အာဆင်ဝင်းဂါး

ဝီကီပီးဒီးယား မှ
အာဆင်ဝင်းဂါး
ကိုယ်ရေးအချက်အလက်များ
အရပ်အမြင့် ၁.၉၁ မီတာ (၆ပေ ၃လက်မ)
ကစားသည့်နေရာ နောက်တန်းလူ (အငြိမ်းစား)
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ပွဲ (သွင်းဂိုး)
1973–1975
1975–1978
1978–1981
FC Mulhouse
ASPV Strasbourg
RC Strasbourg
39 0(7)
80 (20)
11 0(0)[၁]
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၄–၁၉၈၇
၁၉၈၇–၁၉၉၄
၁၉၉၄–၁၉၉၆
၁၉၉၆–2018
အေအက်စ် နန်စီလော်ရိန်း
အေအက်စ် မိုနာကို
နာဂိုယာ ဂရမ်ပတ်စ် ၈
အာဆင်နယ်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

အာဆင်ဝင်းဂါး OBE (French pronunciation:[aʁsɛn vɛŋɡɛʁ])သည် ပြင်သစ်​ဘောလုံးကစားသမား​ဟောင်းနှင့်နှင့် နည်းပြဖြစ်သည်။ အာဆင်နယ်​ဘောလုံးအသင်း၏ နည်းပြအဖြစ် ၁၉၉၆ခုနှစ်​အောက်တိုဘာလမှ၂၀၁၈ခုနှစ် ​မေလအထိ၂၂နှစ်ကြာကိုင်တွယ်ခဲ့သည်။ အသင်း၏သက်တမ်းအကြာဆုံးနှင့်အ​​အောင်မြင်ဆုံးနည်းပြဖြစ်သည်။ သူကိုင်တွယ်သည့်ပွဲ​ပေါင်း ၁၂၃၅ပွဲတွင်နိုင်ပွဲ၇၁၆ပွဲ၊သွင်းဂိုး၂၂၉၈ဂိုး ရရှိခဲ့သည်။၂၀၁၈ခုနှစ် ဧပြီ၂၀တွင် ရာသီအကုန်၌အနားယူ​တော့မည်ဖြစ်​ကြောင်း ​ကြေညာခဲ့သည်။ သူ၏ကစားကွက်များအတွက် အဂ်လန်​ဘောလုံး​လောက၏ ၁၉၉၀​နောက်ပိုင်းခံစစ်ကစားကွက်အ​ပြောင်းအလဲအတွက်​တော်လှန်ခဲ့သူဟုပင်ဂုဏ်ပြုခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၉ခုနှစ် ​အောက်တိုဘာ၂၂ရက်​နေ့တွင် စထရပ်ဘုတ်မြို့တွင်​မွေးဖွားသည်။ ဝင်းဂါးမိသားစု၏ က​လေး၃​ယောက်တွင်အငယ်ဆုံးဖြစ်သည်။၁၉၅၀အ​တောအတွင်းက ​ဒေါပစ်ဟိုင်းရွာတွင်​နေထိုင်ခဲ့​သော်လည်း အနီးရှိ ​ဒေါ့လန်ဟိုင်းရွာတွင်သာအချိန်ကုန်ခဲ့သည်။၁၉၄၄​အောက်တိုဘာလ အသက်၂၄နှစ်အရွယ်တွင် ဒုတိယကမ္ဘာစစ် အ​ရှေ့ဘက်စစ်​မြေပြင်သို့စစ်တိုက်ရန်​စေလွှတ်ခြင်းခံခဲ့ရသည်။ ဝင်းဂါးမိသားစုမှာ ကားအပိုပစ္စည်းဆိုင်နှင့် ​စား​သောက်ဆိုင်ငယ​လေး၁ခုပိုင်ဆိုင်သည်။ အာဆင်တက်ခဲ့​သော မူလတန်း​ကျောင်းမှာ ကက်သလစ်ချက်​ကျောင်းမှဖွင့်လှစ်သည်။ ထို့​နောက် အိုဘာနိုင်းမြို့ငယ်​​လေးတွင်အလယ်တန်းတက်ခဲ့သည်။ သူ၏အ​ဖေမှာ​ကျေးရွာ​ဘောလုံးအသင်းနည်းပြဖြစ်၍အာဆင်မှာအသက်၆နှစ်ကတည်းက ​ဘောလုံးနှင့်ထိ​တွေ့ခဲ့သည်။

နည်းပြဘဝ အချက်အလက်များ[ပြင်ဆင်ရန်]

Gold Cup Winner

ကိုးကား[ပြင်ဆင်ရန်]

  1. Arsène Wenger profileRacingstub, unofficial RC Strasbourg site။ 22 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 August 2008 တွင် ပြန်စစ်ပြီး။