အလင်္ကာကျော်စွာဘွဲ့

ဝီကီပီးဒီးယား မှ
(အလင်္ကာကျော်စွာ မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာဘွဲ့
အလင်္ကာကျော်စွာ ပန်းချီ ဦးစောမောင် ရရှိခဲ့သည့် ဘွဲ့တံဆိပ်ပုံ
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]

အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။[၂][၃]

ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။[၂]

အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူများ[ပြင်ဆင်ရန်]

စဉ် အမည် ရရှိသည့်နှစ် ဓာတ်ပုံ အမိန့်ကြေညာစာအမှတ်/ရက်စွဲ မှတ်ချက်
ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) ၁၉၅၀ ၁၈၇၆-၁၉၆၄ အမှတ်(၇) ၄.၁.၁၉၅၀
ဆိုင်းဆရာဦးဟန်ပ ၁၉၅၃ မြန်မာ ၁၂၅ဝ-၁၃၂၈ အမှတ်(၃) ၄.၁.၁၉၅၃
စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး) ၁၉၅၃ - အမှတ်(၃) ၄.၁.၁၉၅၃
ပတ္တလား ဆရာဘကလေး(မန္တလေး) ၁၉၅၃ မြန်မာ ၁၂၄ဝ-၁၃၂၂ အမှတ်(၃) ၄.၁.၁၉၅၃
ဒေါ်စောမြဧကြည် ၁၉၅၃ ၁၈၉၂-၁၉၆၈ အမှတ်(၃) ၄.၁.၁၉၅၃
ပန်းချီဆရာကြီးဦးငွေကိုင် ၁၉၅၃ ၁၉၁၀-၁၉၆၇ အမှတ်(၃) ၄.၁.၁၉၅၃
မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင် ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃
ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင် ၁၉၅၃ ? -၁၉၇၆ အမှတ်(၃) ၄.၁.၁၉၅၃
ဆိုင်းဆရာ ဦးဘမောင် ၁၉၅၅ - အမှတ်(၁) ၄.၁.၁၉၅၅
၁၀ သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး) ၁၉၅၅ အမှတ်(၁) ၄.၁.၁၉၅၅
၁၁ စောင်းဦးဘသန်း ၁၉၅၅ ၁၉၀၈ - ၁၉၈၇ အမှတ်(၁) ၄.၁.၁၉၅၅
၁၂ ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း ၁၉၅၅ ၁၉၀၂-၁၉၅၂ အမှတ်(၁) ၄.၁.၁၉၅၅ (ကွယ်လွန်ပြီးမှ ရရှိ)
၁၃ သီချင်းရေးဆရာမြို့မငြိမ်း ၁၉၅၆ ၁၉၀၉-၁၉၅၅ အမှတ်(၂) ၄.၁.၁၉၅၆ (ကွယ်လွန်ပြီးမှ ရရှိ)
၁၄ ဇာတ်ပွဲ စာရေးဆရာဦးစံခို ၁၉၅၈ ၁၈၇၉ - ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈
၁၅ ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင် ၁၉၅၈ ၁၉၀၈-၂၀၀၀ အမှတ်(၂) ၄.၁.၁၉၅၈
၁၆ ပန်းချီဆရာကြီးဦးစောမောင် ၁၉၅၈ ၁၉၀၀ - ၁၉၆၉ အမှတ်(၂) ၄.၁.၁၉၅၈
၁၇ နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ ၁၉၅၈ ? -၁၉၇၄ အမှတ်(၂) ၄.၁.၁၉၅၈
၁၈ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ ၁၉၅၈ ၁၉၁၀-၂၀၀၅ အမှတ်(၂) ၄.၁.၁၉၅၈
၁၉ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ ၁၉၅၈ ၁၉ဝ၃-၁၉၆၈ အမှတ်(၂) ၄.၁.၁၉၅၈
၂၀ ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) ၁၉၅၈ ၁၉၁၀-၁၉၈၅ အမှတ်(၂) ၄.၁.၁၉၅၈
၂၁ ဒါရိုက်တာ ပန်းချီစိုးမိုး ၂၀၁၆ အမှတ် (၂/၂၀၁၆) ၄.၁.၂၀၁၆
၂၂ ဒါရိုက်တာ စင်​ရော်​မောင်​မောင်
၂၃ ဂီတစာဆို ဟင်္သာတမြင့်ငွေ
၂၄ ဆိုင်းဆရာကြီး စိန်စတင်း ၂၀၂၀ အမှတ် (၂/၂၀၂၀) ၄.၁.၂၀၂၀ (ကွယ်လွန်ပြီးမှ ရရှိ)[၄]
၂၅ စွယ်စုံရအနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင် ၂၀၂၂ အမှတ် (၂၆/၂၀၂၂) ၂၇.၃.၂၀၂၂[၅] (ကွယ်လွန်ပြီးမှ ရရှိ)
၂၆ စာ​ရေးဆရာအယ်ဒီတာချုပ် ဦး​ကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)
၂၇ ဒါရိုက်တာ ကြည်စိုးထွန်း
၂၈ စာ​ရေးဆရာ ဦး​လေးမြိုင် (​လေးမြိုင်)
၂၉ စာ​ရေး​ဆရာ ​ဒေါက်တာခင်​မောင်ညွန့်
၃၀ စာ​ရေးဆရာ ​ဒေါက်တာ​သော်​ကောင်း
၃၁ စာ​ရေးဆရာ ​ဒေါက်တာခင်​အေး ​(မောင်ခင်မင် (ဓနုဖြူ))
၃၂ စာ​ရေးဆရာ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)
၃၃ စာ​ရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)
၃၄ စာ​ရေးဆရာ ဦးခင်​မောင်စိုး (​မောင်ပေါ်ထွန်း)
၃၅ စာ​ရေးဆရာ ဦးကို​လေး (ကို​လေး - အင်းဝဂုဏ်ရည်)
၃၆ စာ​ရေးဆရာ ဦးတင်ခ (တက္ကသိုလ်တင်ခ)
၃၇ စာ​ရေးဆရာ ဦး​ကျောက်​ဆောက်သာနိုး (​မောင်သာနိုး)
၃၈ စာ​ရေးဆရာ ဦးသန်းထွန်း (သိန်းသန်းထွန်း)
၃၉ စာ​ရေးဆရာ ဦးမြင့်လွင် (ဖိုးကျော့)
၄၀ စာ​ရေးဆရာ ဦးထွန်းရီ (ထွန်းရီ - ​ရှေး​ဟောင်းသု​တေသီ)
၄၁ စာ​ရေးဆရာ ဦးတင်​မောင်မြင့်
၄၂ စာ​ရေးဆရာ ဦးထွန်း​အောင်ချိန်
၄၃ စာ​ရေးဆရာ ​​မောင်​မောင်လတ် (​နောင်)
၄၄ စာ​ရေးဆရာ ဦးစိန်လှိုင် (သူရ​ဇော်)
၄၅ စာ​ရေးဆရာ ​ဒေါ်ချိုချိုတင် (မစန္ဒာ)
၄၆ သရုပ်​ဆောင် ညွန့်ဝင်း
၄၇ ဂီတပညာရှင် ဂီတလုလင် မောင်ကိုကို
၄၈ စွယ်စုံရအနုပညာရှင် ဝင်းဦး (ကွယ်လွန်ပြီးမှ ရရှိ)
၄၉ သရုပ်​ဆောင် ​ကောလိပ်ဂျင်နေဝင်း (ကွယ်လွန်ပြီးမှ ရရှိ)
၅၀ ဂီတစာဆို နန်း​တော်​ရှေ့ဆရာတင် ၂၀၂၂ အမှတ် (၆၃/၂၀၂၂) ၁၇.၄.၂၀၂၂
၅၁ ဂီတစာဆို ​ရွှေတိုင်ညွန့်
၅၂ ဇတ်သဘင်ပညာရှင် ​ရွှေနန်းတင်
၅၃ ​အဆိုပညာရှင် တွံ​တေးသိန်းတန်
၅၄ ဂီတပညာရှင် စန္ဒရား ချစ်​ဆွေ
၅၅ ဂီတပညာရှင် စန္ဒရား လှထွတ်
၅၆ အဆိုပညာရှင် သု​မောင်
၅၇ ဆိုင်းပညာရှင် စိန်ဗိုလ်တင့်
၅၈ ဒါရိုက်တာ ဦးသာဓု ၂၀၂၂ အမှတ် (၂၁၁/၂၀၂၂) ၁၇.၁၁.၂၀၂၂
၅၉ စာ​ရေးဆရာမ ​ဒေါ်နုယဉ် (နုယဉ်)
၆၀ စာ​ရေးဆရာ ဦးဝင်း​မောင် (မင်းယု​ဝေ)
၆၁ စာ​ရေးဆရာ ဦးမျိုးသန့် (​မောင်ဆုရှင်)
၆၂ စာ​ရေးဆရာ ဦးတင်​မောင် (သိပ္ပံမှူးတင်)
၆၃ စာ​ရေးဆရာ ဦး​အောင်သင်း (​​အောင်သင်း)
၆၄ စာ​ရေးဆရာမ ​ဒေါက်တာတင်တင်ဝင်း (​ဒေါက်တာမတင်ဝင်း-ပညာ​ရေးတက္ကသိုလ်)

ဆက်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
  2. ၂.၀ ၂.၁ ပွဲဆူခဲ့တဲ့ စစ်ကောင်စီ ရဲ့ ဘွဲ့၊တံဆိပ်အပ်နှင်းပွဲ
  3. အမျိုးသားအောင်ပွဲနေ့တွင် မဟာသရေစည်သူဘွဲ့ တစ်ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦးနှင့် ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး ချီးမြှင့်အပ်နှင်း
  4. ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတဲ့ ဆိုင်းဆရာကြီးစိန်စတင်း
  5. မတ်လ ၂၇ ရက် တပ်မတော်နေ့တွင်  နစက အစိုးရက နယ်ပယ်စုံမှ အနုပညာရှင် ၇၃ ဦးကို အလင်္ကာကျော်စွာဘွဲ့ နှင့် လူမှုထူးချွန်ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး နာမည်​ကျော် အနုပညာရှင်များ ပါဝင်