အလက်ဇန်ဒရို ဗို့လတာ

ဝီကီပီးဒီးယား မှ
အလက်ဇန်ဒရို ဗော်လ်တာ
အလက်ဇန်ဒရို ဂူဆက်ပီ အင်တိုနီယို အနာတာဆီယိုဗော်လ်တာ
မွေးဖွား(1745-02-18)၁၈ ဖေဖော်ဝါရီ၊ ၁၇၄၅
ကိုမိုမြို့, လောင်ဗာဒီဒေသ
ဆုံးပါး၅ မတ်၊ ၁၈၂၇(1827-03-05) (အသက် ၈၂)
ကိုမိုမြို့လောင်ဗာဒီဒေသ
နိုင်ငံလူမျိုးအီတလီ
နယ်ပယ်ရူပဗေဒ နှင့် ဓာတုဗေဒ
ကျော်ကြားမှုအရင်းခံအီလက်ထရစ် ဆဲလ် တီထွင်မှု
မီသိန်းဓာတ်ငွေ့ရှာဖွေ့တွေ့ရှိမှု
ဗို့
ဗို့တက်
ဗို့မီတာ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များCopley Medal (၁၇၉၄)
Legion of Honour[၁]
Order of the Iron Crown[၁]

အလေဆန်ဒရို ဗော်လ်တာ (အီတလီ: Alexandro Volta) ကို အီတလီနိုင်ငံ လောင်ဗာဒီဒေသကိုမိုမြို့တွင် ၁၇၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏မူရင်းနာမည်အပြည့်အစုံမှာ အလွန်ရှည်လျားသည်။ နာမည်အပြည့်အစုံမှာ "အလေဆန်ဒရို ဂျိုးဇက် အန်တိုနီယို အနာတာဆီယို ဗော်လ်တာ" (Alessando Giuseppe Antonio Anastasio Volta) ဖြစ်သည်။ ဗော်လ်တာသည်အလွန်ထူးဆန်းသော လူတစ်ယောက်ဖြစ်သည်။ ဗော်လ်တာသည် အသက် ၁၈ နှစ်အရွယ်အထိ စကားမပြောတတ်ပေ။ ထို့ပြင် စိတ်ဓာတ်ရေးရာအရလည်း လွန်စွာပျော့ညံ့သည်။ မိတ်ဆွေများလည်းရှိခဲ့သည်။ ဗော်လ်တာသည် စိတ်ပိုင်းဆိုင်ရာခံစားမှု၊ မကျေနပ်မှုများရောထွေးခံစားခဲ့ရသည်။ ဗော်လ်တာသည် ခုနစ်နှစ်သားအရွယ်တွင် တခြားကလေးကြီးများ၏ ကျောင်းစာအရသော်လည်းကောင်း၊ ပညာဉာဏ်အရ တိုင်းတာစစ်ဆေးပြီး သူတို့ထက်သာလွန်ကြောင်း တွေ့ရသည်။

ဗော်လ်တာ၏မိဘများဖြစ်ကြသော ဖိလစ်ပိုင် ဗော်လ်တာနှင့် မာရီယာမဒါလီနာအင်ဇာဇီတို့သည် ဗော်လ်တာအား ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်စေလို၍ ယေရှု ဘာသာရေးကျောင်းသို့ ပို့ခဲ့သည်။ ဗော်လ်တာသည် တခြားကလေးသူငယ်များကဲ့သို့ ဘုရားရှိခိုးကျောင်းအတွင်းသို့ ဝင်ရောက်လိုစိတ်မရှိခဲ့ပေ။ ၁၇၇၄ ခုနှစ်တွင် ဗော်လ်တာသည် ကိုမိုအထက်တန်းကျောင်းတွင် ရူပဗေဒ ပါမောက္ခဖြစ်လာသည်။ ဗော်လ်တာသည် လျှပ်စစ်ပညာလေ့လာမှုလုပ်ငန်းတွင် သူ၏ အချိန်များကို ရင်းနှီးမြုပ်နှံခဲ့သည်။ ဗော်လ်တာသည် သူ၏ ဘဝတွင်လက်တင်ဘာသာဖြင့် ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့သည်။ ၎င်းကဗျာသည် လျှပ်စစ်ဓာတ်ကိုစွဲလမ်းခြင်းနှင့် အသစ်အဆန်းတွေ့ရှိမှုအကြောင်းကို ရေးစပ်ထားခြင်းဖြစ်သည်။ ဗော်လ်တာ၏ ပထမဦးဆုံးသိပ္ပံဆိုင်ရာစာတမ်းတွင် ဒီဗီအထရက်တီဗ အမည်ရှိလျှပ်စစ် သုတေသနမှ အသစ်တွေ့ရှိချက်များ ဟူသော စာတမ်းဖြစ်သည်။

၁၇၇၆-၁၇၇၇ ခုနှစ်တွင် ဗော်လ်တာသည် ဓာတ်ငွေ့များ၏ ဓာတုဖြစ်စဉ်ကို အသေးစိတ် စူးစမ်းလေ့လာခဲ့သည်။ ဗော်လ်တာသည် မီသိန်းဓာတ်ငွေ့ကို စတင်တွေ့ရှိဖော်ထုတ်ခဲ့သူလည်းဖြစ်သည်။ အလုံပိတ်အတွင်းပိုင်း၌ လျှပ်စစ်မီးပွင့်စေသဖြင့် ဓာတ်ငွေ့မီးစွဲလောင်ဖြစ်စဉ် သဘောတရားကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ ၁၇၇၉ ခုနှစ်တွင် သူသည် ပါဗီယာတက္ကသိုလ်၌ လက်တွေ့စမ်းသပ်မှုဆိုင်ရာရူပဗေဒပါမောက္ခ ဖြစ်လာသည်။[၁] ဗော်လ်တာသည် ပါဗီယာတက္ကသိုလ်၌ နှစ်ပေါင်း ၄၀ နီးပါးကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇၉၄ ခုနှစ်တွင် ဗော်လ်တာသည် ပါရီဂရီနီ၏သမီး ထရေဇာနှင့် လက်ထပ်ပြီး သားသုံးယောက်ထွန်းထားခဲ့သည်။ သူ့သားသုံးယောက်သည် ဖခင် တီထွင်စမ်းသပ် ထုတ်လုပ်ခဲ့သော ဗော်လ်တစ်ပိုင်းကို အဆုံးတိုင်ဆက်လက် သုတေသန ပြုလုပ်ခဲ့ကြသည်။ ၁၈၀၀ ပြည့်နှစ်တွင် လူဝီးဂျီ ဂါလ်ဗားနီ၏ လျှပ်စစ်တုံ့ပြန်မှု သဘာဝတရားကို ဆန့်ကျင်ပြီး လူဝီးဂျီ ဂါလ်ဗားနီ၏ အယူအဆကို ဗော်လ်တာက ထောက်ခံခဲ့သည်။ ဗော်လ်တစ်ပိုင်းဟု အမည်ခံသော ရှေ့ဦးလုပ်ငန်းများကို ဆက်လက်တိုးတက် အကောင်အထည်ဖော်ခဲ့သည်။ ဗော်လ်တစ်ပိုင်းဆိုသည်မှာ လျှပ်စစ်သိုလှောင်ရာဘက်ထရီ၏ ရှေ့ပြေးသဘောတရား လုပ်ငန်းလက်တွေ့တစ်ခုဖြစ်သည်။ ဘက်ထရီသည်ပုံမှန်လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသည့် ကိရိယာဖြစ်သည်။ ဗော်လ်တာ၏ပြုလုပ်ချက်မှာ မျိုးမတူသော သတ္တုပြားတစုံ (နှစ်ပြား) ကို လျှပ်စစ်ဓာတ်စီးစေသည်။ ယင်းနှစ်ပြားမှာ သွပ်နှင့် ငွေတို့ဖြစ်သည်။ လက်တွေ့စမ်းသပ်ပြသည့်အနေဖြင့် ဗော်လ်တာသည် ခွက်နှစ်ခုထဲတွင် ရေငန်များထည့်ထားပြီး နှုတ်သီးခေါင်းတစ်ခုစီ တပ်ထားသည်။ မျိုးမတူသော အီလက်ထရုတ်နှစ်ခုကို ရေငန်တွင်နှစ်ထားလိုက်သည်။ ဗော်လ်တာသည် ၁၈၁၉ ခုနှစ်တွင် အငြိမ်းစားယူလိုက်သည်။ အငြိမ်းစားယူစဉ် သူသည် စပိန်နိုင်ငံမှာရှိနေသည်။ ဗော်လ်တာသည် ၁၈၂၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အီတလီနိုင်ငံ ကိုမိုမြို့မှာပင် ကွယ်လွန်ခဲ့သည်။ ဗော်လ်တာ၏ ရုပ်ကလာပ်ကို ထိုမြို့မှာပင် မြှုပ်နှံခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဗိုလတာ ကို အီတလီနိုင်ငံ၊ ကိုမိုမြို့တွင်မွေးဖွားခဲ့သည်။ ၁၇၇၄ခုနှစ်တွင် ကိုမိုတော်ဝင်ကျောင်းတွင် ရူပဗေဒ ပါမောက္ခ ဖြစ်လာခဲ့သည်။ နောက်တစ်နှစ်ကြာ ၁၇၇၅တွင် လျှပ်ငြိမ်ထုတ်လုပ်သည့် ကိရိယာ အီလက်ထရိုဖိုးရပ်(စ်) ကိုရှိရင်းစွဲ များထက် စွမ်းဆောင်ရည်မြင့်မားသည့် ကိရိယာကိုပြုလုပ်နိုင်ခဲ့သည်။ ဗိုလတာ၏ ဘဝတွင် သူ၏တီထွင်ခဲ့သော ကိရိယာများနှင့် ပတ်သက်ပြီး ရာထူးအကြိမ်ကြိမ်တက်ခြင်း၊ ချီးမွမ်းထောမနာပြုခြင်း အမျိုးမျိုးတို့ဖြင့် ကျင်လည်ခဲ့ရသည်။ ၁၇၆၂နှစ်တွင် ဗိုလတာကြံဆခဲ့သည့် အီလက်ထရိုဖိုးရပ်(စ်) ကိရိယာ ကဲ့သို့ပင် အလုပ်လုပ်နိုင်သည့် ကိရိယာတစ်မျိုးကို ဆွီဒင်လူမျိုး ပါမောက္ခ ဂျိုဟန်းဝီလ်ကီ ကဖော်ပြခဲ့ဖူးသော်လည်း လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။

၁၇၇၆-၁၇၇၇ နှစ်များတွင် ဗိုလတာသည် ဓာတ်ငွေ့တို့နှင့်ပတ်သက်သည့် ဓာတုဗေဒ ပညာရပ်ကို ဆည်းပူးခဲ့သည်။ စိမ့်မြေ တို့မှ ဓာတ်ငွေ့များကို စုဆောင်းလေ့လာရင်းမှ မီသိန်းဓာတ်ငွေ့ (သဘာဝဓာတ်ငွေ့) ကိုတွေ့ရှိခဲ့သည်။ ထိုနောက် မီသိန်းဓာတ်ငွေ့ကို လျှပ်စစ်မီးပွားများနှင့် မီးရှို့စမ်းသပ်သည့် စမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့သည်။ လျှပ်သိုခြင်း (Capacitance) ကိုလည်း လေ့လာခဲ့သည်။ ဗိုလတာသည် ပိုတင်ရှယ်ခြားနားခြင်းနှင့် လျှပ်စစ်ဓာတ်ဆောင်အမှုန်များ၏ ဆက်စပ်မှုကိုတွေ့ရှိခဲ့သည်။ ယင်းကို ဗိုလတာ၏လျှပ်သိုမှု ဥပဒေသ (Volta 's Law of capacitance) ဟုခေါ်သည်။ ယင်းတွေ့ရှိချက်ကို ဂုဏ်ပြုသောအားဖြင့် ပိုတင်ရှယ်ခြားနားခြင်း၏ ယူနစ်ကို ဗို့ ဟု ခေါ်ဆိုခဲ့သည်။ ၁၇၇၉တွင် ပါဗီးယားတက္ကသိုလ် စမ်းသပ်လေ့လာဆဲ ရူပဗေဒဌာန တွင် ပါမောက္ခ ဖြစ်လာခဲ့သည်။ ထိုရာထူးဖြင့်ပင် ၂၅နှစ်နီးပါး အမှုထမ်းခဲ့သည်။ ထို့နောက် အနွယ်တော်ထဲမှ ထရီစာပါရီဂရီနီ အမည်ရှိမိန်းကလေး တစ်ဦးနှင့် ၁၇၉၄တွင်လက်ထပ်ထိမ်းမြားခဲ့သည်။ သား ၃ဦးထွန်းကားခဲ့သည်။

ဗိုလတာ နှင့် ဂယ်လ်ဗနီ[ပြင်ဆင်ရန်]

လျူဂီဂယ်လ်ဗနီ

လျူဂီဂယ်လ်ဗနီ သည် ဖားတစ်ကောင်၏ ခြေထောက်တစ်ဘက်တစ်ချက်စီတွင်မျိုးမတူသော သတ္တု များကို တန်းဆက်ချိတ်ဆွဲစေခြင်းဖြင့် သတ္တဝါလျှပ်စစ် (Animal Electricity) ကိုတွေ့ရှိခဲ့သည်။ ၎င်းစမ်းသပ်မှုတွင် ဖား၏ခြေထောက်သည် လျှပ်ကူးပစ္စည်း အဖြစ်လုပ်ဆောင်ချက်ကို ဗိုလတာ သတိထားမိသည်။ ထို့နောက် ဗိုလတာသည် ဖား၏ခြေထောက်တွင် ဆားရည်စိမ်ထားသော စက္ကူ ကိုကပ်ကာ လျှပ်စစ်စီးဆင်းမှုကိုလေ့လာခဲ့သည်။ ထိုကဲ့သို့လေ့လာစူးစမ်းမှုကြောင့် လျှပ်စစ်ဓာတုဗေဒ အပါအဝင် ဂယ်လ်ဗနစ်ဆဲလ် (Galvanic Cell) ၏ Electromotive Force (emf) အစရှိသည်တို့ကိုလည်း လေ့လာတွေ့ရှိခဲ့သည်။

Zn-Cu galvanic cell

ဂယ်လ်ဗနစ်ဆဲလ် မျိုးမတူသော သတ္တု လျှပ်ခေါင်း နှစ်ခုပါဝင်၍ ၎င်းတို့ကို လျှပ်လိုက်ရည်ဖြင့် ခွဲခြားထားသည်။ ၎င်းကို ဗိုလတာ၏ လျှပ်စစ်ဓာတုဗေဒ နိယာမ ဟုခေါ်သည်။ Zn-Cu galvanic cell ဟူသောပုံကိုကြည့်ပါ။ ၁၈ဝဝခုနှစ်တွင် ပထမဆုံးသော ဓာတ်ခဲနှင့်တူသည့် ဘက်ထရီတစ်မျိုးဖြစ်သော ဗော်လ်တာယစ် ပိုင်းလ် ခေါ် Voltaic Pile ကိုတီထွင်ခဲ့သည်။ ၎င်းသည် တည်ငြိမ်သော လျှပ်စီးကြောင်း ကိုထုတ်ပေးနိုင်စွမ်းရှိသည်။ ဗိုလတာသည် ဓာတ်အိုးများပြုလုပ်ရာတွင် မတူညီသော သတ္တုလျှပ်ခေါင်း နှစ်ခုကိုအသုံးပြုရမည်ဖြစ်ရာ ထို သတ္တု သည် ငွေ (Silver) နှင့် သွပ် (Zinc) တို့သည် အကောင်းဆုံးသော သတ္တု များပင်ဖြစ်နိုင်သည်ဟုဆုံးဖြတ်ချက်ချခဲ့သည်။

ပထမဆုံးသော ဘက်ထရီ[ပြင်ဆင်ရန်]

ဗိုလတာသည် အဝေးထိန်းစနစ်ဖြင့် အဝေးမှနေ၍ လှမ်း၍ ပစ်နိုင်သော ပစ္စတို သေနတ်ကိုလည်းတီထွင်နိုင်ခဲ့သည်။ Leyden jar ခေါ်ကိရိယာ တစ်မျိုးမှနေ၍ လျှပ်စီးကြောင်းကို ကိုဘိုမှမီလန်မြို့သို့ ဝါယာကြိုးဖြင့်ပေးပို့ကာ သေနတ်မောင်းကိုဖြုတ်နိုင်ရန်ပြုလုပ်ထားသည်။ မြေကြီးနှင့်ဝါယာကြိုးကြား လျှပ်ကာပစ္စည်း အဖြစ် သစ်သားပြားများကို အသုံးပြုထားသည်။ ထိုကဲ့သို့အသုံးပြုသည့် စနစ်သည် ကြေးနန်းဆက်သွယ်ရေး၏ ရှေ့ပြေးဖြစ်သည်။ ဗိုလတာတီထွင်ခဲ့သော ဘက်ထရီသည်လည်း ကမ္ဘာ့ ပထမဆုံးသော လျှပ်စစ်ဓာတုဗေဒ ဓာတ်အိုး (ဘက်ထရီ) ဖြစ်သည်။ ၎င်းတွင်လျှပ်ခေါင်းနှစ်ခုပါဝင်သည့်အနက် တစ်ခုမှာ သွပ်ဖြင့်ပြုလုပ်ထား၍ တစ်ခုမှာ ကြေးနီ (Copper) ဖြင့်ပြုလုပ်ထားသည်။ လျှပ်လိုက်ရည်မှာ ဆာလဖျူရစ်အက်ဆစ် သော်လည်းကောင်း၊ဆားနှင့်ရေသော်လည်းကောင်း ဖြစ်နိုင်သည်။ လျှပ်လိုက်ရည်သည် 2H+ နှင့် SO42− အနေအထားနှင့်တည်ရှိနေပါသည်။

အောက်ပါဓာတ်ပြုမှု ကိုဖြစ်ပေါ်စေသည်။

zinc
Zn Zn2+ + 2e
sulfuric acid
2H+ + 2e H2

ကြေးနီသည်ထိုဓာတ်ပြုမှု များတွင်ပါဝင်ခြင်းမရှိချေ။ ကြေးနီသည် ဓာတ်ပြုမှုဖြစ်ပေါ်စေရန် လျှပ်ခေါင်းတစ်ခုအဖြစ် ဆောင်ရွက်ရုံမျှသက်သက်သာ ဖြစ်သည်။ ၎င်းဓာတ်အိုးတွင်အားနည်းချက်များရှိသည်။

ဥပမာအားဖြင့် ဆာလဖျူရစ်အက်ဆစ်၊ အပျော့စားပင်ဖြစ်နေစေကာမူ ကိုင်တွယ်ထိတွေ့ရန် လွန်စွာခက်ခဲပြီး၊ အန္တရာယ် လွန်စွာများပါသည်။ ကိုလည်းဖြစ်ပေါ်စေသည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် ထွက်ခွာသွားခြင်းမရှိသောကြောင့် ပိုလာစွန်းဖြစ်ခြင်း (Polarization) ကိုဖြစ်ပေါ်စေသည်။

ဗိုလတာ၏ နောက်ဆုံးနေ့ရက်များ[ပြင်ဆင်ရန်]

ဗိုလတာ၏ လုပ်ဆောင်ချက်များနှင့် တီထွင်မှု များကို နှစ်ထောင်းအားရသည့်အတွက် နပိုလီယံမှ ၁၈၀၁ခုနှစ်တွင် ဂုဏ်ပြုခဲ့သည်။ ဗိုလတာသည် ၁၈၁၉တွင် အလုပ်မှအနားယူခဲ့ပြီး၊ ကန်မ်နဂိုရှိစံအိမ်တော်သို့ပြန်လာခဲ့သည်။ ၁၈၂၇ မတ်လ ၅ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Munro, John (1902)။ Pioneers of Electricity; Or, Short Lives of the Great Electricians။ London: The Religious Tract Society။ pp. 89–102။