၂၉ ဇွန်

ဝီကီပီးဒီးယား မှ

ဇွန်လ၊ (၂၉)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၈၀)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၈၁)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၁၈၅) ရက် ကျန်သေးသည်။

ဖြစ်စဉ်များ[ပြင်ဆင်ရန်]

  • ၁၉၅၈ ခုနှစ် ၊ ဇွန်လ ၂၉ ရက်နေ့ နံနက် ၈ နာရီတွင် ပထမဆုံးဆေးရောင်စုံ မြန်မာရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့၌ အထူးပွဲအဖြစ် သတင်းစာဆရာများအား ဖိတ်ကြားကာ ပြသခဲ့ကြောင်း နောက်တစ်နေ့ထုတ် ဟံသာဝတီသတင်းစာတွင် သတင်းဖော်ပြပါရှိသည်။ ယင်းဇာတ်ကားမှာ ရန်ကုန်ရုပ်ရှင် ဒါရိုက်တာရွှေဘော် ရိုက်ကူးသော ချစ်ခဲ့တာအမှန်ပါပဲ ဇာတ်ကားဖြစ်သည်။ “ချစ်ခဲ့တာအမှန်ပါပဲ” ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်ရုပ်ရှင်မှ စီမံအုပ်ချုပ်သူ ဦးမြဟန်နှင့် ညီအစ်ကိုတစ်စုက ဘုံဘေမြို့သို့သွားရောက် ရိုက်ကူးခဲ့ပြီး ကြည်ကြည်ဌေးမြင့်အောင်ဖိုးပါကြီးတို့ ဦးဆောင်ပါဝင်ကြကာ ဇူလိုင်လ ၄ ရက်နေ့တွင် အများပြည်သူ ကြည့်ရှုနိုင်စေရန် စတင်ရုံတင်ပြခဲ့သည်။

မွေးဖွားသူများ[ပြင်ဆင်ရန်]

ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ပွဲတော်ရက်များ[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]