အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

ဝီကီပီးဒီးယား မှ
အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ
နာယကဦးဝင်းမြင့်
တည်ထောင်ခြင်း၁ ဇွန် ၂၀၁၀ (၂၀၁၀-၀၆-၀၁)
ဖျက်သိမ်းခြင်း၂၄ မတ် ၂၀၂၃
ဌာနချုပ်ညောင်ရွှေမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေး သဘောတရားအင်းသား အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ
အရောင်အစိမ်း
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ
၀ / ၁၄၇
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (အင်္ဂလိပ်: Inn National Development Party, INDP) သည် မြန်မာနိုင်ငံရှမ်းပြည်နယ်ညောင်ရွှေမြို့အခြေစိုက် အင်းသားနိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။၂၀၁၀ခုနှစ် ဇွန်လ ၁ရက်နေ့တွင် နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်ကာ တရားဝင်ရပ်တည်ခဲ့ပြီး ၂၀၂၃ခုနှစ် မတ်လ၂၄ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပါတီကို ၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်တွင် တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် တည်ထောင်ခွင့် ခွင့်ပြုချက်ရရှိခဲ့သည်။[၂] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းပြည်နယ် လွှတ်တော်တွင်လည်း ညောင်ရွှေမြို့နယ်မှ နှစ်နေရာ အနိုင်ရရှိခဲ့သလို တိုင်းရေးသားရေးရာဝန်ကြီးနေရာ ရရှိခဲ့သည်။[၃][၄] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အရွေးချယ်မခံရပေ။

ပါတီဖျက်သိမ်းခြင်း[ပြင်ဆင်ရန်]

၂၀၂၃ခုနှစ် မတ်လ ၂၁ ရက်တွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတင်ပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ခုနှစ် မတ် ၂၄ရက်တွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းMinistry of Information(Myanmar) (၂၅မတ်၂၀၂၃)။ ၂၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၅၇)
  3. Election Parties Archived 17 November 2015 at the Wayback Machine. Myanmar Times, 2 September 2015
  4. Republic of the Union of Burma Legislative election of 7 November 2010 Adam Carr