အစ္စလာမ်ဘာသာ၏ အုတ်မြစ်များ

ဝီကီပီးဒီးယား မှ

အစ္စလာမ် ၏အုတ်မြစ်များ ဆိုသည်မှာ အစ္စလာမ် ၏အခြေခံများ ကျင့်ဆောင်မှုများကိုဆိုလိုခြင်းဖြစ်သည်။

ရှီအာ များ[ပြင်ဆင်ရန်]

ရှီအာ များသည် အစ္စလာမ် ၏အုတ်မြစ်များကို အိုဆူလေဒီးန် နှင့် ဖှရူအေဒီးန် နှစ်ခုပေါ်တွင်အခြေခံပြီးယုံ ကြည်ထားသည်။ အိုဆူလ် သည်ယုံကြည်ချက်ပိုင်းဆိုင်ရာဖြစ်ပြီး ဖှရူအ် သည် ဝါဂျိဘ် ဆိုင်ရာကျင့်ဆောင်မှု များဖြစ်သည်။ အိုဆူလ် ကိုယုံကြည်ရမည်မှာ သာသနာကိုလက်ခံခြင်း နှင့်ပတ်သက်၍သတ်မှတ်ချက်ဖြစ်ပြီး ဖှရူအ် ကိုကျင့်ဆောင်ခြင်းသည်ကား မွတ်စလင်မ် ဖြစ်ခြင်းမဖြစ်ခြင်းအတွက်သတ်မှတ်ချက်မဟုတ်ပါ။ ရှီအာ မဇ်ဟဘ် ၏အိုဆူလ် မှာအောက်ပါအတိုင်းဖြစ်သည်။ :[၁][၂]

  • *သောင်ဟီးဒ် - အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းတည်ရှိခြင်း
  • *နဗူဝသ် - တမန်တော်မိုဟမ္မဒ်(ဆွ) နှင့်တမန်တော်အပေါင်းအားစေလွှတ်ခြင်း
  • *မအားဒ် - လူသားအပေါင်းတစ်နေ့ပြန်လည်ရှင်သန်ထကြွရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်းခံရမည် လူ သားတိုင်းမိမိတို့နှင့်ထိုက်တန်သည့်ရလဒ်ကိုရရှိမည့်နေ့ဖြစ်သည်။
  • *အဒ်လ် - အလ္လာဟ် အရှင်မြတ်၏ လုပ်ရပ်တိုင်းသည်သင့်တင့်မျှတမှုရှိပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ရက်စက်ခြင်းအလျင်းမရှိ၊အရာရာတိုင်းကိုထိုက်တန်သည့်နေရာတွင်ထားရှိပြီး တည်ရှိမှုတိုင်းအားအကောင်း ဆုံးအနေအထားဖြင့်စီရင်ကွပ်ကဲတော်မူ၏။.
  • *အေမာမသ် - တမန်တော်မြတ်ကြီး(ဆွ) ပြီးနောက် ၁၂ ပါးသောအေမာမ်မေမာအ်စူမ်(အစ) များသည် အေ မာမသ် နှင့် ခေလာဖှသ် ကိုဆက်ခံသူများဖြစ်ကြသည် ၊ ထိုအေမာမ် များသည် အလ္လာဟ် အရှင်မြတ်ဘက်မှ ခန့်အပ်သူများဖြစ်ကြသည်။.

ဖှရူအေဒီးန် မှာ ဝါဂျိဘ် မလုပ်မနေရ အမလ် (အရေးကြီးသည့်ကျင့်ဆောင်မှုများ) အနေနှင့် ၁၀ ခုရှိသည်။:[၃]

  • နမါးဇ်
  • ရိုဇာ
  • ဟဂျ်
  • ဇကားသ်
  • ခွမ်စ်
  • ဂျေဟားဒ်
  • အမ်ရ်ဘေမာအ်ရူးဖှ် နဟီအဇ်မွန်ကရ် (ကောင်းသောဘက်သို့ဖိတ်ခေါ်ခြင်း နှင့်မကောင်းသည့်အရာ များမှတားမြစ်ခြင်း
  • သဝလ္လာ သဗ္ဗရာ (အရှင်မြတ်အတွက်ချစ်ခြင်း နှင့်အရှင်မြတ်အတွက်မုန်းခြင်း)[၄]

အဲဟ်လေစွန်နသ် ၏သာသနာ့အုတ်မြစ် ~[ပြင်ဆင်ရန်]

အဲဟ်လေစွန်နသ် ၏သာသနာ့အုတ်မြစ်သည်အောက်ဖော်ပြပါ ငါးခုတွင်သတ်မှတ်ယုံကြည်ထားသည်။ မွတ် စလင်မ် တိုင်း၎င်းတို့အားကျင့်ကြံရမည်မှာ ဝါဂျိဘ် ဖြစ်သည်။:[၅][၆]

  • -ရှဟာဒသ်သိုင်းန် ….…. နှစ်ခုသောအရာကိုသက်သေပေးခြင်း တစ်ပါးတည်းအရှင်ကို သက်သေပေးခြင်း (لااله الا الله) နှင့် တမန်တော်မြတ်ကြီး (ဆွ) သည် အလ္လာဟ် ၏ နဗီ ဖြစ်ကြောင်းကိုသက်သေပေးခြင်း (محمد رسول الله)
  • -နမါးဇ်
  • -ရိုဇာ
  • -ဇကားသ်
  • -ဟဂျ်

အစ္စမာအီလီ များ၏သာသနာ့အုတ်မြစ် ~[ပြင်ဆင်ရန်]

အစ္စမာအီလီ များသည်အောက်ဖော်ပြပါ ၇ ခုကိုသာသနာ့အခြေခံအုတ်မြစ်အဖြစ်ယုံကြည်ကြသည်။:[၇]

  • -အီမါန်
  • -သွဟာရသ်
  • -နမါးဇ်
  • -ဇကားသ်
  • -ရိုဇာ
  • -ဟဂျ်
  • -ဂျေဟားဒ်

ဆက်နွယ်သောအကြောင်းအရာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Joanne Richter, (2006), Iran the Culture, p.7۰
  2. بشیر رحیم، مقدمه‌ای بر اسلام [၁] پروژه کتابخانه اسلامی اهل البیت
  3. Iran the Culture By Joanne Richter, page 7
  4. «The Fundamental Beliefs of Muslims» Archived 22 April 2017 at the Wayback Machine.
  5. Hooker, Richard (July 14, 1999). «arkan ad-din the five pillars of religion». United States: Washington State University.
  6. "Religions". The World Factbook. United States: Central Intelligence Agency. 2010. Retrieved 201۰-۰8-2۵
  7. Jimmy R. Davis - 2007, The Shia Imami Ismaili Muslims: A Short Introduction, page 1۶