အဿဝဏီနက္ခတ်

ဝီကီပီးဒီးယား မှ

အဿဝဏီနက္ခတ် (အင်္ဂလိပ်: Ashvini , ဟင်ဒီ: अश्विनी aśvinī ) မှာ နက္ခတ် ၂၇ လုံး တွင် ပထမဆုံး နက္ခတ်ဖြစ်သည်။ အိန္ဒိယ နက္ခတ်ပညာမှ ဆင်းသက်လာသည်။ မြင်းခေါင်းသဏ္ဌာန် ခြောက်လုံးရှိ၍ တူရာသီ စန်းယှဉ်နက္ခတ် ဖြစ်သည်။ ဤနက္ခတ်သည် ကျီးတာရာနှင့် ယှဉ်၍ သွား၏။ [၁] အံသာစီးမှာ အစ ၃၅၀၊ အဆုံး ၈၊ အန္တရအံသာ ၁၈၊ အန္တရဗီဇနာ ၁၈၀ ဖြစ်သည်။

အနောက်တိုင်း နက္ခတ္တဗေဒ အရဆိုလျှင် Aries ရာသီခွင် 23°46 မှ Taurus ရာသီခွင် 7°06' ကြားရှိပြီး Alpha Arietis (Hamal) ကြယ်၊ Beta Arietis ကြယ်နှင့် နှင့် Gamma Arietis ကြယ်များပါဝင်သည်။ [၂]

Ashvini nakshatra

ကိုးကား[ပြင်ဆင်ရန်]