အနောက်တစ်ဝက်အပြန့်သရ

ဝီကီပီးဒီးယား မှ
mid back unrounded vowel
ɤ̞
ʌ̝
IPA Number315 430
Encoding
Entity (decimal)ɤ​̞
Unicode (hex)U+0264 U+031E

အနောက်တစ်ဝက်အပြန့်သရ (အင်္ဂလိပ်: mid back unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို သတ်မှတ်ထားခြင်းမရှိပေ။ တစ်ဝက်ပိတ် [ɤ] နှင့် တစ်ဝက်ဖွင့် [ʌ] ကြားတွင်ရှိကာ ဤသုံးခုစလုံးကို ခွဲခြားထွက်ဆိုသော ဘာသာစကား မရှိဟု သိရသည်။ ထို့ကြောင့် ပုံမှန်အနေဖြင့် ⟨ɤ⟩ ကို သုံးစွဲလေ့ရှိသည်။ တိကျမှုကိုအလိုရှိပါက ဖြည့်စွက်သင်္ကေတများသုံး၍ ⟨ɤ̞⟩ (သို့) ⟨ʌ̝⟩ အဖြစ်ရေးသားနိုင်သည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • သရ၏ အမြင့်မှာ တစ်ဝက်ပိတ်သရနှင့် တစ်ဝက်ဖွင့်သရကြား တစ်ဝက်နေရာတွင်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]