အဗစ္စီ

ဝီကီပီးဒီးယား မှ
Avicii
Avicii wearing a red flannel shirt over a gray t-shirt. He wears a black baseball cap, facing backwards. It bears the NHL's Chicago Blackhawks logo.
၂၀၁၄ ခု၊ စက်တင်ဘာလတွင် တွေ့ရသော အဗစ္စီ
မွေးဖွားတင် ဘားဂလင်း
(1989-09-08)၈ စက်တင်ဘာ၊ ၁၉၈၉
စတော့ဟုမ်း၊ ဆွီဒင်
ကွယ်လွန်၂၀ ဧပြီ၊ ၂၀၁၈(2018-04-20) (အသက် ၂၈)
အိုမန်နိုင်ငံ၊ မူစကတ်မြို့
သေဆုံးရခြင်း အကြောင်းရင်းသတ်သေ
နိုင်ငံလူမျိုးဆွီဒင်
အလုပ်အကိုင်
  • ဂီတပညာရှင်
  • ဒီဂျေ
  • တေးနှောသမား
  • တေးသံသွင်းသူ
တက်ကြွလှုပ်ရှားနှစ်များ2006–2018
မိဘများ
  • ကလပ် ဘားဂလင်း (Klas Bergling) (ဖခင်)
  • အန်ကီ လစ်ဒန် (Anki Lidén) (မိခင်)
ဝက်ဘ်ဆိုဒ်avicii.com
လက်မှတ်

တင် ဘားဂလင်း (အင်္ဂလိပ်: Tim Bergling ) (၁၉၈၉-၂၀၁၉) သည် စင်တက်အမည် အဗစ္စီ (အင်္ဂလိပ်: Avicii) ဖြင့် ကျော်ကြားသည့် ဆွီဒင်လူမျိုး ဂီတပညာရှင်၊ တေးနှောနှင့် တေးသံသွင်းသူ ဖြစ်သည်။

အသက် ၁၆ နှစ်အရွယ်တွင် ဂီတဖိုရမ်များတွင် သီချင်းများတင်ရာမှ ခွေထုတ်ပေးရန် ကတိရလာသည်။ ၂၀၁၁ ခုထွက် အထပ်များ (Levels) သီချင်းနှင့် ပေါက်သွားပြီ: ပထမဆုံးအခွေသည်လည်း လူကြိုက်များသည်။ ထိုအခွေ၌ပါသော ငါ့ကို နှိုးပါ (Wake Me Up) မှာ ဥရောပနှင့် အမေရိကားတို့တွင် ထိပ်တန်း (၁၀) ပုဒ်စာရင်းတွင် ပါခဲ့သည်။

စိတ်ကျန်းမာရေးပြဿနာကြောင့် နယ်လှည့်ဖျော်ဖြေပွဲများကို ၂၀၁၆ ခု၌ ရပ်နားထားရာမှ ၂၀၁၈ ခု၊ ဧပြီလ ၂၀ ရက်တွင် အိုမန်နိုင်ငံ၊ မူစကတ်မြို့၌ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်။ ဂျွန်လ ၈ ရက်တွင် သူ၏ဇာတိ စတော့ဟုမ်းတွင် မြုပ်နှံသဂြိုဟ်သည်။