အန်နီ ကောက်စ် ချမ်ဘာစ်

ဝီကီပီးဒီးယား မှ
အန်နီ ကောက်စ် ချမ်ဘာစ်
မွေးသက္ကရာဇ် (1919-12-01)၁ ဒီဇင်ဘာ၊ ၁၉၁၉

အလုပ်အကိုင် Cox Enterprises
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉ ဘီလျံ
မွေးရပ်ဇာတိ ဒေတွန်၊ အိုဟိုင်းယိုး ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

အန်နီ ကောက်စ် ချမ်ဘာစ် သည် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၉၁၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သတင်းစာ၊ တယ်လီ ဗေးရှင်း၊ ရေဒီယို၊ အခကြေးငွေပေးလျှင် ကြေးနန်းဆက်သွယ်ပေးသောတီဗီနှင့် အခြားစီးပွားရေးများစသည့် မီဒီယာကမ္ဘာကိုတည်ထောင်ပြီး Cox Enterprise ဟူသော မီဒီယာလုပ်ငန်းကို ပိုင်ဆိုင်သူဖြစ်သည်။

အန်နီ ကောက်စ် သည် သတင်းစာထုတ်ဝေသူ၊ ၁၉၂၀ ဒီမိုကရက်တစ်ပါတီတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာ အဖြစ် အဆိုပြုခံရသူ James M. Cox နှင့် သူ၏ဒုတိယဇနီး Margaretta Parker Blair တို့၏ သမီးဖြစ်သည်။ သူမသည် ဖခင်၏စိတ်ဝင်စားမှုအတိုင်း Cox Enterprises ကို ပိုင်ဆိုင်ထိန်းသိမ်းခဲ့သည်။ ၃၃ နှစ်ကြာသည်အထိ သူမသည် ၂၀၀၇ ခုနှစ် မေလ ၂၈ နေ့တွင် ကွယ်လွန်ခဲ့သည့် အစ်မဖြစ်သူ Barbara Cox Anthony နှင့်အတူတွဲ၍ လုပ်ငန်းကိုပူးတွဲပိုင်ဆိုင်ခဲ့သည်။ သူမသည် Georgia, Atlanta တွင် နေထိုင်လျက်ရှိသည်။

အစောပိုင်းဘဝများ[ပြင်ဆင်ရန်]

အန်နီ ကောက်စ် ကို James Middleton Cox နှင့် Margaretta Blair တို့မှ အိုဟိုင်းယိုး၊ ဒေတွန်မြို့တွင် ၁၉၁၉ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားပေးခဲ့သည်။ သူမသည် New York ရှိ Finch ကောလိပ်တွင် တက်ရောက်ခဲ့သည်။

၁၉၅၅ တွင် Robert William Chambers နှင့်အိမ်ထောင်ကျပြီး သားသမီးသုံးယောက်ဖြစ်သည့် Margaretta, Katharine နှင့် James တို့ကို မွေးဖွားခဲ့သည်။

အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ[ပြင်ဆင်ရန်]

၁၉၇၄ တွင် သူမတို့၏အစ်ကိုဖြစ်သူ Jim Jr. ခေါ် James M. Cox သေဆုံးသွားသောကြောင့် ချမ်ဘာစ် နှင့် Anthony တို့ညီအစ်မနှစ်ယောက်သည် ဖခင်ဆီမှ Jim Jr. အမွေဆက်ခံခဲ့သော မိသားစုကုမ္ပဏီကို ဆက်လက်ထိန်းသိမ်းခဲ့သည်။

ထိုနှစ်အတွင်း၌ပင် ချမ်ဘာစ် သည် Atlanta သတင်းစာ၏ဥက္ကဋ္ဌဖြစ်လာသည်။ Anthony က Dayton သတင်းစာ၏ဥက္ကဋ္ဌဖြစ်လာပြီး သူမ၏ခင်ပွန်း Garner Anthony က Cox Enterprise ၏ စီမံရေးရာဦးစီးသူဖြစ်လာခဲ့သည်။ ၁၉၈၈ တွင် Anthony ၏ သား James Cox Kennedy က သူ၏ဖခင်ကို ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်နေရာ တွင် အစားထိုးခဲ့သည်။ ချမ်ဘာစ် ကတော့ ကုမ္ပဏီ၏နေ့စဉ်လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အနီးကပ်အကြံပေးသူ အဖြစ်သာ ဆက်လက်တည်ရှိခဲ့သည်။

စီးပွားရေးနှင့်နိုင်ငံရေးတွင် တက်ကြွစွာလှုပ်ရှားသောကြောင့် U.S. သမ္မတ ဂျင်မီကာတာ က Chambers အား Belgium နိုင်ငံအတွက် သံအမတ်အဖြစ်ခန့်အပ်ခဲ့ပြီး ထိုရာထူးသည် ၁၉၇၇ မှ ၁၉၈၁ ခုနှစ်ထိ တည်မြဲခဲ့သည်။ သူမသည် ၁၉၈၀ ခုနှစ်များတွင် Coca-Cola ကုမ္ပဏီဘုတ်အဖွဲ့၏ဒါရိုက်တာဖြစ်ခဲ့ပြီး Atlanta ရှိ Fulton National Bank ၏ ပထမဆုံးသောအမျိုးသမီး ဘဏ်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သည်။

သူမသည် Atlanta ကုန်သွယ်ကြီးများအသင်းဘုတ်အဖွဲ့တွင် ရာထူးခန့်အပ်ခံရသော ပထမဆုံး မိန်းမဖြစ်သည်။ အန်နီ ကောက်စ် ချမ်ဘာစ် သည် Atlanta သတင်းစာ၏အုပ်ချုပ်ရေးပိုင်းကို ထိန်းချုပ်ပြီး United States နိုင်ငံတွင် အကျယ်ပြန့်အကြီးမားဆုံး မီဒီယာကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော Cox Enterprises ၏ ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့သည်။

ထိုမီဒီယာလုပ်ငန်းသည် နိုင်ငံ၏အကြီးကျယ်ဆုံးဖြစ်သော Cox Communications ဟူသည့် အင်တာနက်နှင့် ဖုန်းများကို စီစဉ်ပေးသော အခပေးကြေးနန်း ဆက်သွယ်တီဗီလုပ်ငန်း၊ The Atlanta Journal-Constitution နှင့် The Palm Beach Post ကဲ့သို့သတင်းများကိုထုတ်လုပ်ခြင်း၊ တယ်လီဗေးရှင်းနှင့်အသံလွှင့်ရုံများကို ပိုင်ဆိုင်လုပ်ကိုင်ပြီး Manheim အမည်ရှိ မော်တော်ကား လေလံလုပ်ငန်းကိုလည်း ပိုင်ဆိုင်သေးသည်။

သူမသည် ကမ္ဘာပေါ်တွင်အကြီးဆုံးဖြစ်သည့် Autotrader ကဲ့သို့သော မော်တော်ကားများ လက်လီဝယ်ယူနိုင် သည့် ဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုကိုလည်း ပိုင်ဆိုင်သည်။ သံအမတ်၏တူဖြစ်သူ James Kennedy သည် Cox Enterprises ၏ အမှုဆောင်အရာရှိချုပ်ဖြစ်၏။

၂၀၀၄ ခုနှစ်တွင် Cox Enterprises သည် အခပေးကြေးနန်းဆက်သွယ်ရေးတီဗီလုပ်ငန်းတွင် အမှန်တကယ် မပိုင်ဆိုင်ရသေးဘဲ ပုဂ္ဂလိကပိုင်ပြုလုပ်ရန်ကြိုးစားထားသည့်အပိုင်းတွင် ဒေါ်လာ ၇.၉ ဘီလီယံခန့် အကြွေးတင် လျက်ရှိသည်ဟု ကြေညာသည်။

Cox Enterprises မှ အရေအတွက် ၆.၃ မီလီယံခန့် ကေဘယ်များကို လစဉ်ကြေးပေး၍ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုကို အိမ်ခြေပေါင်း ၂ မီလီယံခန့်နှင့် တယ်လီဖုန်း ဝန်ဆောင်မှုကို အိမ်ပေါင်း ၁.၁ မီလီယံသို့ အထောက်အပံ့ပေးစီစဉ်ခဲ့သည်။

ပရဟိတအလုပ်များ[ပြင်ဆင်ရန်]

သူမသည် အနုပညာနှင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် ယဉ်ကျေးမှုဆိုင်ရာ၊ ပညာရေးဆိုင်ရာ လူမှုရေးလုပ်ငန်းများအတွက် ရက်ရောလှသည့်ထောက်ခံအားပေးသူဖြစ်ပြီး သူမ၏ ကြိုးစားအားထုတ်မှုများ၊ ပရဟိတလုပ်ငန်းများအတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့်ဆုများစွာကို ရရှိထားသူဖြစ်သည်။

သူမသည် Atlanta ရုက္ခဗေဒပန်းခြံ၊ Atlanta သမိုင်းအဖွဲ့အစည်းနှင့် Woodruff အနုပညာစင်တာ အပြင် Metropolitan အနုပညာပြတိုက်၊ Pasteur ဖောင်ဒေးရှင်း၊ New York ရှိ Whitney ပြတိုက်တို့တွင် ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ်ထဲတွင် သူမသည် ဒီမိုကရက်တစ်သမား ဘာရတ်အိုဘားမား ၏ Georgia တွင်လုပ်သော နိုင်ငံရေးဟောပြောပွဲများကို အသည်းအသန် အထောက်အပံ့ပေးခဲ့သည်ဟု ဖော်ပြခံရသည်။

High Museum of Art[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် သူမအထောက်အပံ့ပေးခဲ့သော High Museum Of Art ပြတိုက်ကိစ္စသည် သူမဘဝ တစ်လျှောက်လုံးတွင် အကျယ်ပြန့်ဆုံးဖြစ်ခဲ့သည်။ “Forward Arts Foundation” အမည်ရှိသော ပြတိုက်အတွက် ရန်ပုံငွေစုစည်းသည့်အဖွဲ့ကို ထူထောင်ခြင်းဖြင့် High Museum Art နှင့် ၁၉၆၅ ခုနှစ်တွင် စတင်အလုပ်လုပ်ခဲ့သည်။

၁၉၈၀ အစောပိုင်းနှစ်များတွင် Chambers သည် ပြတိုက်၏ Richard Meier ကိုတည်ဆောက်ရန် အတွက် ရန်ပုံငွေစုစည်းသည့်အဖွဲ့တွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၂၀၀၆ အောက်တိုဘာလတွင် High ပြတိုက်သည် ပြင်သစ် ပဲရစ်မြို့ရှိ Louvre ပြတိုက်နှင့် ပူးပေါင်းသွားပြီး Chambers နှင့်စပ်တူလုပ်ကာ “Louvre Atlanta” အမည်ရှိ ပြပွဲတစ်ခုကို ဖွင့်လှစ်ခဲ့ သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

သူမသည် Louis G. Johnson နှင့်လက်ထပ်ပြီး Katharine Ann (ပထမအိမ်ထောင် Jesse Kornbluth၊ ဒုတိယအိမ်ထောင် William P. Rayner) နှင့် Margaretta ( ပထမအိမ်ထောင် James F. Granite၊ ဒုတိယ အိမ်ထောင် ဒေါက်တာAlexander နှင့် တတိယအိမ်ထောင် Taylor Michael Rich) တို့ကိုမွေးခဲ့သည်။

သူတို့အိမ်ထောင်ရေးသည် ကွာရှင်းခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် Robert Willam Chambers နှင့်လက်ထပ်ခဲ့ပြီး သရုပ်ဆောင်၊ အကသမား၊ ကကွက်တီထွင် သူ James Cox Chambers အမည်ရှိ သားတစ်ယောက်ထွန်းကားခဲ့သည်။

သူမ၏ပိုင်ဆိုင်မှုများမှာ Cox Enterprise တွင်ထည့်ထားသော ရင်းနှီးမြှုပ်နှံမှုများကို အခြေခံ၍ ၂၀၀၉ ခုနှစ်အတွင်း ဒေါ်လာ ၉ ဘီလျံပိုင်သည်ဟု ခန့်မှန်းနိုင်သည်။