အပြည်ပြည်ဆိုင်ရာလေဆိပ်
အပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံများကြား ပြေးဆွဲနေသောလေယာဉ်များ ဆင်းသက်ရာ လေယာဉ်ကွင်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်ကောင်တာများ ရှိသည်။ ရှည်လျားသော ပြေးလမ်းကြီးများနှင့် မြင့်မားသော လေဆိပ်သုံးပစ္စည်းများ ရှိတတ်သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များသည် ပြည်တွင်းခရီးစဉ်များ ပါရှိသည်။
အဆောက်အဦး၊ စီမံခန့်ခွဲမှု များသည် ၂၀ ရာစုအလယ်မှစ၍ ဆန်းပြားလာသည်။ ထိုအချိန်မှစ၍ ထိုလေဆိပ်များသည် လူများကို နိုင်ငံတကာမြို့များသို့ ဆက်သွယ်ပေးသည်။
သမိုင်း
[ပြင်ဆင်ရန်]၁၉၁၉ ဩဂုတ်တွင် လန်ဒန်ရှိ ဟော်စလိုးဟတ်လေဆိပ်သည် နိုင်ငံတကာခရီးစဉ်အတွက် ပထမဆုံးလေဆိပ် ဖြစ်လာသည်။
ဒီဇိုင်း
[ပြင်ဆင်ရန်]ထိုလေဆိပ်များဆောက်လုပ်ပုံသည် နိုင်ငံရေး၊ စီးပွားရေး၊ မြေမျက်နှာသွင်ပြင်အရ မတူညီပေ။ လေဆိပ်များကို နိုင်ငံ၏ ပြယုဂ်တစ်ခုအနေဖြင့်လည်းသုံး၍ ဒီဇိုင်းပိုင်းကို သေချာစွာဆွဲလေ့ရှိသည်။
ထိုလေဆိပ်များသည် အင်မတန်အလုပ်ရှုပ်၍ လေကြောင်းထိန်းသိမ်းရေးတာဝါ ထားကြသည်။
အချို့လေဆိပ်များတွင် အပိုအခြေခံအဆောက်အဦးများ ရှိတတ်သည်။ မီးရထားလမ်းများ၊ မြို့တွင်းနှင့်ဆက်သွယ်သည့် ကားလမ်းများရှိသည်။