vale သတ္တုတူးဖော်ရေးကုမ္ပဏီတွင် အကြီးအကဲ အဖြစ် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့သူတယောက် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အိုက်ဖူဟာကင်ဘာတစ်စတာ သည် ကမ္ဘာ့ ၈ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ဘရာဇီးမှာမွေးဖွားခဲ့သည့် ဘာတစ်စတာသည် သူ့ရဲ့ငယ်စဉ်ကလေးဘဝကို ဥရောပမှာကုန်လွန်ခဲ့သည်။ ဂျာမနီတွင် ၁၉၆၉ ခုနှစ်မှ ၁၉၈၀ ထိနေထိုင်ခဲ့ပြီး အာချန်တက္ကသိုလ်၌အင်ဂျင်နီယာပညာကိုလေ့လာသင် ကြား ခဲ့သော်လည်း ဘွဲ့မရမှီ ကောလိပ်မှထွက်ခဲ့သည်။ ၁၉၈၀ တွင် ဘရားဇီးသို့ ပြန်လာပြီးနောက် အမေဇုံတွင် ရွှေနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။ ကနေဒီယံ ရွှေတူးဖော်ရေးလုပ်ငန်း နှင့် ဆက်သွယ် လုပ်ကိုင်ခဲ့ပြီး သိပ်မကြာခင်မှာပင် တွင် လုပ်ငန်းအရှုံးပေါ်ခဲ့၍ ၂၀၀ဝခုနှစ်တွင် ကုမ္ပဏီ၌ထည့် ဝင်ထားသော အစုရှယ်ယာ ဒေါ်လာသန်း ၁၀၀၀ (၁ ဘီလီယံ ) ဖိုးကို ရောင်းချခဲ့ရသည်။

နောက်ပိုင်းတွင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများတွင်လဲ ပြန်လည် ရင်းနှီးမြုပ်နှံမှုများ ပြု လုပ်ခဲ့သည်။ သူ၏ကြွယ်ဝချမ်းသာမှုများတွင် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သော သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်း OGX လဲအပါအဝင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ခန့်မှန်း ဒေါ်လာသန်း ၂၇ ဘီလီယံပိုင်ဆိုင်ခဲ့ပြီး ဘရားဇီးနိုင်ငံတွင် အချမ်းသာဆုံး၊ အမေရိကန်နိုင်ငံတွင် ၄ လေးယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ကမ္ဘာကျော် Forbes Magazine ၏ ဖော်ပြချက်အရ ကမ္ဘာ ၈ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

ပုဂ္ဂလိကဘဝ[ပြင်ဆင်ရန်]

၁၉၉၁ ခုနှစ်တွင် နာမည်ကြီး ဘရားဇီး မင်းသမီး၊ Playboy Magazine မျက်နှာဖုံးသရုပ်ဆောင် Carnival Queen Luma De Oliveira နှင့်လက်ထပ်ခဲ့သည်။ Thor နှင့် Olin သားသမီးနှစ်ယောက်မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

ဘာတစ်စတာ သည် လူပုံအလယ်တွင် ကြွားဝါမှုမရှိပဲ သိုသိုသိပ်သိပ်နေထိုင်တက်မှုနှင့် ပက်သက်ပြီး လူသိများခဲ့သည်။ သူသည်ကမ္ဘာ့အချမ်းသာဆုံးဖြစ်ရန် ရည်ရွယ်ချက်နှင့်ပက်သက်ပြီး အမှန်အတိုင်းထုတ် ဖော်ပြောကြားခဲ့ သည်။ သမ္မတ လူလာ ၏ သမ္မတရာထူး ပထမဆုံးနေ့တွင် အသုံးပြုခဲ့သော ဝတ်စုံအားလေလံတင်ရောင်းချသော လေလံပွဲ တွင် ဘာတစ်စတာက ဒေါ်လာ ၅ သိန်း ပေးဝယ်ခဲ့သည်။ ထိုလေလံပွဲမှ ရရှိသော ငွေအား ရန်ပုံငွေ အဖြစ် အသုံးချရန် ဖြစ်ရာ သူ၏ လှူဒါန်းမှု ကို မကြာခဏ ခေါင်းစည်း သတင်းများတွင် ဖော်ပြခံခဲ့ရသည်။

ဘာတစ်စတာ သည် Rio de Janeiro ရှိ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဖွဲ့စည်း မည့်ရဲတပ်ဖွဲ့ အစီအစဉ်အ တွက် ၁နှစ်လျှင်ဒေါ်လာ သန်း ၂၀ နှုန်းဖြင့် ၅ နှစ်လှူဒါန်းရန် ကတိပြုခဲ့သည်။

ဘာတစ်စတာသည် နံပါတ် ၆၃၊ နေ နှင့် အင်္ဂလိပ်အက္ခရာ X စသည်တို့ကိုကြိုက်နှစ်သက်ပြီး ထို အရာများနှင့်ပက်သက်ပြီး အစွဲအလမ်းကြီးသူလဲဖြစ်သည်။ ထိုကြောင့် ငွေဝင်စေရန်ရည်ရွယ်ချက်ဖြင့် သူ ကုမ္ပဏီနာမည်အများစုကို ထိုအက္ခရာများပါဝင်စေရန် မှည့်ခေါ်လေ့ရှိသည်။

၂၀၀၇ ခုနှစ်တွင် OGX ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပြီး ပထမဆုံးဆီထုတ်လုပ်မှု ကိုအချိန်တိုအတွင်းမှာပင် စတင်လုပ်ဆောင်နိုင်ခဲ့သည်။ ဘာတစ်စတာနှင့် သူ့သားအကြီး သော ဘာတစ်စတာ သည် စပိဘုတ်စီးခြင်းကိုကြိုက်နှစ်သက်ကြသည်။ မြင်းကောင်ရေ ၁၆၀၀ ရှိ V8 အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော catamaran လုပ် 48 foot Kevlar/ carbon fiber တစီးပိုင်ဆိုင်သည်။

ထိုစပိဘုတ်သည် တနာရီလျှင် မိုင် ၁၆၀ နှင့်အထက်သွားလာနိုင်သည်

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

အိုက်ခ်ဘာတစ်စတာ ၏ အဓိကလုပ်ငန်းများမှာ …

  1. EBX
  2. MMX
  3. OGX
  4. MPX
  5. LLX
  6. Mr Lam (Chinese restaurant)
  7. Porto de Peruíbe
  8. OSX တို့ဖြစ်သည်။