အမေရိကန်နိုင်ငံသမိုင်း

ဝီကီပီးဒီးယား မှ

မြောက်အမေရိကတိုက်သို့ လူသားတို့စတင်ရောက်ရှိခြင်း[ပြင်ဆင်ရန်]

ဒေသခံအင်ဒီးယန်းမျိုးနွယ်စုများ၏ ပါးစပ်ရာဇဝင်ပေါင်းများစွာကွဲပြားခြားနားနေသော်လည်း ရှေးဟောင်းသုတေသနပညာရှင်များ၊ မနုဿဗေဒပညာရှင်များ နှင့် သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များအရ ဘီစီ ၃၅ဝဝဝခန့်မှအစပြု၍ မြောက်အမေရိကတိုက်သို့ လူသားတို့ စတင်ရောက်ရှိ ခဲ့သည်။ ထိုကာလသည် ဂျပန်နှင့် စကင်ဒီနေးဗီးယားဒေသများ၌ လူသားတို့စတင်အခြေချသည့် ကာလလည်းဖြစ်သည်။

ရှေးဦးစွာ ရောက်ရှိအခြေချသူများမှာ ဆိုက်ဗေးရီးယားဒေသရှိ လှည့်လည်သွားလာနေသူမျိုးနွယ်စုများဖြစ်ပြီး သားကောင်ကြီးများနောက်သို့ လိုက်ပါရင်း ရောက်ရှိလာသည်ဟုယူဆကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀၀ မှ ၁၄၀၀၀ ကြားကာလတွင် အရှေ့မြောက်အာရှနှင့် အလက်စကားတို့အား တံတားသဖွယ် ဆက်သွယ်ပေးထားသော မိုင်၆ဝဝခန့် ရှည်လျားသည့် ကုန်းမြေရှိခဲ့ကြောင်း ဘူမိဗေဒပညာရှင် များယုံကြည်ကြသည်။ ပြောင်းရွှေ့မှုများနှင့်ပတ်သတ်၍ တိကျသည့်အချိန်အပိုင်းအခြား ပြဆိုရန်ခက်ခဲသော်လည်း လွန်ခဲ့သည့်နှစ် ၁၁ဝဝဝနှင့် ၁၄ဝဝဝကြားတွင် ဖြစ်ကြောင်းပညာရှင်များမှ ခန့်မှန်းကြသည်။ ထို့အပြင် အသစ်ထပ်မံတွေ့ရှိသည့် အထောက်အထားများအရ အခြားအာရှနှင့် ဥရောပဒေသများမှလည်း ရေကြောင်း၊ ကုန်းကြောင်းများဖြင့် ရောက်ရှိလာကြောင်း ယူဆကြသည်။

ယဉ်ကျေးမှုစတင်ခြင်း[ပြင်ဆင်ရန်]

မီဆိုအမေရိကန် အင်ပါရာများ(Mesoamerican Empires)[ပြင်ဆင်ရန်]

မြောက်ပိုင်းဒေသယဉ်ကျေးမှုများ[ပြင်ဆင်ရန်]

ဗိုက်ကင်းတို့ရောက်ရှိခြင်း[ပြင်ဆင်ရန်]

မြောက်အမေရိကတိုက်အား ဥရောပမှ ရှေးဦးစွာတွေ့ခဲ့သူများမှာ ဗိုက်ကင်း(Vikings)လူမျိုးများဖြစ်သည်။ ၎င်းတို့သည် ပင်လယ်ရေကြောင်းတစ်လျှောက် လှည့်ပတ်သွားလာ သောသဘောင်္သားများဖြစ်ကြသည်။ ဗိုက်ကင်းတို့သည် သဘောင်္များဖြင့် ကမ္ဘာ့ရေပြင်များပေါ်တွင် နှစ်ပေါင်းငါးထောင်မျှ လှည့်လည် သွားလာခဲ့ကြသည်။ ကြေးခေတ်တွင် လူတို့သိထားပြီးသမျှ ရေပြင်များပေါ်တွင် ဗိုက်ကင်းလှေသဘောင်္များ ရောက်ခဲ့သည် ချည်းဖြစ်သည်ဟု ယူဆကြသည်။ ကမ္ဘာ့မြောက်ပိုင်း နယ်မြေ မှဗိုက်ကင်းများသည် ကုန်သွယ်၊ ကုန်သည်များ မဟုတ်ကြပဲ ယင်းတို့အခြေချနေထိုင်ဖို့ နယ်မြေသစ်များ ချဲ့ထွင်သူများဖြစ်ကြသည်။ ဗိုက်ကင်းတို့သည် သူတစ်ပါးနယ်မြေ များကိုအညှာအတာ ကင်းမဲ့စွာ ကျူးကျော်သိမ်းပိုက် တတ်သူများ ဖြစ်ကြပြီး “ကိုလံဘတ်” ကို မမွေးမီ နှစ်ရာပေါင်းများစွာကတည်းက မြောက်အမေရိကတိုက် သို့ ရောက်ခဲ့ကြသည်။

ဗိုက်ကင်းများ

ဗိုက်ကင်းလူမျိုးများအနက်မှ လိဖ်အဲရစ်ဆင် (Leif Ericson) ဆိုသူသည် မြောက်အမေရိကတိုက်ပေါ်တွင် ပထမဦးဆုံး ခြေချနိုင်သူ ဖြစ်ခဲ့သည်။ သူ၏ခရီးစဉ်တွင် သင်္ဘောတစ်စီးနှင့် ဗိုက်ကင်းလူမျိုး သုံးဆယ့်ငါးဦးသာ ပါဝင်သည်။ သူအသုံးပြုခဲ့သည့် သင်္ဘောမှာ အစဉ်အလာရှိသည့် သင်္ဘောဖြစ်ပြီး ဘဂျာနီဟာဂျပ်ဆန်ဆိုသူထံမှ ဝယ်ယူခဲ့သည်။ ဗိုက်ကင်း စူးစမ်းရှာဖွေရေးသမား ဘဂျာနီသည် လိဖ်ထက်စောပြီး အမေရိကတိုက်ကို တွေ့ခဲ့သူဖြစ်နိုင်သည်။ ၉၈၅ ခုနှစ်တွင် ဘဂျာနီသည် စူးစမ်းရှာဖွေရေးခရီးထွက်ခဲ့သည်။ သို့သော် သူ့ခရီးစဉ်အကြောင်းနှင့် သူရောက်ရှိခဲ့သည်ဆိုသောဒေသများ အကြောင်းရေးမှတ်ထားသည်မှာ တိကျမှုမရှိ။ သူ၏ ပြောဆိုချက်များအား သမိုင်းဆရာအများစုက လက်သင့်မခံ။ မည်သို့ပင် ဖြစ်စေမြောက်အမေရိကတိုက်ပေါ်တွင် လိဖ်(Leif Ericson) ခြေချနိုင်ခဲ့သည်ဆိုသည့် အချက်မှာမူ ယုံမှားသံသယ ဖြစ်ဖွယ်မရှိချေ။


ခရစ်နှစ် ၁၀၀၃ခုနှစ်တွင် “သော်ဖင်းကာဆယ်ဖနီ” အမည်ရှိသည့် ကူးသန်းရောင်းဝယ်ရေးသမား ဦးဆောင်ပြီး သဘောင်္သုံးစင်း ပေါ်တွင် ယောက်ျားများနှင့် ၎င်းတို့မိသားစုများ အပြင် အိမ်မွေးတိရစ္ဆာန်များကိုပါ သယ်ဆောင်လာ ကြသည်။၎င်းတို့သည် အရှေ့ဘက်ကမ်းခြေတစ်နေရာတွင် အခြေချပြီး လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ သို့သော် အရေအတွက်များပြားလွန်းလှသည့် ဒေသခံအင်ဒီးယန်းများ၏ အကြိမ်ကြိမ်တိုက်ခိုက်မှု ကိုခံခဲ့ရပြီး ဗိုက်ကင်းစစ်သည်တော် များသည်ပင် မနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ အချိန်ကာလကြာမြင့်စွာ တိုက်ခိုက်လာသည်နှင့်အမျှ ဗိုက်ကင်းတို့ အင်အားနည်းလာကြသည်။ ၁၀၀၆ ခုနှစ်တွင် မသေမပျောက်ကျန်နေသူများသည် တစ်စီးတည်းသော သဘောင်္ဖြင့် ဂရင်းလန်းသို့ တပ်ဆုပ်ခဲ့ရလေသည်။


ဗိုက်ကင်းများက မြောက်အမေရိကတိုက်ကို ပစ်ပယ်ထားကြသည်မှာ ကိုလံဘတ် က ၎င်းတိုက်ကို ပြန်လည် တွေ့ရှိသည့် အလယ်ခေတ်အထိ ဖြစ်တော့၏။