သန္ဓေတားဆေး

ဝီကီပီးဒီးယား မှ

ပေါင်းစပ်သန္ဓေတား သောက်ဆေး[ပြင်ဆင်ရန်]

ပေါင်းစပ်သန္ဓေတားသောက်ဆေး[ပြင်ဆင်ရန်]

ပေါင်းစပ်သန္ဓေတားသောက်ဆေးဆိုသည်မှာ ဟော်မုန်းနှစ်မျိုးဖြစ်သော အီစထရိုဂျင်နှင့် ပရိုဂျက်စတင်တို့ ပမာဏအနည်းငယ်စီပါဝင်သော ဆေးလုံးဖြစ်သည်။ ၎င်းဆေးတွင်ပါဝင်သောဟော်မုန်းများသည် အမျိုးသမီး၏ ကိုယ်ခန္ဓာရှိ သဘာဝထုတ်လုပ်မှုနှင့် အတူတူပင်ဖြစ်သည်။

အဓိကအချက်များ[ပြင်ဆင်ရန်]

• တစ်နေ့တစ်လုံးသောက်ရမည်။ အကောင်းဆုံးထိရောက်မှုကို ရရှိစေရန်အတွက် တစ်နေ့တစ်လုံးမှန်မှန်သောက်ရမည်ဖြစ်ပြီး အသစ်ထပ်သောက်ရမည့်ဆေးကပ်ကိုလည်း အချိန်မှီပြန်သောက်ရမည်။

• သွေးဆင်းမှုအပြောင်းအလဲသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အန္တရာယ်မရှိပါ။ ပထမဦးဆုံးသုံးစွဲသူတစ်ဦးအတွက် သုံးစွဲစ လအနည်းငယ်အတွင်း မူမမှန်သွေးဆင်းမှုဖြစ်တတ်သော်လည်း တဖြည်းဖြည်းနှင့် သွေးဆင်းမှုနည်းလာပြီး နောက်ပိုင်းတွင် ပုံမှန်ဖြစ်လာပါလိမ့်မည်။

• ဆေးသောက်ရန်မေ့သွားလျှင် သတိရသည်နှင့်ချက်ချင်းအမြန်ပြန်သောက်ရမည်။ ဆေးသောက်ရန်မေ့ပါက ကိုယ်ဝန်ရနိုင်ပြီး ဘေးထွက်ဆိုကျိုးများပိုမိုဆိုးဝါးပါလိမ့်မည်။

• ပေါင်းစပ်သန္ဓေတားဆေးအား အချိန်မရွေးပေးနိုင်သည်။ အကယ်၍ ကိုယ်ဝန်မရှိကြောင်းမသေချာပါက အမျိုးသမီး ၏နောက်တစ်ခေါက်ရာသီစလာသောနေ့တွင် စတင်ဆေးတိုက်နိုင်သည်။



လုပ်ဆောင်ပုံ[ပြင်ဆင်ရန်]

(COCs) သည် သားဥအိမ်မှ မျိုးဥထုတ်လွှတ်ခြင်းကို ကာကွယ်တားဆီးပေးသည်။ သားဥမရှိလျှင် အမျိုးသမီး သည် ကိုယ်ဝန်မရရှိနိုင်ပေ။ ကိုယ်ဝန်မကပ်စေရန် တစ်နေ့တစ်လုံး မှန်မှန်သောက်ရမည်။

သို့ရာတွင် ပေါင်းစပ်သန္ဓေတားသောက်ဆေးသည် လိင်မှတဆင့်ကူးစက်ရောဂါများကို ကာကွယ်နိုင်ခြင်းမရှိပါ။

ထိရောက်မှု[ပြင်ဆင်ရန်]

ယေဘုယအားဖြင့် (COCs) ကို တစ်နှစ်သုံးစွဲသော အမျိုးသမီးဦးရေ (၁၀ဝ)၌ (၈) ဦးတွင် ကိုယ်ဝန်ရရှိ ကြသည်။ သို့သော် (COCs) ကို နေ့စဉ်မှန်မှန်တိတိကျကျ(မေ့သွားခြင်း မရှိပဲ) သောက်သုံးသော သူ၁၀၀ တွင်မူကိုယ်ဝန်ရရှိနိုင်ခြေမှာ တစ်ယောက်အောက်သာရှိသည်။ ထို့ကြောင့်မှန်ကန်စွာသုံးစွဲလျှင်လွန်စွာထိရောက်၍ မှန်မှန်မသောက်သုံးလျှင် ကိုယ်ဝန်ရရှိနိုင်မှု မှာ ပိုမိုမြင့်မားလေသည်။


ပေါင်းစပ် သန္ဒေတားဆေး ကို အသုံးပြုရန် သင့်တော်သူများ[ပြင်ဆင်ရန်]

• ထိရောက်ပြီး ကလေး ပြန်လည်ရရှိနိုင်သည့် နည်းလမ်းကို နှစ်သက်သည့် အမျိုးသမီးများနှင့် စုံတွဲများ

• ကလေးမမွေးဖူးသော အမျိုးသမီးများ

• ရာသီသွေးများစွာဆင်းသောကြောင့် သွေးအားနည်းရောဂါ ခံစားနေရသော အမျိုးသမီးများ

• ရာသီစက်ဝန်း ပုံမှန်မရှိသော အမျိုးသမီးများ

• သားအိမ်အပြင်ဘက်တွင် သန္ဓေတည်သည့် ရာဇဝင်ရှိဖူးသော အမျိုးသမီးများ

• မိသားစုသားအိမ်ကင်ဆာ ရာဇဝင်ရှိသောသူ သို့မဟုတ်ကုသ၍ရနိုင်သော သားဥအိမ်အတွင်း အရည်အိတ်များဖြစ်ဖူးသည့် အမျိုးသမီးများ

ပေါင်းစပ်သန္ဓေတား သောက်ဆေးကဒ်အသစ်ကို မည်သည့်အချိန်တွင် စတင်သောက်[ပြင်ဆင်ရန်]

အမျိုးသမီးတစ်ဦးသည် ပုံမှန်ရာသီသွေးဆင်းနေပြီး သန္ဓေတားနည်းတမျိုးမျိုးကို သုံးစွဲနေခြင်းမရှိက ပေါင်းစပ်သန္ဓေတားသောက်ဆေးကို အောက်ပါအတိုင်းသုံးစွဲနိုင်သည်။

1. ရာသီသွေးစဆင်းပြီး ၅ ရက်အတွင်း စတင်သောက်သုံးနိုင်သည်။

2. အခြားနေ့များတွင်စသုံးပါက သုံးစွဲနေသည့် ပထမ ၇ ရက်အတွင်း အရန်တားဆက်ခြားနည်းတစ်မျိုးမျိုးကို သုံးသင့်ပါသည်။

3. နောက်လ ရာသီလာသည့်အချိန်တွင်မှစသောက်မည်ဆိုလျှင်- ပေါင်းစပ်သန္ဓေတားသောက်ဆေး စသောက်သည့်အချိန်အထိ အရန်နည်းတစ်မျိုးမျိုးကို သုံးစွဲရပါမည်။


ကျန်းမာရေးရှုထောင့်အရကောင်းကျိုးများ[ပြင်ဆင်ရန်]

လေ့လာချက်များအရ ပေါင်းစပ်သန္ဓေတားဆေးသည် သန္ဓေတားရုံသာမကဘဲ ကျန်းမာရေးအရ သိသာသော အကျိုးကျေးဇူးများကိုပေးနိုင်သည်။ ဤဆေးသည် အောက်ဖော်ပြပါရောဂါများနှင့် မူမမှန်ဖြစ်ခြင်းတို့ကို လျော့နည်းစေသည်။ • သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း

• သားဥအိမ်ကင်ဆာ

• သားအိမ်ကင်ဆာ

• သားဥအိမ်အလုံး

• ကုသ၍ရသော ရင်သားအလုံးအကျိတ်ရောဂါများ

• လစဉ်ရာသီသွေးဆင်းလွန်ခြင်းနှင့် ၎င်းဆက်နွယ်သော သွေးအားနည်းရောဂါ

• လစဉ်ရာသီသွေးဆင်းခြင်းနှင့် ဆက်နွယ်သော ဗိုက်နာ၊ ဗိုက်အောင့် မအီမသာဖြစ်ခြင်း