အဲရီးဇ်

ဝီကီပီးဒီးယား မှ
အဲရီးဇ်

အဲရီးဇ် (အင်္ဂလိပ်: Ares) /ˈɛərz/ (Ancient Greek: Ἄρης [árɛːs], literally meaning "battle") ရှေးဂရိဒဏ္ဍာရီမှ စစ်နတ်ဘုရား ဖြစ်သည်။ အိုလံပတ်တောင်တွင်စံမြန်းသော နတ်ဘုရား ဆယ့်နှစ်ပါး အနက် တစ်ပါးအပါအဝင် ဖြစ်ပြီး ဇုစ် (Zeus) မိုးကြိုးနတ်ဘုရား နှင့် ဟီရာ (Hera) တို့ ၏ သားတော် တစ်ပါးလည်းဖြစ်သည်။[၁] စစ်ရေး အတိုက်အခိုက်တွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သွေးထွက်သံယိုမှုကို လို လားကာ ကြမ်းကြုတ် ရက်စက်သည့် စိတ်ဓာတ်ရှိသည်။ ဂရိတို့က အရီးရှ် (Ἄρης) ဟုခေါ်ဝေါ်သော်လည်း ရောမဘာသာစကားဖြင့်မူ မားစ်(Mars)နတ်မင်းဟု သတ်မှတ်သည်။ ရောမလူမျိုးတို့က မားစ် တစ်နည်း အဲရီးဇ်အား ရောမမြို့တော်ကို တည်ထောင်သူ ရိုမျူလပ်၏ ခမည်းတော် ဖြစ်သည်ဟုယူဆကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hesiod, Theogony 921 (Loeb Classical Library numbering); Iliad, 5.890–896. By contrast, Ares's Roman counterpart Mars was born from Juno alone, according to Ovid (Fasti 5.229–260).