မာတိကာသို့ ခုန်သွားရန်

အားမေး

ဝီကီပီးဒီးယား မှ
A-Mei
တရုတ်အမည်張惠妹 (traditional)
တရုတ်အမည်张惠妹 (simplified)
PinyinZhāng Huì Mèi (Mandarin)
မွေးနာမည်Gulilai Amit
မူလဌာနေ ထိုင်ဝမ်
အလုပ်အကိုင်တေးဆို
ဂီတဟန်တရုတ်ခေတ်ပေါ်၊ ပေါ့ရော့ခ်၊ ရော့ခ်၊ R&B
တူရိယာ(များ)ဂစ်တာ၊ ဒရမ်
တေးသံသွင်း ကုမ္ပဏီEMI Taiwan (2007–present)
Warner Music (2001–2007)
Forward Music (1996–2001)
တက်ကြွ ခုနှစ်များ1996–present
ဝက်ဘ်ဆိုဒ်www.starmei.com/

အားမေး (A-mei; 阿妺) သည် ထိုင်ဝမ်မှ နာမည်ကျော် ဖူယူမာ (Puyuma) တိုင်းရင်းသားလူမျိုး ခေတ်ပေါ် တေးသံရှင်တစ်ဦးဖြစ်သည်။ သူမ၏ တရုတ်အမည်မှာ ကျန်းဟွေ့မေ့ (张惠妹) ဖြစ်ပြီး တိုင်းရင်းသား အမည်မှာ ဂူလီလိုင်း အာမစ် (Gulilai Amit) ဖြစ်သည်။ သူမသည်လည်း အမေရိကန် CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည့် ပထမဦးဆုံးသော ထိုင်ဝမ် တေးသံရှင်ဖြစ်သလို တိုင်းမ် (TIME) မဂ္ဂဇင်း အာရှတလွှား ဖြန့်ချိသည့် အက်ဒရှင် (edition) နှင့် အေးရှားဝိ(ခ်စ်) (Asia Weeks) အပတ်စဉ် မဂ္ဂဇင်းတို့တွင် မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံရသူ ဖြစ်သည်။ [] အားမေးသည် ကမ္ဘာတလွှားရှိ တရုတ်အသိုင်းအဝိုင်းအကြား လူသိများ ကျော်ကြားကာ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှားစသည့် တရုတ်စကားပြောသည့် ဒေသများမှ ဂီတထူးချွန်ဆုများကို ရရှိခဲ့ပြီးဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအကြား တရုတ်ခေတ်ပေါ်ဂီတလောကတွင် အပြောင်မြောက်ဆုံး အမျိုးသမီး တေးသံရှင်အဖြစ်၊ မျက်မှောက်ခေတ် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရသူဖြစ်သည်။ []သူမသည် ကမ္ဘာတစ်ဝှမ်းတွင် စံချိန်ပေါင်း 55 သန်း ရောင်းချခဲ့ရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]