အင်စတာဂရမ်

ဝီကီပီးဒီးယား မှ
Instagram

မူလရေးသူ(များ)Kevin Systrom, Mike Krieger (Burbn, Inc.)
ဆော့ဖ်ဝဲလ်ရေးသူ(များ)Facebook
ပထမဆုံး ဖြန့်ချိခြင်းအောက်တိုဘာ ၆၊ ၂၀၁၀; ၁၃ နှစ် အကြာက (၂၀၁၀-၁၀-06)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
iOS, Android, Windows
ဆိုဒ်~109.7 MB (iOS)
~36.79 MB (Android)
ရရှိနိုင်သော ဘာသာစကား36 languages (Android), 29 languages (iOS) [၁]
လိုင်စင်Freeware
Alexa rankDecrease 24 (Global, October 2019)[၂]
ဝက်ဘ်ဆိုဒ်Instagram.com

အင်စတာဂရမ် (အိုင်ဂျီ IG ဟုလည်း သိကြသည်။[၃]) သည် ဖေ့ဘွတ်မှ ပိုင်ဆိုင်သည့် ရုပ်ပုံနှင့် ဗီဒီယိုများ မျှဝေသည့် ကွန်ယက်ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းကို Kevin Systrom နှင့် Mike Krieger တို့သည် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင် iOS တစ်ခုတည်း၌သာ စတင်ခဲ့သည်။ အန်ဒရွိုက်အတွက်ကိုမူ နှစ်ဝက်ခန့်ကြာမြင့်ပြီးသည့် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေခဲ့ သည်။ ထို့နောက်တွင် feature – limited ဝဘ်ဆိုက်တစ်ခုကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် ဝင်းဒိုး 10 မိုဘိုင်းနှင့် ဝင်းဒိုး 10 တို့အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလနှင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အသီးသီး ထုတ်လုပ်ခဲ့သည်။ အင်စတာဂရမ်တွင် အသုံးပြုသူအား ရုပ်ပုံများနှင့် ဗီဒီယိုများကို upload တင်ခြင်းကို ခွင့်ပြုထားသည်။ ထိုတင်မည့် ရုပ်ပုံနှင့် ဗီဒီယိုများကို filter အသုံးပြုကာ ပြင်ဆင်ခြင်း၊ tag ဖြင့် ထိန်းသိမ်းစုစည်းခြင်း နှင့် တည်နေရာ အချက်အလက်များ ပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။

၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် iOS အတွက် အင်စတာဂရမ် app ကို App Store မှ တရားဝင်ထုတ်ဝေခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အင်စတာဂရမ် သည် အန်းဒရွိုက်အတွက် ထုတ်ဝေခဲ့သည်။ ထိုအပ်ပလီကေးရှင်းအား တစ်ရက်တည်းတွင်ပင် ဒေါင်းလုပ်ပြုလုပ်မှုအရေအတွက်သည် တစ်သန်းကျော် ရှိခဲ့သည်။

၂၀၁၂ ခုနှစ်၊ မတ်လတွင် ဝေါစထရိ (Wall Street) ဂျာနယ်သည် အင်စတရာဂရမ်၏ ငွေကြေးသည် ဒေါ်လာသန်း ၅၀၀ အထိ မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။[၄]

ထိုလတွင်ပင် အင်စတာဂရမ်အား ဖေ့ဘွတ်သည့် ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. How do I change my language settings?။ Instagram။ December 6, 2018 တွင် ပြန်စစ်ပြီး။
  2. Alexa - Instagram Competitive Analysis, Marketing Mix and Traffic။ 10 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2019 တွင် ပြန်စစ်ပြီး။
  3. "Do YOU know what social media rules you've signed up to? - CBBC Newsround"။ 
  4. Instagram Stories is Now Being Used by 500 Million People Daily။ 2019-04-16 တွင် ပြန်စစ်ပြီး။