အရစ္စတိုကရေစီ

ဝီကီပီးဒီးယား မှ

အရစ္စတိုကရေစီဟူသည်မှာ ဂရိဘာသာမှဆင်းသက်လာသော ဝေါဟာရ ဖြစ်၍ အကောင်းဆုံးသော လူတစ်စုပါဝင်သည့် အစိုးရဟု အနက်ရသည်။ ကြေးရည်တတ် အနည်းငယ်၊ သို့မဟုတ် လူ့လောကတွင် ထင်ပေါ်သည် မြို့သူ မြို့သားအနည်းငယ်တို့က ကြိုးကိုင်သည့်အစိုးရမျိုးဖြစ်သည်။

အရစ္စတိုကရေစီ နိုင်ငံရေး သဘောတရား တစ်ခုအနေဖြင့် နိုင်ငံရေး ပါရဂူ ဂူပလေးတိုက စထွင်ခဲ့လေသည်။ ပလေးတိုး၏ သဘောတရားကို သူ၏တပည့်ဖြစ်သူ အယ်ရစ္စတိုတယ်က ချဲ့ထွင်လိုက်ပြန်သည်။ အယ်ရစ္စတိုတယ်၏ သဘောအရတွင် ကား အရစ္စတိုကရေစီမှာ အကျင့်အားဖြင့်လည်းကောင်း၊ ဉာဏ်ပညာအားဖြင့် လည်းကောင်း ထူးကဲမြင့်မြတ်၍ အများ အကျိုးကို ရှေးရှုသည့် အကောင်းဆုံးသော လူတစ်စု ပါဝင် သော အစိုးရဖြစ်၏။ သူခွဲခြားဖော်ပြခဲ့သော အစိုးရစနစ်ကောင်း သုံးမျိုးတွင် အပါအဝင် ဖြစ်လေသည်။


ထို့ပြင် အရစ္စတိုတယ်အစိုးရတွင်ပါဝင်သည့် လူတစ်စုသည် အကျင့်ဖောက်ပြန်ကာ ကိုယ်ကျိုးရှာလာသောအခါ အစိုးရ အသွင်သဏ္ဌာန်တစ်မျိုး ပြောင်းသွားပြီးလျှင် အော်လီဂါးကီးခေါ် ကိုယ်ကျိုးရှာ လူတစ်စုအစိုးရ ဖြစ်သွားတတ်သည်ဟု အယ်ရစ္စ တိုတယ်က ဆက်လက်ဖော်ပြပြန်၏။ သို့သော် အရစ္စတိုက ကရေစီကိုပင် ကိုယ်ကျိုးရှာသူတစ်စုအစိုးရဖြစ်သော အော်လီဂါး ကီးနှင့် မကြာခဏမှားယွင်းတတ်သဖြင့် ကိုယ်ကျိုးရှာ လူတစ်စု အစိုးရဟူသောအနက်ကို ဆောင်သည်ဟု ယူဆလာကြသည်။ နောင်အခါတွင်ကား အများက အရစ္စတို ကရေစီသည် အထက် တန်းစားဟူသောအနက်ကို ဆောင်နေလေသည်။ နိုင်ငံရေး သဘောတရား သမိုင်းတစ်လျှောက်လုံးတွင် အရစ္စတိုကရေစီ သည် စံတင်လောက်သည့် အကောင်းဆုံး အစိုးရစနစ်တစ်မျိုး ဖြစ်သည်ဟူ၍ ယူဆခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)